Saturday 21 March 2009

Earth Hour

နေ့ရက် ..... ၂၈/၂/၂၀၀၉
အချိန် ...... ည ၈:၃၀ မှ ၉:၃၀ အထိ

တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၈၀ ကျော်၊ မြို့ပေါင်း ၁၈၀၀ ကျော်မှာ တစ်စုတစ်ဝေးတည်း ပြုလုပ်မယ် ရွေးကောက်ပွဲတစ်ခုရှိပါတယ်။ အရွေးချယ်ခံမယ့် ခေါင်းဆောင်နှစ်ဦးကတော့ ကမ္ဘာမြေနဲ့ ကမ္ဘာပူနွေးလာမှုဆိုတဲ့ အင်အားကြီးပြိုင်ဘက်နှစ်ခုပါ။ ဘယ်လိုရွေးမှာလဲဆိုတော့ ကမ္ဘာကို ရွေးချယ်မယ့်သူတွေဟာ ကိုယ်ပိုင်စံတော်ချိန် ည၈နာရီခွဲကနေ ည နာရီခွဲအထိ လျှပ်စစ်မီးအသုံးမပြုဘဲ တစ်နာရီကြာနေကြမှာဖြစ်ပါတယ်။ Earth Hour မှာတော့ ကမ္ဘာမြေကြီးဘက်ကနေ မဲဆွယ်တဲ့ အကြောင်းအရာတွေ၊ သတင်းတွေ စသဖြင့် ဖေါ်ပြထားပါတယ်။ ဒီနေရာ မှာလည်း အဲသလိုပဲ မဲဆွယ်နေကြပါတယ်။ ဒါတွေကို ကြည့်ပြီး သူတို့အတွက် တော်တော်လေးသနားသွားတယ်။ အော် သူတို့တွေက ဖျက်ဆီးတုန်းက ဖျက်ဆီးကြပြီး အခုကြမှ ကမ္ဘာကြီးကို ကယ်တင်ကြ ဘာညာနဲ့ အပြောကောင်းနေလိုက်တာလို့လည်း ကျွန်တော် အပြစ်တင်မိတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက Earth Hour အတွက်တင်မဟုတ်ဘူး။ Thomas Edison ကို ဂုဏ်ပြုလိုက်ကြတာများ ဟိုးရှေးပဝေသဏီကတည်းက။ ဆုပေးပွဲမလုပ်လို့ လုပ်များလုပ်ဖြစ်ရင် တို့တွေ ကမ္ဘာကြီးကို ထိန်းသိမ်းတဲ့ဆု၊ ပတ်ဝန်းကျင် ဂေဟ စနစ်ကို စောင့်ရှောက်တဲ့ဆု၊ ဆုတွေဆုတွေ နာမည်တောင် တပ်လို့ကုန်မှာမဟုတ်ဘူးလို့ တွေးမိတယ်။ ကဲပါလေ ဒါတွေပြောရင် ဒေါတွေပါလိမ့်မယ်။ စိတ်ဝင်စားတဲ့သူတွေ သွားကြည့်လို့ရအောင် share လိုက်ပါတယ်။ အခြားနိုင်ငံကသူတွေ စိတ်ဝင်စားရင်၊ တတ်နိုင်ရင်ပါဝင်ကြပေါ့။ ကျုပ်တို့တွေကတော့ ထွေထူးပြီး ပြောစရာမလိုပါဘူး။ ကမ္ဘာကြီးကို အရမ်းချစ်တာ။






လေးဖြူသီချင်းကို သွားသတိရတယ်။ အရင်လိုပါပဲ တဲ့။ myanmarsong ကနေကူးယူထားပါတယ်။ နားထောင်ကြည့်လိုက်ပါဦး။

လည်ပတ်နေတဲ့ ဂျင်နရေတာတွေ အရင်အတိုင်းပဲ တထုံးထုံးနဲ့ဆိုတာ နင်သိနေဖို့ ငါလိုအပ်တယ်...မှောင်မဲနေတဲ့မြန်မာပြည်ဟာအရင်တိုင်းပဲမီးပျက်ဆဲဆိုတာနင်သိနေဖို့ငါလိုအပ်တယ်...
တကယ့်အဖြစ်တို့ မပြောင်းလဲသေးပါကွယ်..
မထူးဆန်းတဲ့တို့ရဲ့ ဘ၀တွေလဲ မပြောင်းလဲပါကွယ်....
လေလွင့်နေတဲ့ ပျိုရွယ်သူတွေ အရင်အတိုင်းပဲ အလုပ်မဲ့ဆဲဆိုတာ နင်သိနေ ဖို့ ငါ လိုအပ်တယ်....မျှောင်လင့်နေတဲ့ ရွှေပြည်တော်ဟာ အရင်အတိုင်းပဲ ဝေးလွင့်ဆဲဆိုတာ နင်သိနေ ဖို့ ငါလိုအပ်တယ်...အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီကွယ့်...
မထူးဆန်းဘူးတို့ အိပ်မက်တွေလည်း မဟောင်းသေးပါကွယ် နင် အမြန်ပြန်စဉ်းစား နင်အမြန် ပြင်ပစ်လိုက် တို့ပြည်ကို
နင် အမြန်ပြန်စဉ်းစား နင်အမြန် ပြင်ပစ်လိုက်ပါ..နင် အမြန်ပြန်စဉ်းစား နင်အမြန် ပြင်ပစ်လိုက် တို့ပြည်ကို
နင် အမြန်ပြန်စဉ်းစား နင်အမြန် ပြင်ပစ်လိုက်ပါ..
နင်ပြန် ကုစားလိုက်ကွယ်...
ရွှေပြည်ဟာ နာဖျားဆဲပါ....
ရေး....ရေး...ရေးး......
ရေး....ရေး...ရေးး......
ရေး....ရေး...ရေးး......
ရေး....ရေး...ရေးး......

Saturday 7 March 2009

Statcounter in Our Language?

Statcounter ဆိုတာ blog ရေးတဲ့သူတိုင်း ကြားဖူး သုံးဖူးကြမှာပါ။ http://myanmarblogdirectory.blogspot.com မှာလည်း ဒီလို ပြောပြထားပါတယ်။ အခု ကျွန်တော်ပြောချင်တာကတော့ အဲဒီ statcounter ကနေ သူ့ရဲ့ website ကို အခြားဘာသာကို ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံက statcounter အသုံးပြုသူတွေကလည်း ကိုယ့်နိုင်ငံက အသုံးပြုသူတွေလွယ်အောင် ဆိုင်ရာ ဘာသာကို ပြန်နိုင်အောင် အသီးသီး စွမ်းဆောင်နေကြပြီ။ ကျွန်တော်တို့တစ်တွေရော statcounter ကို မြန်မာဘာသာအနေနဲ့ တွေမြင်ခွင့်ရနိုင်ရင် ကောင်းမယ်လို့ထင်မိပါတယ်။ အသစ်သုံးမယ်သူတွေအားလုံး အဆင်ပြေပြေ လွယ်လွယ်ကူကူနဲ့ သုံးနိုင်တာပေါ့။ တစ်ခုတော့ ပြောလို့ရတယ်။ ဒီအတိုင်းလည်း လွယ်နေတာပဲ။ register လုပ်မယ်။ coding လေးထည့်လိုက်မယ်။ အဆင်ပြေနေတာပဲ။ အဲသလိုဆိုရင်တော့ တခြားသူတွေလည်း ကြိုးစားပြီး သူတို့ဘာသာကို ပြန်နေကြမှာ မဟုတ်ပါဘူး။ အဓိကပြောချင်တာက ကိုယ့်ဘာသာနဲ့ဆိုတော့ English အားနည်းတဲ့သူတွေအားလုံး ပိုပြီး အဆင်ပြေပြေ သုံးနိုင်အောင် ရည်ရွယ်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ တတ်နိုင်သလောက် ပါဝင်သွားမယ်လို့ စိတ်ကူးထားတယ်ဗျ။ စာဖတ်သူ အစ်ကို အစ်မတွေရော ဘယ်လို သဘဘောရပါသလဲ?


ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရန်အတွက် ဒီနေရာကို click ပါ။

ဘာသာပြန်တဲ့အတွက်ကတော့ အကောင့်တစ်ခု ဖွင့်ရပါလိမ့်မယ်။ ဒီနေရာ မှာပါ။

မြန်မာဘာသာပြန်ဖို့ တောင်းဆိုနိုင်တဲ့နေရာကတော့ ဒီနေရာမှာပါ။