ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ
လူဖြစ်တုန်းကာလလေး နာမည်ကောင်းနှင့် သမိုင်းတင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ
“ဖေဖေါ်ဝါရီ 13ဟာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား
ဇာတိ နတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား”
ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာဖြင့် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားများ ရှိခဲ့ရင် အသက် ၉၃ နှစ် တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားတဲ့ လူငယ် နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် လွတ်လပ်ရေး ဗိသုကာလို့ မော်ကွန်းတင်ရသလဲဆိုရင် ဗိုလ်ချုပ်ဟာ သူ တက္ကသိုလ်ကျောင်းသားအရွယ်ကစလို့ မြန်မာပြည်လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ရှေ့တန်းကနေ ပါဝင်တွန်းလှန်ခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် အခြေခံမူ ၇ ရပ်ကို ရေးဆွဲခဲ့သလို ဆိုရန်တိုဗီလာအစည်းအဝေးမှာ သူ အကြမ်းရေးခဲ့တဲ့ မြန်မာပြည် စီးပွားရေး ပြန်လည်ထူထောင်ရေး စာတမ်းဟာလဲ ပြည်သူလူထုကြီးနဲ့တကွ အဲဒီခေတ်က ပညာရှင်များက တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဒီစာတမ်းကြောင့်လဲ သူဟာ အနာဂတ် မြန်မာနိုင်ငံအတွက် စီးပွားရေးအခြေခံတွေကို ချမှတ်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ နှောင်းပိုင်းလူတွေသာ မေ့မေ့ပျောက်ပျောက်နဲ့ ဆိုရန်တိုဗီလာစာတမ်းဟာ မှေးမှိန်သွားခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။
ဒီလို လွတ်လပ်ရေးအတွက် ကြိုးပမ်းပုံဖော်ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်းကောင်း၊ အနာဂတ်မြန်မာပြည်အတွက် အခြေခံတွေ ချမှတ်ပေးခဲ့တဲ့အတွက်ကြောင့်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာရယ်လို့ မြန်မာပြည်သူတရပ်လုံးက တခဲနက် မော်ကွန်းတင် ကမ္ဗည်းထိုးခဲ့ကြပါတယ်။ ၄င်း မော်ကွန်းဟာလဲ မြန်မာပြည်ရယ်လို့ ကမ္ဘာ့မြေပုံမှာ ရှိနေသရွေ့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးအကြိုခေတ်က ပေါ်ထွန်းခဲ့တဲ့ နိုင်ငံ့သားကောင်း အာဇာနည်များထဲက တယောက်ဆို တယောက် တခေတ် ထွန်းတောက်ခဲ့သူပါ။
ဒီလို လွတ်လပ်ရေးဗိသုကာကြီးကို ကျနော်တို့ အနာဂတ်ရဲ့ ကလောင်ပိုင်ရှင်များကလဲ မေ့မေ့ပျောက်ပျောက်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့
ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရပို့စ်လေးတင်လိုက်ပါတယ်။
အမှတ်တရ ဗိုလ်ချုပ်၊ ကျမသိတဲ့ ဗိုလ်ချုပ်၊ ကျမလေးစားအားကျခဲ့ရတဲ့ My Most Admire Person ဗိုလ်ချုပ်က
- တပည့်ရဲဘော်တွေကို သွန်သင်သလို ကိုယ်တိုင်လည်းလိုက်နာသော ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်
- လွတ်လပ်သော လူရိုင်းဘ၀ကို မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတစ်ရာ ကြိုက်သည်၊ နှစ်သက်သည် ဆိုသော ဗိုလ်ချုပ်
- နိုင်ငံရေး သိပ္ပံအကြောင်း၊ တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးရေး အကြောင်းနှင့် ပညာပေးစာအုပ်များကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးသားကာ စာရေးဆရာ ဖြစ်ချင်သောဗိုလ်ချုပ်
- တပ်မတော်သားရဲဘော်များအား တာဝန်ဝတ္တရားအရ စစ်သူကြီးလေသံဖြင့်ပြောတတ်သော်လည်း မြို့ခံလူကြီးများနှင့် စကားပြောသည့်အခါ ရည်မွန်ယဉ်ကျေးစွာစကားပြောတတ်၍ သားသမီးများအပေါ်၌ မိဘမေတ္တာ အပြည့်ထားရှိသူ နှလုံးသားရှိသော ဗိုလ်ချုပ်
- တွေ့ကြုံဆုံခဲ့ရသော နိုင်ငံခြားသားခေါင်းဆောင်များကပင် ဗိုလ်ချုပ်အား အလွန်ထူးချွန်ထက်မြက်သော လေးစားမိသည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သမိုင်းတစ်ခေတ်မှာ ပေါ်ထွက်ခဲသော ခေါင်းဆောင် ဗိုလ်ချုပ်
ဤသို့သော ဗိုလ်ချုပ်ကို ကျမ မလေးစားမမြတ်နိုးပဲ မနေနိုင်အောင် မည်သည့်အမိုက်မှောင်ကမျှ ကျမ၏ အသိတရားကို မည်သို့ ဖုံးလွှမ်းနိုင်ပေအံ့နည်း။
ဝတ်ရုံတစ်ခုကို ၀တ်လိုက်တယ်…အဲဒီ့မှာ ဘ၀တွေ စပြီး ပြောင်းလဲသွားခဲ့တယ်….!
ဘယ်လို ၀တ်ရုံမျိုးလဲ သူတို့ဝတ်ဆင်လိုက်တာလဲ…?? သေသေချာချာတော့ မသိပေမယ့် အဲ့ဒီ့ဝတ်ရုံက သူတို့ဘ၀ကို အသေအချာကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပဲ…။ အဲဒီ့ဝတ်ရုံထဲမှာ မင်းသားယောင် ဆောင်ထားတဲ့ ဘီလူးတစ်ကောင်ရဲ့ မျက်နှာဖုံးပါတယ်…သိုးရေခြုံထားတဲ့ ၀ံပုလွေ တစ်ကောင်ပါ တယ်…ပြည်စောင့်နတ် ဟန်ဆောင်ထားတဲ့ မာရ်နတ်တစ်ထောင် ပါတယ်..။
အဲ့ဒီဝတ်ရုံက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်နိုင်ရုံတင်မကဘူး အဲဒီ့လူတစ်ယောက်ရဲ့ အတိတ်ကိုလည်း ကောင်းကောင်းကြီးကို ဖုန်းအုပ်ပြစ်လိုက်နိုင်တယ်…။ဘယ် လိုဝတ်ရုံမျိုးလဲ ငါ့တို့ဘ၀တွေရဲ့ လှပခဲ့တဲ့ အတိတ်တွေကို သွေးစိမ်းရှင်ရှင် အနာဂတ်တွေနဲ့လဲခဲ့တာ?
ဒီဝတ်ရုံက ဘယ်ဘ၀ရဲ့ ဆုတောင်းတွေ ကောင်းခဲ့လို့လဲတော့မသိဘူး…။ အသံကြား ကျိန်ဆဲခံရပါစေ၊ ရုပ်မြင် စောင့်ကန်ခံရပါစေ ဆိုတဲ့ဆုတောင်းတွေနဲ့ အရမ်းပြည့်တယ်…။ နောက်တစ်ခုရှိသေးတယ် ဒီဝတ်ရုံရဲ့ ထူးခြားချက်က…။ ဒီဝတ်ရုံကို ၀တ်လိုက်တဲ့သူတိုင်း အဖြူ၊ အမဲ မခွဲခြားခံရတော့ဘဲ တံတွေး ခွက်ထဲ ပက်လက်ကလေး မြောခွင့်ရခြင်းဘဲ..။လူမပြောနဲ့ ခွေးတောင်ဒီဝတ်ရုံကို မြင်ရင်ဟောင်တယ်။
ဒီဝတ်ရုံကို ၀တ်ထားရင် အကုသိုလ်ကို အခမဲ့ဝယ်လို့ရတယ်။ ငရဲပြည်ကို VISA မပါဘဲ အချိန်မရွေး သွားလို့ရတယ်(ပြန်လာလို့တော့မရဘူးနော်…မေ့နေမှာစိုးလို့)။ လူပေါင်းများစွာရဲ့ မျက်ရည်တွေကို မိုးတွေ တ၀ုန်းဝုန်းရွာရွာသွန်းသလို ရွာကျအောင် လုပ်လို့ ရတယ်။အသိပညာ အတတ်ပညာရဲ့ အဖူးအပွင့်တွေကို လောင်တိုက်သွင်းပြီး ပြာချခွင့်ရှိတယ်။ကုန်ကုန်ပြောရရင် ငါးပါးသီလကို တရားဝင် ချိုးဖောက်ခွင့်ရှိတယ်။ ကောင်းလိုက်တဲ့ ၀တ်ရုံ…! လိုချင်ရင်ပြော အပိုတွေအများကြီးရှိသေးတယ်..။
အရင်ကတော့ဒီလိုဝတ်ရုံမျိုးကို လူတွေဈေးကြီးပေးဝယ်ပြီး အရမ်းတန်ဖိုးထားခဲ့ကြဖူးတယ် ပြောတယ်။ ဟုတ်တော့လည်း ဟုတ်လောက်ပါတယ်။ ဒီဝတ်ရုံ ပေါ်ပေါက်လာတဲ့ သမိုင်းကလည်း သိပ်ကိုကြီးမြတ် ခဲ့တာကိုး..။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုပါဘဲ။ ဒီဝတ်ရုံကြီးကို ယက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးသာ မြင် ရင် သူများတောင် သတ်စရာလိုလိုက်မှာ မဟုတ်ဘူး..။ အခုဆို ဒီဝတ်ရုံမှာ သွေးတွေစွန်းကုန်ပြီ..။ စွန်းနေတဲ့သွေးတွေကို ဘယ်လိုဆေးကြမလဲ?? ၀မ်းနည်းဖို့ကောင်းတယ်.. သမိုင်းတွေ ခြစားကုန်ပြီ။
ယုံကြပါဗျာ..။ ဒီဝတ်ရုံက အရမ်းကို တန်ဖိုးရှိခဲ့တာပါ..။ အခုချိန်မှာ လည်းတန်ဖိုးရှိနေပါသေးတယ်..။ အနာဂတ်အတွက်လည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် မရှိမဖြစ် အရမ်းလိုအပ်တဲ့ ၀တ်ရုံတစ်ခုပါ..။ ရှင်တို့ ယုံမယ်ဆိုရင် ပြောပြပါရစေ..။ ဒီဝတ်ရုံထဲမှာ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေ ကိန်းအောင်းနေ ကြပါသေးတယ်..။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပါ။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အလှပဆုံး အိပ်မက်တစ်ခုပါ။ အနာဂတ်ရဲ့ သူရဲကောင်းတိုင်း ခုံမင်စွာတပ်မက်တဲ့ မျှော်လင့်ချက်တစ်ခုပါ..။ အသုံးပြုတဲ့ သူတွေအပေါ်မူတည်နေလို့သာ တန်ဖိုးတွေ ကျဆင်းနေတာပါ..။
အခုအချိန်မှာ ဒီဝတ်ရုံရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါပြီ..။ ဒီဝတ်ရုံအပေါ် ယုံကြည်စိတ် ချမှုတွေ..၊အားကိုး တန်ဖိုးထားမှုတွေ ပြန်လည်မြင့်မားလာအောင် ကြိုးစားကြဖို့ အချိန်ရောက်ပါပြီ…။ စွန်းထင်းခဲ့တဲ့ အတိတ်ဆိုး၊ အရိပ်ဆိုးတွေကို လက်တွေ့ကျတဲ့ ကြိုးစားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ကျရာနေရာကနေ သက်သေပြကြဖို့လိုအပ်နေပါပြီ…။ ဒီလိုမှမဟုတ်ရင်တော့ ဒီဝတ်ရုံရဲ့တန်ဖိုးဟာ အခုအတိုင်းပဲ ရေစုန်မှာ ဆက်မြောနေပါလိမ့်အုန်းမယ်..။
အမှန်တရားနဲ့ သစာတရားကို သူတော်ကောင်းတွေ ချီးကျူးဂုဏ်ယူ ကြပါလိမ့်မယ်။ စောင့်ရှောက်ကြ ပါလိမ့်မယ်..။ အမှန်တရားကို ရဲရဲရင့်ရင့်လက်ခံပါ..။ ခိုအောင်းနေတဲ့ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေကို သစာစောင့်သိပါ..။ ဒီဝတ်ရုံကို ယက်လုပ်ခဲ့သူရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အမြဲနှလုံး သွင်းပါ..။ ဒီလိုဆိုရင် ဒီဝတ်ရုံရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ပြန်လည်ပြီး လက်ခံနားလည် လာကြပါလိမ့် မယ်။ ခံယူချက်ရှိရှိနဲ့ ရှေ့ကိုဆက်ရှောက်ပါ..။ နောင်တရစရာမလိုပါဘူး..။
ဘာကြောင့်လဲဆိုတော့ ဒီဝတ်ရုံဟာ လောက၏ မြင့်မြတ်သော၊စွန့်လွှတ် အနစ်နာခံနိုင်ဆုံးသော သူရဲကောင်းများသာ ၀တ်ဆင်ခဲ့ကြတဲ့၊၀တ်ဆင်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ၀တ်ရုံတစ်ခု ဖြစ်သော ကြောင့် တန်ဖိုးထားသင့်ပါကြောင်း…….။ ။
မှတ်ချက်။ ။ ဒီဝတ်ရုံအား စတင်ယက်လုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဒီ Post ဖြင့် ဂုဏ်ပြုအပ်ပါသည်။
မူရင်းပို့စ်ကို ရေးသားသူမှာ Blackdream21 ဖြစ်ပါတယ်။
Wednesday, 13 February 2008
13th February
Here is the picture link
http://i240.photobucket.com/albums/ff3/Cuttiepinkgold/bogyoke-bday.png
I can't upload photo easily and I can't create new post easily too. And I can't see Myanamr font so I just paste to new post form and I don't know whether you may see or not. If not go to here: http://www.cuttiepinkgold.info/2008/02/93th-birthday-of-bogyoke-aung-san.html :D
အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
်ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

မြန်မာလူငယ်လေးများ အင်္ဂလိပ်စာ တိုးတက်ရေး
မြန်မာလူငယ်လေးများ
တိုးတက်ရေး အင်္ဂလိပ်စာ
သား(တက်တိုး)
လူငယ်များအတွက် အမှာစကား ဆိုရမယ်။ ဆိုပေးပါလို့ ဆရာမ ဧဧသန်းက ပြောတော့ ခေါင်းထဲမှာ ချက်ခြင်းရောက်လာတဲ့ အကြောင်းကတော့ ယခုအချိန်အခါမှာ အထူးလိုအပ်နေတဲ့ `အင်္ဂလိပ်စာသင်ကြားရေး´ပဲ။ တို့တိုင်းပြည်အနာဂတ်ဖြစ်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်လေးတွေကို လေ့လာကြည့်ခဲ့တယ်။ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ မျိုးဆက်သစ် လူငယ်လေးတွေ တော်ကြပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြင့်ကြတယ်။ ဉာဏ်ရည်လဲ ကောင်းတယ်၊ ကြိုးလဲ ကြိုးစားကြတယ်။ သို့ဖြစ်ပါရက်နဲ့ ထင်တိုင်း တစ်ဟုန်ထိုး အတက်နှေးနေတာ တွေ့ရတယ်။ လူငယ်အများစုကို ဆိုလိုချင်တာပါ။ အဲဒါ ဘာကြောင့်လဲ။ အချက်တစ်ချက်ကတော့ အင်္ဂလိပ်စာတတ်ကျွမ်းမှုမှာ လိုနေလို့ပဲ။ အရေးအသား၊ အပြောအဆို နားလည်နိုင်မှု၊ အသံထွက် စသည်တို့ပေါ့။
အင်္ဂလိပ်စာ သင်ကြားရေးဆိုရာမှာ ဆယ်တန်းအောင်ပြီးသား၊ ဘွဲ့ရပြီးသား၊ အလုပ်ခွင်ဝင်နေတဲ့ သူများကို အထူးဆိုလိုတယ်။ ၁၀ တန်းကျောင်းသားတွေလဲ မှတ်သားထားနိုင်ပါတယ်။ ၁၀ တန်းကျောင်းသားတွေက ကျောင်းစာ ကျက်ချိန် ပေးနေကြရတော့ အဲဒီဖက်မှာ အချိန်အများကြီး ယူကြရတယ်။ ကျောင်းစာအမှတ်များဖို့က အဓိက ဖြစ်နေတာကြောင့်ပါ။
မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားနေကြသူတွေအတွက် အင်္ဂလိပ်စာဟာ အပြည်ပြည်သုံး ဘာသာစကားမို့ အဓိက လိုအပ်တာ အထူးမဆိုလိုဘူး။ လူတိုင်း သဘောပေါက်ကြတယ်။ ဒီအင်္ဂလိပ်စာ တတ်ကျွမ်းခြင်း မတတ်ကျွမ်းခြင်းနဲ့ လူတစ်ယောက်ကို ဘယ်လို ဆုံးဖြတ်ကြသလဲ အင်္ဂလိပ် စကားကို မိခင်ဘာသာမဟုတ်တဲ့သူတို့ပြောကြ၊ ရေးကြတဲ့အခါ အင်္ဂလိပ်တို့၊ အမေရိကန်စတဲ့ တိုင်းရင်းသား (native speaker) တို့က ထိုသူတို့ရဲ့ အင်္ဂလိပ်စာအဆင့်ကို ကြည့်ပြီး ထိုသူတို့ရဲ့ အဆင့်ကို အသိအမှတ်ပြုကြတယ်။
``မင်း အင်္ဂလိပ်စာကို ဘယ်မှာ သင်ခဲ့သလဲ´´
``မင်း ဘယ်ကျောင်းက (အင်္ဂလန်ကလား၊အမေရိကန်ကလား၊ အောက်စဖို့ဒ် တက္ကသိုလ်ကလား၊ ဟားဘစ်တက္ကသိုလ်ကလား) အောင်တာလဲ စတဲ့ စကားတွေ ထွက်လာတတ်တယ်။ အသံမှန်မှန် ဌာန်ကရိုဏ်းကျကျ ပြောတတ်ဆိုတတ်ရင် ကျောင်းကောင်းမှာ နေခဲ့လို့ပေါ့။ ဒါဟာ တိုင်းတာစရာ ပေတံတစ်ခုပဲ။ အရှေ့တိုင်းမှာ၊ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား စသူတို့ရဲ့ အင်္ဂလိပ်စကားကို native speaker တို့က ဘ၀င်ကမျကြဘူး။ စကားပျက်ရယ်လို့ ဆိုကြတယ်။ ဥပမာ ဖိလစ်ပိုင်မှာ သူတို့ရဲ့ မိခင်ဘာသာစကား Taglog တက်ဂလောက်ရဲ့ နောက်ခံနဲ့ ရောယှက်ပြီး ပြောတဲ့ အင်္ဂလိပ်စကားကို Taglish။ စင်ကာပူမှာ ပြောတဲ့ အင်္ဂလိပ်ကို Singlish စသည်ဖြင့် ဆိုကြတယ်။ အင်္ဂလိပ်စကားများ (The Englishes)လို့ ဆိုတယ်။
အသုံးများတဲ့ ဘယသာစကားတစ်ခုက အသုံးပြုတဲ့ လူမျိုး၊ ဒေသ၊ ယဉ်ကျေးမှုအလိုက် ဒေသစကားအဖြစ် ကွဲခွဲတတ်တယ်။ ပြီးတော့ ဘာသာစကားအသစ်တစ်ခုလဲ ဖြစ်လာတတ်တယ်။ ဥပမာ လက်တင်ဘာသာကနေ ပြင်သစ်၊ အီတာလျံ၊ စပိန်စကားတွေ ဖြစ်လာသလိုပေါ့´´ လို့။
Singlish Bad, English Good ဆိုတဲ့ ဆောင်းပါးမှာ တွေ့ရတယ်။
အခု Singlish ကို ကြည့်။
“Government say Singlish (-0 no good, (-) must learn how to speak proper, English. it (-) a bit the difficult. How can (-)?”
သဒ္ဒါမကျ၊ စနစ်မကျတာ တွေ့ရမယ်။ ဆိုလိုချင်တာကိုသာ ပြောလိုက်တာပါပဲ။ ဒါ့အပြင် အသံထွက်၊ အဆွဲအင်၊ အဖြတ်အတောက်တွေလဲ မသင့်တာတွေများတယ်။
ကျွန်တော်တို့ အင်္ဂလိပ်စာ သင်ကြားနေတာဟာ ကမ္ဘာတစ်ဝှမ်းကို ကျွန်တော်တို့ နားလည်နိုင်အောင်လို့၊ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ကို နားလည်နိုင်အောင်လို့ပါ။ ဒါကြောင့် စံချိန်မီ အင်္ဂလိပ်စာကို ရေးနိုင်ပြောနိုင်ဖို့ အရေးကြီးပါတယ်။
တစ်ခုဆိုတာက ကျွန်တော်တို့ နိုင်ငံသားရဲ့ တစ်ဝက်ဟာ ပညာတတ် မဟုတ်ကြပါဘူး။ သူတို့ဟာ Singlish ကိုပဲ သုံးကြရတယ်။ စီးပွါးရေးအရကော၊ လူမှုရေးအရပါ သူတို့ နစ်နာကြလိမ့်မယ်လို့ စင်ကာပူ ခေါင်းဆောင်ဟောင်း လီကွမ်းယူက ဆိုပါတယ်။
ဒီလို broken English နဲ့ မဟုတ်ပဲ၊ မှန်ကန်တဲ့ Standard English နဲ့ဆို နိုင်ငံတကာမှာ မျက်နှာရတယ်။ Standard English ကို မပြောနိုင်တော့ဘူးလား။ ခက်လို့လား။ မခက်ပါ။ အနည်းငယ် သတိပြု လေ့ကျင့်ရင် ရတာပါပဲ။
အခြေခံကျကျ အချက်တစ်ချက်ကတော့ စာဖတ်များဖို့ပဲ။ “Reading makes a full man.” စာဖတ်ခြင်းဟာ လူကို ပြည့်ဝစေတယ်လို့ ဆရာကြီး Francis Bacon က ဆိုတယ်။ စာဖတ်ရင် ဖတ်ရင်း ပြည့်မှန်းမသိ ပြည့်ပြည့်လာတယ်။ ဘာသာစကားရော၊ စာထဲက ဗဟုသုတပညာရော ရတယ်။ စာဖတ်ဖို့ပဲ လိုတယ်။
စာဖတ်ရင် အသံထွက်ဖတ်ပါ။ မှားမှာ မရှက်ပါနဲ့။ အသံထွက်ဖတ်မှ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု ရှိလာမယ်။ မတတ်တာရှိရင် တတ်နားလည်သူထံမှာ ကြုံရင်ကြုံသလို ဆည်းပူးမှတ်သားပါ။ ကက်ဆက်ခွေတွေ၊ CD ဓာတ်ပြားတွေနဲ့ စကားပြောထား၊ စာဖတ်ထားတာတွေ ရှိပါတယ်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတို့ ဖတ်တာနားထောင်ပါ။ အသံမှန်ရပါမယ်။ ယခုခေတ်မှာ ကွန်ပျူတာတွေ ထွန်းကားသမို့ CD-Rom လို့ခေါ်တဲ့ CD ဓာတ်ပြားတွေ၊ Talking Dictionary အသံထွက် အဘိဓာန်တွေ ရှိနေပါပြီ။
အကူညီရစရာတွေ အများကြီးပါ။ သူတို့လို အသံမှန်အောင် လေ့ကျင့်ပါ။ တဖြည်းဖြည်း ရလာမှာပါ။ အသံထွက်မှန်ဖို့သာ လိုပါတယ်။ ဘိုဆန်ဖို့၊ ဟန်လုပ်တဲ့ အသံကြီးတွေနဲ့ ပြောဖို့မလိုပါ။ မြန်မာတွေဟာ အိန္ဒိယ၊ ဂျပန်၊ မလေး စသူတို့နဲ့ မတူ၊ ထူြးားတာက အင်္ဂလိပ်အသံ (တခြားဘာသာစကားရဲ့ အသံတွေပါ။ ဥပမာ ဂျပန်၊ ကုလား) ပီပီသသ ထွက်နိုင်တယ်။ ဒီအရည်အချင်းကို မြန်မာမှာသာ တွေ့ရတယ်။
စာဖတ်ရာမှာ စာရေးဆရာကြီးများဖြစ်တဲ့ Charles Dickens, Nathaniel Hawthorn, Ernest Hemingway, O.Henry စသူတို့ရဲ့ စာတွေကို ဖတ်ပါ။ တတ်နိုင်ရင် မူရင်ဖတ်ပါ။ ခက်မယ်ထင်ရင် လွယ်ကူအောင် ပြန်ရေးသားထားတဲ့ Simplified Edition များဖတ်လို့ ရပါတယ်။ ဒီစာပေတွေကို အော်စကာဆု၊ တိုနီဆု၊ ဂရမ္မီဆု ရုပ်ရှင်နှင့် ပြဇာတ် မင်းသား မင်းသမီးတို့ ဖတ်ထားတဲ့ အသံထွက် စာအုပ် (audio books) တွေလဲ ရှိပါတယ်။ ဆရာကြီးတွေရဲ့ အရေးအသားဟာ မှန်တယ်၊ ရှင်းတယ်၊ ထိရောက်တယ်၊ လှတယ်။
မိမိပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတွေနဲ့ ၀န်းရံထားအောင် ဖန်တီးပါ။ အင်္ဂလိပ်သီချင်း၊ အသံထွက်ဇာတ်လမ်း၊ ဟောပြောချက် သတင်းကြေငြာချက်၊ အပြန်အလှန် စကားပြောကြခြင်း၊ စာဖတ်ခြင်း စသည်တို့ ကက်ဆက်နဲ့ CD တွေမှာ ရှိပါတယ်။ မပြတ်နားဆင်ပါ။ မိမိ နားအကျင့်ပါလာလိမ့်မယ်။ အသံထွက်ဖတ်ရင် ပါးစပ်အကျင့်လဲ ပါလာလိမ့်မယ်။ စကားပြောရဲလာလိမ့်မယ်။
အင်္ဂလိပ်စာနှင့် စကားတတ်ကျွမ်းရေး ဦးတည်ပြီး သင်တန်းဖွင့်ဖူးတယ်။ လုပ်ငန်းခွင်က ဘွဲ့ရပြီးသား လူငယ်တွေများတယ်။ သူတို့ရဲ့ လုပ်ငန်းခွင်မှာ ဧည့်ခံပွဲ၊ ကုမ္ပဏီမှ ထုတ်ကုန်များအကြောင်း၊ ရှင်းလင်းပွဲ စသည်တို့မှ နိုင်ငံခြားသားတွေနဲ့ ပြောဆို ဆက်ဆံ ရတယ်။ ပစ္စည်းတစ်ခု အကြောင်းကို စင်မြင့်ပေါ်တက် ရှင်းပြရာမှာ မိမိ ကျင်မှတ်ထားတဲ့အတိုင်း ရွတ်ပြနိုင်ရင် အထောက်အကူ တော်တော်ရလို့ ချောမေပြေပြစ်နိုင်တယ်။ ဒါပေမယ့် ပရိသတ်က မေးခွန်းပြန်မေးရင်တော့ စိတ်ကို ညစ်သွားတော့တာပဲ။ တစ်ဖက်က မေးတာကို လုံးစေ့ပတ်စေ့ နားမလည်၊ ကိုယ်ပြန်ဖြေတာကလဲ တလွဲ၊ စကားကို ချောမောအောင်၊ မှန်ကန်အောင်လဲ ကြိုါ်စားနေရရင်တော့ သေချင်စော်ကို နံသွားတော့တာပဲ။
အဲဒီကိစ္စကြောင့် ကျွန်တော့်သင်တန်းကို လာတက်ကြသတဲ့။
ကျွန်တော်က ပုံပြင်၊ ဇာတ်လမ်းကလေးများ၊ သတင်း အတိုအထွာလေးများ၊ စိတ်ဝင်စားဖွယ်ရာများ အသံမှန်မှန် ကြိုးစားဖတ်ပြတယ်။ သင်တန်းသားများကိုလည်း ဖတ်ခိုင်းတယ်။ လေ့ကျင့်ပေးတယ်။ အဲဒီအခါ -
``ကျွန်တော်တို့ (ကျွန်မတို့) က စကားပြောတတ်ချင်တာ´´ လို့ ပြောကြတယ်။ သူတို့ စာမဖတ်ချင်ကြဘူး။ ဖတ်လဲ မဖတ်ကြဘူး။ ဖတ်ခိုင်းရင်လဲ မှန်အောင်၊ ပုံစံကျကျ သဘာဝကျကျ မဖတ်နိုင်ကြဘူး။ ဒီတော့ `၀မ်းစာ´မှ မရှာပဲ။ ဘယ်နှယ့်လုပ်လို့ ၀မ်းထဲက အံထွက်လာစရာ အင်္ဂလိပ်စာ ရှိမှာတုန်း။ ဒါကို သဘောမပေါက်ကြဘူး။ တစ်သက်လုံး အလွတ်ကျက်လာကြတယ်။ ငှက်ပျောသီး အခွံနွာကြွေးသလို အဆင့်သင့်မှ စာသင်ယူတတ်ခံကြလာတော့ ဘာသာစကား တစ်ခုကို အချိန်ကြာကြာ မပြတ်တမ်း လေ့ကျင့်ဆည်းပူးမှ တတ်နိုင်မယ်ဆိုတာ သဘောမပေါက်ကြဘူး။
တပည့် ဆရာဝန်ကလေးတစ်ယောက်ရှိတယ်။ ဆေးပညာတော်တယ်။ အင်္ဂလိပ်ဘာသာလဲ မည့်ပါဘူး။ အပြောအဆို အရေးအသားမှာ အမှားတော့ မကင်းဘူးပေါ့။ သူက အင်္ဂလန်မှာ ဘွဲ့လွန်သင်ဖို့ ကြိုးစားနေလို့ IELTS လက်မှတ် ဖြေရမယ်။ ကျွန်တော့်ဆီမှာ လာကျင့်တယ်။ [အမြင့်ဆုံး (၁၀)မှတ်] မှာ (၇) မှတ်နဲ့ အောင်မြင်တယ်။ ဒီစာမေးပွဲ မဖြေခင် ၆လ၊ ၇လလောက် နေ့တိုင်း အသံထွက်ကျင့်တယ်။ နားယဉ်အောင် ကက်ဆက်နားထောင်တယ်။ အခုဆို အင်္ဂလန်မှာ (၂)နှစ်ကျော်ပါပြီ။ ကျွန်တော့်ဆီ e-mail မပြတ်ပို့တယ်။ စာအရေးအသား အတော် တက်လာတယ်။ အသုံးအနှုန်းတွေ သဘာဝကျကျ သုံးနိုင်လာတယ်။ အထိအတွေ့ များလာတာကြောင့် တိုးတက်မှု များလာတယ်လို့ ဆိုနိုင်တယ်။
ဒီလို အပြင်းအထန်ကျင့်မှ ဒီလောက်ပဲရတာ။ ကျူရှင်တက်၊ ကျူရှင်ဆင်းပြီး စာအုပ်ဘေးချပြီး မေ့လိုက်တဲ့ စာသင်သားများ ဘယ်နှယ့်နေပါမလဲဆိုတာ ပြောစရာမလိုပါဘူး။
ဒီတော့ အချုပ်ဆိုရရင် အင်္ဂလိပ်စာကို အခုသင်၊ အခုပြောလို့ မရနိုင်ပါဘူး။ မပြတ်တန်း ကြိုးစားနေရမှာပါ။ မပြီးစတန်း မဆုံးစတန်းလဲ လေ့လနေရမှာပါ။ မငြီးစတန်းလဲ ဖတ်နေရမှာပါ။
``တစ်နေ့ကို စကားတစ်လုံးသင်ပြရင် တစ်လကို စာလုံးသုံးဆယ်၊ တစ်နှစ်ကုန်ရင် တော်တော်များများ သင်ပါလားမောင်ရယ်၊ အင်္ဂလိပ်စာကိုကွယ် ဒစ်ရှင်နာရီ (dictionary) ၀ယ်ကြည့်လျှင် သိနိုင်ပါမယ်´´
ဆိုတဲ့ ဆရာကြီး ရွှေတိုင်ညွှန့်ရဲ့ “What ဆိုတာ ဘာလဲ” သီချင်းကလေးလိုပေါ့။ တစ်နေ့နည်နည်းနဲ့ မပြတ်ဖတ်မှတ် လေ့လာသွားရင် တစ်နှစ်ဆို တော်တော်ရနေပါပြီ။
ဒီပညာ ရွှေအိုးကြီးဟာ တစ်နေ့တခြား ပြည့်လို့ လာမှာ ပါ။ ဒီရွှေအိုးကြီးဟာ သုံးလို့လဲ မကုန်ပါဘူးကွယ်။
သား (တက်တိုး)
၇-၁၂-၂၀၀၃

General Aung San (Bogyoke Aung San) February 13, 1915 – July 19, 1947) was a Burmese revolutionary, nationalist, general, and politician.
Aung San founded the modern Burmese military (the Tatmadaw) on December 26, 1942 in Bangok with the historic Thirty Comrades. He was instrumental in bringing about Burma's independence, but was assassinated six months before its final achievement. He is recognized as the leading architect of independence, and the founder of Union of Burma. Affectionately known as "Bogyoke" (General), Aung San is still widely admired by Burmese people, and his name is still invoked in Burmese politics to this day.
Aung San is the father of Nobel Peace laureate Aung San Suu Kyi.
This article is part ofthe History of Burma series Early history of BurmaPyu city-states (c. 100 BC–c. 840 AD)Mon kingdoms (9th–11th, 13th–16th, 18th c.)Bagan Dynasty (849–1287, 1st Empire)Ava (1364–1555)Pegu (1287-1539, 1747-1757)Mrauk U (1434-1784)Taungoo Dynasty (1486–1752, 2nd Empire)Konbaung Dynasty (1752–1885, 3rd Empire)Wars with Britain (1824–1826, 1852, 1885)British Arakan (1824-1852)British Tenasserim (1824–1852)British Lower Burma (1852–1886)British Upper Burma (1885–1886)British rule in Burma (1824–1942, 1945-1948)Nationalist movement in Burma (after 1886)Aung San Japanese occupation of Burma (1942–1945)Democratic period (1948-1962)U Nu and U Thant 1st military rule (1962–1989)Ne Win 8888 Uprising (1988)Aung San Suu Kyi 2nd military rule (1989–present)Saffron Revolution (2007)

'