Saturday 22 August 2009

လွမ်းတဲ့ပို့စ်



ကံချွန်လို့ ဆိုလိုက်တာနဲ့ တော်တော်များများက သူ့ရဲ့ ဟာသတွေကို ပြေးမြင်ကြလိမ့်မယ်ထင်တယ်။ ပေါ့ပေါ့ဟားဟား ဟာသများ၊ ဒိုးဒိုးဒေါက်ဒေါက် ဟာသများ၊ ဘ နဲ့ ဖွား(လို့ထင်တာပဲ) စတာတွေဟာ နာမည်နဲ့လိုက်အောင်ပဲ ပေါ့ပေါ့ပါးပါးတွေ ဖြစ်လို့ နာမည်ကျော် တွေပဲ ဖြစ်ပါတယ်။ နောက် ဝတဿထုတွေမှာလဲ ဒသဿသနလေးတွေကို ဟာသနဲ့အတူ ထည့်ပေးတတ်တာကြောင့် လူကြိုက်များခဲ့ပါတယ်။ မနဿတလေးသကြဿငန်အကြောင်းကို လွမ်းထားတာကလည်း ကိုယ်တိုင်ကိုယ်ကျ မရောက် မမီလိုက်တာကိုပဲ လွမ်းသွားချင်လောက်အောင်ကို ထိမိလှပါတယ်။ ကျွန်တော်အတွက်ကတော့ သူရေးခဲ့တဲ့ အတွေ့အကြုံပေးတဲ့စာတွေ၊ လက်ဆင့်ကမ်းစာတွေဟာ ကြိုးစားချင်စိတ်ဖြစ်လာအောင်၊ ယုံကြည်ချက် တိုးပွားလာအောင် မြှင့်တင်ပေးခဲ့လို့မို့ အခုချိန်ထိ မေ့မရသေးပါဘူး။ အခွင့်ကြုံသေးရင် ဆရာဟောပြောတဲ့ စာပေဟောပြောပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ နားထောင်ချင်မိတဲ့ဆိုတဲ့ ဆနဿဒကလေးကို စောစောကလေးကတင် ဖတ်မိတဲ့ သတင်းကြောင့် ကျိုးကြေသွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်ဆရာ ကံချွန်တစ်ယောက် ၆၄နှစ်အရွယ်မှာပဲ ချစ်တဲ့ အနုပညာတွေကို ခွဲခွါသွားခဲ့ပြီဖြစ်ပါတယ်။ ဘလော့ဂ်စရေးတုန်းကလည်း ကံချွန်ရဲ့ စာအုပ်ဖတ်နေတဲ့အချိန်ဆိုတော့ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို ရေးတင်ခဲ့တာ သတိရမိတယ်။ အမြင်မတော်တာတွေ၊ သရော်စာတွေကိုလည်း ရေးခဲ့ဖူးလို့ မတဲ့ တဲ့သူတွေက ဆူးလှည်းလို့ အမည်ပေးတယ်လို့ ဖတ်ဖူးပါတယ်။ ဒါကိုလည်း ဆူးလှည်းဆိုတဲ့ စာအုပ်ထဲမှာ လှည်းပေါ်တင်ထားတဲ့ ဆူးခက်တွေက ဝင်းထရံလုံခြုံအောင်ကာဖို့ ဖြစ်တယ်လို့ ထိထိမိမိ ချေပထားတာကို မှတ်သားရပါတယ်။

အချိန်ကို အသုံးချမမှားဖို့ရာတွေ၊ ကျိုးကြောင်းဆီလျော်အောင် တွေးတတ်ဖို့ လေ့ကျင့်နိုင်တာတွေ နဲ့ တခြားသော ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့၊ နှမျောစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက် ကြွေလွင့်သွားတာကို လွမ်းဆွတ်တမ်းတရင်း ...။

တော်ကီ။

မှတ်ချက်။ ။ စာအုပ်တွေကိုတော့ ဝိညာဉ်သစ် နဲ့ တခြားနေရာ တော်တော်များများမှာ ရှာပြီး ဖတ်ရှုလို့ရပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ ပြည်သူချစ်တဲ့ အနုပညာရှင် ၂ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ :(

|


Post a Comment