Wednesday 16 July 2008

အဖေ - လေးဖြူ


အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ

အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့

ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ

သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့

အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်နဲ့

တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .

သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့

ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို

ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ

အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့

အဖေနင်းဖြတ်ခဲ့တဲ့ အနာဂတ်လောကအကျိုးသယ်ပိုးမယ့်

ကျွန်တော့်ကိုယ်ထဲမှာလည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ်အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .

လှိုင်းထန်လေထဲမျောတဲ့အခါ

အထီးကျန်လာတိုင်း အတွေးထဲမှာ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

ဘ၀ဒဏ်ချက်များ အိပ်မက်မှာ

မျက်ရည်တွေဆို့ရတဲ့အခါ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ

တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ

အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ

အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့

ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ

သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့

ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို

ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ

အဖေမရှိတဲ့နောက် . . .

လူလားမြောက်တဲ့နောက် . . .

Chorus:

Download Here

၆၁ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုလျှက်

Sunday 6 July 2008

A drop in a blogosphere ocean

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဘလော့ဂ်လေး မွေးဖွားခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ပါပြီ။ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ မတော်တဆဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ဒီနေရာလေးကို လာရောက် လည်ပတ်၊ ကြည့်ရှု၊ မျှဝေ၊ ခံစား၊ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ကြောင်း အရင်ပြောလိုပါတယ်။ အဲဒီနောက် ကျွန်တော် ခုလို ဘလော့ဂ် ရေးချင်စိတ်ပေါက်လာအောင်၊ ရေးခွင့်ရှိတာကို သိလာအောင် နည်းလမ်းများ မျှဝေပေးတဲ့ ကိုလင်းဆက်၊ ကိုရန်အောင်နှင့် အခြားသော မြင်ဆရာများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ဒီထက်မက ရေးနိုင်၊ မျှဝေနိုင်အောင် ကြိုးစားသွားပါဦးမယ်။ ဖျော်ဖြေရေး အစီအစဉ်အတွက် အောက်ပါ အဆိုတော်တွေကို ဖိတ်ကြားထားပါတယ်။ ကြည်နူး ပျော်ရွှင်နိုင်ကြပါစေ။ နောက်မွေးနေ့တစ်ခုကတော့ ကျွန်တော်ရဲ့ မွေးနေ့ပါ။ ဒီနှစ် ထိပ်စီးပြောင်းသွားပါပြီ။ ဆယ်စုနှစ် နှစ်ခုသာ ဖြတ်ကျော်လာတာ အပြင်က သူငယ်ချင်း မိတ်ဆွေအရေအတွက်က ဒီဘလော့ဂ်ရဲ့ မိတ်ဆွေအရေအတွက်လောက်တောင် မရှိဘူးဗျ။ ဒါကြောင့် ဒီနေရာလေးကို ပို ဂရုစိုက်နေရတာ။ နောက်ဆုံးပြောချင်တာကတော့ Cbox မှာ လာရောက် နှုတ်ဆက်အားပေးကြတဲ့ အစ်ကို အစ်မတွေအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်လျှက် . . .။

ဖျော်ဖြေရေးအစီအစဉ်

ခိုင်ထူး

မျိုးကျော့မြိုင်

ကမ္ဘာ ၊ ရသ - သစ်ပင်

Big Bag

အငဲ

Five for fighting – 100 Years