Sunday 2 September 2007

အကျင့်ဆိုး

အကျင့်ဆိုး

* အလုပ်လုပ်ရာဝယ် အစကသာရာ အဆုံးထိအောင်ပင် မကျန်ချင်တယ် အားလျော့တာရယ် ပေါ့လျော့တာရယ် အဲဒါ အကျင့်ဆိုးတယ်။ အို … တစ်ယောက်က ဒီလို တစ်ယောက်က ဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်။ နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ ရက်တွေ ကုန်ခဲ့တယ်။ ဒီလို အကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ်။ မြန်မာပြည်မှာကွယ် ကောင်းအောင်မထူး မနောကကွယ် ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှနာခံတယ်။

** ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်။ ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်း တည့်အောင် မပေါင်းကြတယ်။ သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။ သူလုပ်တော့ အရာရာမတွင်ကျယ် အများတကာ လုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ် အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။

*** အလိုက်မသိတာတွေရယ် ကိုယ့်အဖို့တော့ ကိုယ်သိတယ် နောက်လူတော့ မသိပါရယ် ဒီအကျင့်မျိုး အလွန်ဆိုးတယ်။ ရှေးစကားတွေကိုပယ် ခေတ်အလိုက်တော့ သူနားမလည်။ ဆရာ့ကိုလည်း ပစ်ခါပယ် ဒီအကျင့်မျိုး အလွန်ဆိုးတယ်။ ကမ္ဘာမှာလည်း ခေတ်မီဖွယ် ကမ္ဘာမှာလည်း ခေတ်မီဖွယ် မြန်မာနိုင်ငံကြီးကိုတကယ် ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ ဒီသီချင်းတေးသံ မနှေးပဲ ပြုပြင်မယ်။

**

သီချင်းတွေ Upload လုပ်ချင်ပါတယ်။ www.fileden.com ကလည်း အဆင်မပြေသေးဘူးဖြစ်နေပါတယ်။

|


Post a Comment