ခရီးသွားရာကပြန်ရောက်ပာပြီ။ ဟိုမှာ အင်တာနက်နဲ့ဝေးနေလို့ မသုံးဖြစ်တာ ၁ပတ်လောက် ကြာသွားတယ်။ စာကြွေးတွေလည်း တနင့်တပိုး၊ ပြန်ဖို့အတွက် ပြင်ဆင်စရာတွေလည်း တစ်ပုံကြီး။ ဒီနေ့ည မီးပန်းဖောက်တာ ဓာတ်ပုံရိုက်သွားဦးမှာမို့ ရေးလက်စ၊ ရေးလတဿတံ့ အားလုံးကို ၂၀၁၀ အထိ အကြွေးယူသွားဦးမယ်။ အားလုံးကို ကြိုပြီး wish လုပ်ထားပာတယ်။ HAPPY NEWYEAR ပာ။ မနှစ်ကလိုပဲ ထွေထွေထူးထူး လုပ်ဖြစ်မယ်မထင်ပာဘူး။ မတူတာက မနှစ်တုန်းက sms ပို့ရင်း မီးပုံပွဲ အသေးလေးလုပ်ပြီး အဆောင်ရှေ့မှာ new year ကိုကြိုတယ်။ ဒီနှစ်တော့ Harbour Bridge မှာ တစ်ယောက်တည်း ဓာတ်ပုံရိုက်ရင်း ကြိုမယ်။ အနေဝေးလို့ သွေးအေးသွားပြီထင်မလားမသိ sms ဝေးလို့ အီးမေလ်းတောင် အနိုင်နိုင်။ တွေ့တော့မှ ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်။ အင်တာနက် ဘယ်လောက်ကောင်းကောင်း တကယ့် real world ကိုတော့ မီနိုင်မှာ မဟုတ်ပာဘူးလေ။ (အမှန်တော့ ဒာက အဆက်အသွယ်ကြဲသွားလို့ ပေးတဲ့ အကြောင်းပြချက်)
၂၀၀၉ မှာ...
အင်တာနက် အဆင်သင့်တဲ့နေရာရောက်လာလို့ စာတွေပိုဖတ်ဖြစ်တယ်။ ပိုရေးဖြစ်တယ်။
လုပ်ချင်တာတွေ၊ လေ့လာချင်တာတွေ ပိုများလာပေမယ့် အချိန်ရှားနေသေးလို့ ထင်သလောက် မပောက်သေးဘူးဖြစ်နေတယ်။ သူများတွေလုပ်တာ အားမရပေမယ့် ကိုယ်ကိုယ်ကိုယ် မလုပ်နိုင်သေးတာကို ပိုအားမရဖြစ်မိတယ်။ ငာဆိုရင် ဘယ်လိုမျိုးလုပ်လိုက်မယ်ဆိုတာတွေ များနေပြီး လက်တွေ့မှာ ဖြစ်မလာသေးတာတွေပော့။
တစ်ယောက်တည်း ရင်ဆိုင်ရတာများတော့ ဘာပဲလာလာ သိပ်မတုန်လှုပ်တတ်တော့ဘူး။ ကောင်းတဲ့သဘောတော့ မဟုတ်ဘူးထင်ပာရဲ့။ အဆက်အသွယ် ပြတ်လို့ မဖြစ်တဲ့သူတစ်ချို့နဲ့ပဲ ဆက်သွယ်ဖြစ်တယ်။ ရလာဒ်က ၂၀၀၈ မှာထက် အပြင်မှာတွေ့ပြီး စကားပြောဖြစ်(ဆက်ဆံဖြစ်)တဲ့ လူဦးရေ နည်းမယ်ထင်တယ်။
Facebook စသုံးဖြစ်ပြီးတော့ ဟိုးတုန်းက (သိခဲ့သင့်ရဲ့သားနဲ့) မသိခဲ့တဲ့ သူငယ်ချင်းတွေ၊ နောက်မှသိလာတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရလာတယ်။
...
...
...
...
ဒီလောက်ပာပဲ။ လာဖတ်ပြီး off topic ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပာဘူး။ ၂၀၀၉ ဒီဇင်ဘာရဲ့ နောက်ဆုံးပို့စ်အနေနဲ့ တင်လိုက်ပာတယ်။ နောက်နှစ်တွေမှာ original posts တွေ အခုလက်ရှိထက် ပိုပြီး တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ချက်ချရင်း ၂၀၀၉ ကို နှုတ်ဆက်လိုက်ပာတယ်။
အားလုံးပဲ စိတ်ရော ကိုယ်ပာ ချမ်းမြေ့ပာစေ။