Saturday, 1 August 2009

Desktop ပေါ်မှာ ဘောင်ခတ်မယ်

ကျွန်တော် ကွန်ပျူတာမှာဆိုရင် desktop ပေါ်မှာ ဖိုင်တွေ၊ short-cut တွေ နဲ့ icon ပေါင်း အနည်းဆုံး ၂၀ လောက် ဿရှုပ်နေတတ်ပါတယ်။ အင်တာနက်သုံးနေရင်း အရေးကြီးတာလေးတွေ့ရင် desktop ပေါ်မှာ အလွယ်တကူ သိမ်းထားလိုက်တယ်။ နောက် အဲဒါမျိုးတွေ များလာတော့ ဖိုလ်ဒါတစ်ခုထဲ စုထည့်လိုက်ပြန်တယ်။ ဒီလိုနဲ့ ဖိုလ်ဒါတွေ များများလာလိုက်တာ short-cut တစ်ခုခု ဖွင့်ချင်ပြီဆိုရင် လိုက်ရှာနေရတာကိုက အလုပ်တစ်ခုဖြစ်နေတယ်။ အခုတော့ အဲဒီလို ရှာရတဲ့ ဒုကဿဿဿခေဘးကေန အခုပြောမယ့် software အကူအညီကြောင့် ဝေးသွားရပြီ။
Stardock ဆိုတာ windows XP ကနေ vista UI တွေ ပြောင်းလို့ရတဲ့ software objeckdock ကို ထုတ်ခဲ့တဲ့ ကုမဿပဏီပဲ ဖြစ်ပါတယ်။ အဲဒီကနေပဲ fences ဆိုတဲ့ program လေးတစ်ခု ထုတ်ထားပါသေးတယ်။ အထက်မှာပြောခဲ့သလိုပဲ desktop ပေါ်မှာ ရှုပ်နေတဲ့ အိုင်ကွန်တွေကို သူ့အစုနဲ့သူ ခွဲပြီးပေးထားမှာပါ။ အစုနာမည်ကိုလည်း ကြိုက်နှစ်သက်ရာ ထားလို့ရတဲ့အတွက် desktop ကို ကိုယ့်စိတ်ကြိုက်ထားလို့ရပါတယ်။ အရောင်တွေ၊ နေရာတွေကိုလည်း ကိုယ့်သဘောကျ customize လုပ်လို့ရပါတယ်။ အသုံးပြုပုံကလည်း ရှင်းလင်းလွယ်ကူတဲ့အတွက် အထူတလည် မပြောတော့ပါဘူး။ ကိုယ်ကိုယ်တိုင် စမ်းကြည့်လိုက်ပါဦး။ ကျွန်တော်လို desktop ပေါ်မှာ ဖိုင်အများကြီးသုံးတဲ့သူတွေအတွက်  အသုံးဝင်မယ်ထင်ပါတယ်။

beforeafter

သဘောကျမယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။ ( 8 MB ကျော်ကျော်ရှိပါတယ်)။ Free version အဖြစ်ပေးထားပြီးတော့ နောက်နှစ်ကုန်ပိုင်းမှာလည်း ရောင်းချတဲ့ version အဖြစ် features တွေ ပိုမိုပါဝင်လာမယ်လို့ သိရပါတယ်။ personal use အတွက် free ပေးထားတာမို့ စမ်းသပ်ကြည့်ပါဦး။

more details here!

တော်ကီ

Wednesday, 29 July 2009

Free calls to SG and other 7 countries


မဂဿငလာပါ။ အင်တာနက်ကနေ နိုင်ငံတကာကို ဖုန်းခေါ်ဆိုလို့ရမယ့် နေရာတစ်ခုကို ညွှန်းဆိုချင်ပါတယ်။ နိုင်ငံတကာလို့ဆိုရာမှာ ယူအက်စ်၊ ကနေဒါ၊ တရုတ်၊ စင်ကာပူနဲ့၊ ဟောင်ကောင် နိုင်ငံတွေက အိမ်ဖုန်း၊ လက်ကိုင်ဖုန်း ၂မျိုးလုံးကို ခေါ်ဆိုနိုင်ပြီးတော့ ယူကေ၊ ထိုင်ဝမ်နဲ့ အော်ဇီနိုင်ငံတွေက အိမ်ဖုန်းတွေကို ခေါ်လို့ရမှာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဖို့ လိုအပ်ချက်
၁။ မြန်နှုန်းအသင့်အတင့်ရှိတဲ့ အင်တာနက်
၂။ Software and account from Mediaring (both are FOC)
၃။ ခေါ်ဆိုရမယ့် ဖုန်းနံပါတ်ပေါ့ဗျာ :)

အကောင့်တစ်ခုအရင်ဆုံးလုပ်မယ်။ ပြီးရင် လိုအပ်တဲ့ software ကိုဒေါင်းမယ်။ ပြီးရင်တော့ login ၀င်ပြီး ခေါ်ဆိုလို့ရပါပြီ။ ဖုန်းခလား ၃၀ ရက် ၉လပိုင်း ၂၀၀၉ အထိ ဖရီးပေးထားမှာပါ။ (Promotion တွေလည်း ထပ်တိုးပေးတတ်ပါတယ်) အကောင့်အသစ်လုပ်ပြီး အမြန်ဆုံး ကြိုးစားကြည့်ပါဦး။ အသေးစိတ်ကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

PS: VoIP ကို (ကျွန်တော်သိသလောက်) လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီးတော့ အသုံးပြုမှုများပြားလာခဲ့ပါတယ်။ အဓိကအကြောင်းကတော့ ဖုန်းခေါ်စရိတ် သက်သာစေဖို့အတွက် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ အခွင့်သင့်ရင် VoIP အကြောင်း ရေးမယ် စိတ်ကူးမိတယ်။ တခြား ဒီလို VoIP services တွေကတော့ အားလုံးသိပြီးဖြစ်တဲ့ gtalk, skype, pfingo နဲ့ အခြား နေရာများစွာရှိပါတယ်။ မြန်မာလိုဆိုရင် Bamartalk ဆိုတဲ့ service တစ်ခု ရှိတယ်။ ဈေးနှုန်းကတော့ မြန်မာပြည်ကြိုးဖုန်းကိုခေါ်ချင်ရင် 18c/min တဲ့။ သုံးတော့ မသုံးဖူးဘူး။ Valentine's day တွေမှာတော့ ဖရီးပေးတယ်လို့ ရေးထားပါတယ်။ အဆင်ပြေပြေ ဆက်သွယ်နိုင်ကြပါစေ။ :)

တော်ကီ