လွန်ခဲ့တဲ့ ၆၂ နှစ် …
အချိန်ကာလ အားဖြင့် အတော် ကြာခဲ့ပြီပဲ။ ဒါပေမယ့် မြန်မာနိုင်ငံဆိုတာ မွေးဖွားလာဖို့ ဒီနေ့မှာ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ မရှိမဖြစ်လိုအပ်ခဲ့တယ်။
ပြည်ထောင်စုဆိုတဲ့ နာမည် တစ်ခုအတွက် သူတို့ သွေးချွေးနဲ့ ရင်းပြီး ညီညွတ်မှုကို ရယူနိုင်ခဲ့တယ်။
ပြည့်စုံကြွယ်ဝတဲ့ ပြည်ထောင်စု တစ်ခုကို သူတို့ အိမ်မက် မက်ခဲ့ ပျော်ခဲ့ ကြမှာပါ။
၆၂နှစ် …
သြော် .. ဒီနေ့ ၆၂ နှစ်ပြည့် ပြည်ထောင်စုနေ့ပါလား
ထိုနေ့ ထိုအချိန်သည် ပြည်ထောင်စု မြန်မာနိုင်ငံ တည်းဟူသော သားရတနာအတွက် ကာလရေကြည် တည်သော အချိန်ဖြစ်ပေတည်း။
. . .
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရာဇ၀င်တွင်သည့် ပင်လုံစာချုပ် ကို အောက်ပါ ခေါင်းဆောင်ကြီးများက လက်မှတ်ရေးထိုးကြလေသည်။
၁။ ဗိုလ်ချုပ်အောင်ဆန်း ( ဗမာပြည် ခေါင်းဆောင် )
၂။ စောခွန်ပန်းဆိုင် ( တောင်ပိုင် စော်ဘွား )
၃။ စောရွှေသိုက် ( ညောင်ရွှေ စော်ဘွား )
၎။ စောဟုံဖ ( မြောက်ပိုင်းသိန်းနီ စော်ဘွား )
၅။ စောနန်း ( လဲချား စော်ဘွား )
၆။ စောထွန်းအေး ( သာခမန်း စော်ဘွား )
၈။ ဦးတင်အေး ( လူထုကိုယ်စားလှယ်၊ တောင်ကြီး )
၉။ ဦးကြာပု ( လူထုကိုယ်စားလှယ်၊ သီပေါ )
၁၀။ စောယစ်ဖ ( လူထုကိုယ်စားလှယ်၊ သီပေါ )
၁၁။ ဆမားဒူးဝါးနောင် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၂။ ဇော်ရစ် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၃။ ခွန်ထီး ( လူထုကိုယ်စားလှယ်၊ ပင်လုံ )
၁၄။ ဦးထွန်းမြင့် ( လူထုကိုယ်စားလှယ်၊ မောက်မယ် )
၁၅။ ခွန်စော ( လူထုကိုယ်စားလှယ်၊ ပင်းတယ )
၁၆။ ဦးဖြူ ( စော်ဘွားကိုယ်စား၊ ကျိုင်းတုံ )
၁၇။ တန်ရဒေါင် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၈။ ဒူးဝါးဇော်လွန်း ( ကချင်ကိုယ်စားလှယ်၊ ဗန်းမော် )
၁၉။ လဘန်းဂရောင်း ( ကချင်ကိုယ်စားလှယ်၊ ဗန်းမော် )
၂၀။ ဦးလှာမောင် ( ချင်းကိုယ်စားလှယ်၊ ဖလမ်း )
၂၁။ ဦးသောင်ဇာခုတ် ( ချင်းကိုယ်စားလှယ်၊ တစ်ဒင်း )
၂၂။ ဦးဝမ်ကိုဟော ( ချင်းကိုယ်စားလှယ်၊ ဟတ်ကား )
ထိုနေ့ ထိုအချိန်သည် ပြည်ထောင်စု မြန်မာနိုင်ငံ တည်းဟူသော သားရတနာအတွက် ကာလရေကြည် တည်သော အချိန်ဖြစ်ပေတည်း။
ဒီနေရာကနေ ကူးယူဖော်ပြပါတယ်။
`ဒို့ပြည်ထောင်စု အလံတော်သည် ~~~ တလူလူ လွှင့်လို့ ချီလာပြီ ~~~ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည် ~~~ အလေးပြု အလေးပြုကြပါမည်´
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့ကို ရောက်ဖို့ နီးကပ်လာပြီဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ တနှစ်တာ နားနေခဲ့တဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်းအလိုက် သယ်ဆောင်ပြီးတော့ ပြည်ထောင်စု အလံရောက်ရှိ ညအိပ်ရပ်နားရာ မြို့တွေမှာ ပြည်ထောင်စုနေ့ ပြပွဲတွေ ကျင်းပလေ့ရှိပါတယ်။
လွန်ခဲ့တဲ့ ၆၁ နှစ် ကျော် အချိန်တုန်းကတော့ ဗမာပြည်မနဲ့ နယ်စပ်ဒေသတွေကို နိုင်ငံရေး အရဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း မရှိနိုင်အောင် နယ်ချဲ့အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့ နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။
ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ရှမ်းပြည်စော်ဘွားတွေဟာ နယ်စပ်ဒေသခေါင်းဆောင်များနဲ့ ဗမာပြည်မ ခေါင်းဆောင်များ ရှမ်းပြည်တနေရာမှာ တွေ့ဆုံပြီး နှီးနှောဖလှယ်ဖို့ စီမံခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် ပထမပင်လုံ ညီလာခံကြီး ပေါက်ဖွားလာခဲ့ပါတယ်။ ပထမ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ရှမ်းပြည်က မျက်နှာဖြူ အရာရှိတွေက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
ပထမ ပင်လုံညီလာခံကနေ အစပြုပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သဘောတရားများဟာ စတင် အမြစ်တွယ်ခဲ့ပါတယ်။ နယ်စပ်ဒေသ ခေါင်းဆောင်များ ညီညွတ်စွာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီကမှ တဆင့် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ်၊ ဖော်ဖော်ဝါရလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပတဲ့ ဒုတိယ ပင်လုံညီလာခံမှာ တော့ နယ်စပ်ဒေသ ခေါင်းဆောင်တွေဟာ အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်သို့ တက်ရောက်ဖို့ တညီတညွှတ်တည်း သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို `ပြည်ထောင်စုနေ့´ ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ `ပြည်ထောင်စုနေ့´ ရဲ့ သရုပ်ဟာ ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။ ဒါကြောင့်လဲပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာကနေ ကူးယူဖော်ပြပါတယ်။