Thursday 25 October 2007

Blogging

သီချင်းတွေ upload လုပ်ဖို့ google pages ကို စမ်းသပ်နေပါတယ်။ စာမေးပွဲရှိလို့ blogging ကို ခေတ္တ ရပ်နားထားပါဦးမယ်။ လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား . . .။

Friday 19 October 2007

သီတဂူကြယ်တစ်ပွင့် - အရှင်ပညာနန္ဒ

ဓမ္မသည် ရဟန်းတို့၏ အောင်လံ

ဘ၀ရေဆန်
မိုးကြီးသည်းထန်
ရေဆန်ခရီး
တစ်ယောက်တည်းလည်း
ချွေးဒီးဒီးကျ
ဇီဝိန်ချစေ
မာနဇွဲတက်
ယုံကြည်လက်ဖြင့်
ဆန်တက်ရေလျှင်
ဘ၀အသွင်ကို
ငါလျှင်ယောက်ျား
ငါ့စွမ်းအားဖြင့်
ငါကား ဘာမထီ ဆန်တက်မည်။

``ကြီးကျယ်မြင့်မြတ်သည့် အလုပ်များကို ခွန်အားဗလဖြင့် တည်ဆောက်ခဲ့ကြသည်မဟုတ်။
ကြီးကျယ်မြင့်မြတ်သည့် စိတ်ဓါတ်များဖြင့်သာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်´´။

``ဒီနေရာ အဆင်မပြေရင် နေရာတွေ အများကြီးပါ။
ဒီလူနဲ့မဖြစ် ကျန်လူနဲ့ ခရီးဆက်မယ်။
ဒီမူနဲ့မဖြစ် နည်းသစ်တွေ တီထွင်ကြမယ်။
ဒီအလုပ်အဆင်မပြေရင် နောက်အလုပ်သစ် ကြိုးစားမယ်။
သိမ်ဖျင်းတဲ့ စိတ်နှလုံးပိုင်ရှင် မဖြစ်ပါရစေနဲ့လား။´´

``တို့ကျေးရွာ သာစေကြောင်း
စုပေါင်းလို့လုပ်ဆောင်
ရွာဦးစေတီနှင့်
ရေကန်တည်ကျောင်းဇရပ်
မြတ်သာသနာရောင်
ရွာကလေးသန့်ရှင်းအောင်
မောင်မယ်တို့ဆင်နွဲ
မာဃလို ကုသိုလ်မှု ပြုကြဖို့ပဲ။´´

အရှင်၏ ပရဟုတသာသနာပြုလုပ်ငန်းများအား ကုသိုလ်ပါဝင်၍ အရှင်နှင့်အတူ ကုသိုလ်ပြုဖက်အဖြစ်ခံယူသူ သူတော်ကောင်းများ အကျင့်နှင့်တူသော အကျိုးကို ရရှိ ခံစားနိုင်ပါစေ။

အရှင်ပညာနန္ဒ
(သီတဂူကြယ်တစ်ပွင့်)
သာသနဓဇဓမ္မာစရိယ
ဓမ္မကထိက ဗဟုဇနဟိတဓရ + သဒ္ဓမ္မဇောတိကဓဇ
ငြိမ်းချမ်းရွှေပြည်ကျောင်းတိုက်
တံခွန်တိုင်တမာတန်း၊ ပြည်ကြီးတံခွန်၊ မန္တလေးမြို့။
ဖုန်း - ၀၂-၅၄၆၁၈ ၊ ၀၉၂၀၁၁၁၅၃

လက်ကမ်းစာစောင်လေးထဲမှာ တွေ့လို့ မျှဝေလိုက်ခြင်းပါ။ အားလုံးပါဝင်ဆောင်ရွက်မှုကြောင့် သာသနတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ။

Tuesday 9 October 2007

အပြစ်မတင်ရက်ပါ

မပြောင်းလဲဘူးဆိုတဲ့ သဘာဝတရားကြီးတောင်

လူတွေကြောင့်မို့လို့

ပြောင်းလဲနေရပြီ။

အရာရာကို ခုခံနိုင်ပါတယ်ဆိုတဲ့

ကျောက်ဆိုင်ကျောက်သားလိုပဲဆိုတဲ့

သခင့် နှလုံးသားဟာလည်း

သူ့ကြောင့်

ပြောင်းလဲ ရက်စက်သွားရပြီ . . . ။

ဒီမှာ

ကျွန်တော် သဘာဝတရားကြီးကို အချိန်မီပြုပြင်မယ်

ဒါပေမယ့်

သခင့် ကို နောက်တစ်ကြိမ်ဆုံတွေ့ခွင့်ဆိုတာကိုတော့

မမျှော်လင့်တော့ပါဘူးလေ . . .။

အဝေးဆုံးက အကောင်းဆုံးလူအဖြစ်နဲ့ပဲ ရှိနေပေးသွားတော့မယ်။

ရင်ခုန်တတ်အောင် ၊ ရင်မခုန်တတ်အောင် သင်ပေးခဲ့တဲ့ သခင့်အတွက်။
global warming အတွက်

(ပုံ link - မနိုင်းနိုင်းမှ)

Monday 8 October 2007

Using Akamai to bypass Internet censorship

အတားအဆီးများကို ကျော်ဖြတ်စို့ . . .။

များပြားလှတဲ့ proxy link တွေသုံးပြီး access denied ဆိုဒ်တွေကို ကျော်မရလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ Akamai ဆိုတဲ့နည်းကို သုံးကြည့်ပါဦးလို့ . . .
ဘယ်လိုဖြတ်ကျော်ကြမလဲ???
၁။ ပထမဆုံးအနေနဲ့ akamaitech.net ရဲ့ URL ကို address bar မှာရိုက်ထည့်ပါ။
ဥပမာ။
http://a1.g.akamaitech.net/6/6/6/6/
၂။ စောစောက link ရဲ့နောက်မှာ ကိုယ်သွားချင်တဲ့ ဆိုဒ်နာမည်ကို ရိုက်ပါ။
ဥပမာ။
http://www.yahoo.com/ ရှေ့ဆုံးမှာ http:// ထည့်ဖို့ မမေ့နဲ့နော်။

http://a1.g.akamaitech.net/6/6/6/6/www.yahoo.com/ ဒီအတိုင်းဖြစ်ရပါမယ်။ နောက်ဆုံးက “/” ကိုလည်း (မထည့်မဖြစ်) ထည့်ပေးရပါမယ်။
၃။ အဲဒီ link တွေ address bar မှာ ရိုက်ပြီးရင်တော့ enter သာ နှိပ်လိုက်ပါတော့ . . .။ ရာဟူး…… ကို ရောက်သွားပါလိမ့်မယ်။

အလုပ်မဖြစ်သေးဘူးလား???
အဲဒီလို လုပ်တာတောင်မရသေးဘူးဆိုရင်ကတော့ http://www.altavista.com/ ကို သွားပြီးတော့ “akamaitech.net” လို့ ရှာလိုက်ရင် အခြား akamaitech URL တွေ ထပ်ရပါလိမ့်မယ်။
ဥပမာ။
http://a1140.g.akamaitech.net/7/1140/950/d4879251d193d2/www.netaid.org/images/diamondrev.gif လိုမျိုးတွေပေါ့။ အဓိပါယ်ကတော့ www.netaid.org/images/diamondrev.gif ကို akamaitech.net ကနေတဆင့် သွားပါတဲ့။ အဲသလိုပဲ ရာဟူး၊ဂျီမေးလ်တို့ကို ပိတ်ထားတာကနေ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အချို့ ဆိုဒ်တွေကိုတော့ (http://a1.g.akamaitech.net/6/6/6/6/www.cnn.com/ ) ကျော်တဲ့ link တွေထိအောင် လိုက်ပြီး ပိတ်ထားတယ် ဆိုရင်ကတော့ အဲဒီဆိုဒ်တွေရဲ့ IP address တွေကနေတဆင့် သွားနိုင်ပါတယ်။ IP address ကို DOS prompt (Start>>Run>>cmd) ကို ဖွင့်ပြီး “ping www.cnn.com” လို့ ရှာလိုက်ရင်ရပါတယ်။ (အချို့ site တွေဆိုရင် ipaddress အတိုင်း address bar မှာ ရိုက်ပြီးသွားလို့ရပါတယ်။ e.g. kproxy = http://62.193.226.74) IP address ရရင်တော့ http://a1.g.akamaitech.net/6/6/6/6/”ipaddresshere”)/ လို့ ရိုက်လိုက်ရင်ရပါပြီ။ နာမည်အတိုင်းမသွားပဲနဲ့ IP address အတိုင်းသွားတဲ့ သဘောပေါ့ဗျာ။

ကျွန်တော်လည်း အဲသလောက်ပဲ တတ်သလောက်မှတ်သလောက် (ဘာသာပြန်) ထားလိုက်ပါတယ်။ အပြည့်အစုံ ဖတ်ချင်ရင်ကတော့ http://www.peacefire.org/bypass/Proxy/akamai.html ကို သွားကြည့်ကြပါခင်ဗျား။ လာရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အပိတ်အဆို့ အတားအဆီးများကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြပြီး လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ကြပါစေ . . .။

မှတ်ချက် ။ ။ အခု ကျွန်တော် စမ်းသပ်ကြည့်တာတော့ အဆင်မပြေသေးဘူးခင်ဗျ။ ဒါဆို မရသေးပဲနဲ့ ဘာလုပ်ဖို့ တင်သလဲဆိုတော့ ကျွန်တော်လုပ်တာ မရသေးလို့ အခြားကြည့်မိတဲ့သူများ စမ်းသပ်နိုင်ဖို့ပါခင်ဗျား ။ အခြား akamaitech link တွေလည်း တင်ပေးလိုက်ပါတယ်။ စမ်းသပ်ကျော်ခွကြပါခင်ဗျား ။ ရခဲ့လို့ ရှိရင်လဲ လက်တို့ လိုက်ပါဦး။
ကျေးဇူးတင်စွာဖြင့်
တော်ကီ

https://www.stupidcensorship.com/cgi-bin/nph-surf.cgi
a257.g.akamaitech.net/7/257/2422/23jun20030800/
a257.g.akamaitech.net/7/257/2422/01mar20051300/
a257.g.akamaitech.net/7/257/2422/27jun20051200/
a257.g.akamaitech.net/7/257/2422/06jun20051130/
a257.g.akamaitech.net/7/257/2422/17jan20061050/
a257.g.akamaitech.net/7/257/2422/28june20041215/
a257.g.akamaitech.net/7/257/2422/28june20041215/
a257.g.akamaitech.net/7/257/2422/26jun20031200/
a257.g.akamaitech.net/7/257/2422/27jun20051200/
a257.g.akamaitech.net/7/257/2422/23jun20051201/
a257.g.akamaitech.net/7/257/2422/05aug20041050/
a257.g.akamaitech.net/7/257/2422/14mar20010800/
a257.g.akamaitech.net/7/257/2422/21Feb20061230/
a257.g.akamaitech.net/7/257/2422/15feb20061230/
a257.g.akamaitech.net/7/257/2422/29june20041115/
a257.g.akamaitech.net/7/257/2422/14mar20010800/
a257.g.akamaitech.net/7/257/2422/01jan20051800/
a257.g.akamaitech.net/7/257/2422/24june20041200/
a257.g.akamaitech.net/7/257/2422/23jun20031600/
a257.g.akamaitech.net/7/257/2422/14mar20010800/
a257.g.akamaitech.net/7/257/2422/18jan20061100/
a257.g.akamaitech.net/7/257/2422/27jun20051200/

Sunday 7 October 2007

နေ့သစ်

ရှေ့ဆီမှာ ရောင်နီလေးသန်းလို့လာပြီ
မိုးလင်းတော့မယ် ထတော့ညီမလေးရယ်
အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ် …

ကိုယ်လက်ကို သန့်ရှင်းထား
စိတ်ဓါတ်ကို စုစည်းထား
ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်းအသစ်တွေပေးလာမယ် …

ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ
စောစောစီးစီး စကားမများကြနဲ့
ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ဝယ် …

လေကောင်းတွေ ရှူရှိုက်ကြ
သဘာဝကို မှီဝဲကြ
ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အားအသစ်တွေ ပေးလာမယ် …

ညအမှောင်ရယ် အိပ်မက်ဆိုးက နိုးလာပြီ
လမ်းဟောင်းဆက်မသွားဖို့ အမှားဟောင်းဆက်မမှားဖို့
ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ …

ရန်ငြိုးတွေ ဖြေဖျောက်စို့
သွေးရင်းလို လက်တွဲစို့
ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာမယ် …

ဒီသီချင်းကို စိုင်းထီးဆိုင်က သီဆိုထားတာပါ။ upload လုပ်ပါဦးမယ်။ အရင်တင်ထားတဲ့ သီချင်းတွေကိုလည်း download လုပ်လို့ရမယ်ထင်ပါတယ်။