Friday 27 November 2009

အပျင်းဖျားခြင်း

စာမေးပွဲတွေကတော့ ၉၅ % လောက်ပြီးသွားပာပြီ။ ဒာပေမယ့် စာပြန်ရေးဖို့ရာ အာရုံမရသေးတာကြောင့် မရေးလက်စအရှိန်နဲ့ လှိမ့်နေဖြစ်ဦးမယ်။ ကျောင်းသင်ခန်းစာတွေပြီးတော့ ကိုယ်ပိုင် သင်ခန်းစာအနေနဲ့ wordpress ကို လေ့လာနေတယ်။ php အကြောင်းဖတ်နေတယ်။ ကိုယ်ပိုင် လောက်လောက်လားလား website လေးတစ်ခု ဖြစ်ဖို့ ကြိုးစားနေတယ်။ ၉လပိုင်းကတည်းက request လုပ်ထားတာ ဟိုရက်ပိုင်းကမှ invitation ရလို့ google wave စမ်းသုံးနေတယ်။ မဆိုးဘူးလို့ မှတ်ချက်ချမိတယ်။ (ကိုရွာသား မရှိသေးရင် အီးမေလ်းပေးပာ အင်ဗိုက်လုပ်ပေးမယ်။ တခြားလိုချင်တဲ့သူတွေ ရှိရင်လည်း ကွန်မန့်မှာဖြစ်ဖြစ်၊ မေလ်းမှာဖြစ်ဖြစ် အီးမေလ်းထားခဲ့လို့ရပာတယ်။   အခုချိန်ထိတော့ invitation ၆ခုလောက် ကျန်သေးတယ်။ first come, first served :) ဒီအကြောင်းကို ဟိုတစ်ရက်က အကျယ်ချဲ့ ရေးပြီးမှ ပြန်ဖျက်လိုက်တယ် တောင်းတဲ့သူတွေများပြီး မပေးနိုင်ဖြစ်နေမှာဆိုးလို့။ အခုကတော့ ကြုံလို့ပြန်ရေးမိပြန်ပြီ)။ နောက်ဆုံးတစ်ခုကတော့ အိမ်ပြန်ဖို့ ပြင်ဆင်နေတယ်။ :) ၁လပိုင်းမှာ ပြန်ပာမယ်။ BarCampYangon လုပ်ဖြစ်ဖို့ ဆုတောင်းနေတယ်။ ဒီဇင်ဘာက လေယာဉ်ခ ဈေးကြီးလို့ မပြန်နိုင်ပာ။ လာလည်တဲ့သူတွေကို ကျေးဇူးတင်ပာတယ်။ အသစ်တွေ မတင်နိုင်လို့ အားလည်းနာပာတယ်။ အားလုံးပဲ အစစ အရာရာ အဆင်ပြေပာစေဗျာ။ တှောသေပြီ။

တှောကီ follow me at @talkiiblog