Friday 28 August 2009

Let's make visitors surprise (and happy?)

လာလည်တဲ့သူတွေ စာဖတ်တာအပြင် နဲနဲလေး အလုပ်ပေးလိုက်မယ်။ ခင်ဗျားမှာ blog တစ်ခုရှိရင် ဒါမှမဟုတ် website တစ်ခုရှိရင် ခင်ဗျားလည်း ကျွန်တော်လုပ်ထားသလို လုပ်နိုင်ပါလိမ့်မယ်။ အိုင်ဒီယာကောင်းရင် ကောင်းသလို ထပ်ချဲ့လို့လဲ ရပါတယ်။ ဒါနဲ့ ဒီစာကို အီးမေလ်းကနေဖတ်နေတယ်ဆိုရင်တော့ ကျွန်တော်ဘလော့မှာ စမ်းသပ်ဖို့ ဖိတ်ခေါ်ပါရစေ။ :)

ကဲစပြီ။

ကီးဘုတ်ကနေ (အဂဿငလိပ်လက်ကွက်ဖြင့်) arrow ကီးတွေကိုသုံးပြီး
up up down down left right left right b a
ဆိုတာကို ရိုက်ကြည့်လိုက်ပါ။ ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ ကိုယ်တိုင် ခံစားကြည့်ပါဦး။

:)

Alert box တစ်ခုပှေါလာမယ်။ နောက် ပုံလေးပှေါလာမယ်။ ဘယ်လိုဖြစ်လို့ပှေါလာတာလဲ။ ရှင်းရှင်းလေးပါ။ Konami Code လို့ခေါ်တဲ့ javascript ကုဒ်လေး ထည့်ထားတာပါပဲ။ အဲဒီ ကုဒ်ဖြစ်ပေါ်လာဖို့ရာကတော့ ဂျပန်လူမျိုး ကာဇူဟိဆ ဟရှီမိုတို ကနေ ၁၉၈၅ မှာ စတင်ခဲ့တာပါ။ သူကတော့ ကိုနာမီ (konami) ကထုတ်တဲ့ ဂိမ်းအသစ်တစ်ခုကို စမ်းသပ်ရင်းနဲ့ ဆော့ဖို့ ခက်ခဲတာကြောင့် ခိုးနည်းအဖြစ်နဲ့ တီထွင်ခဲ့တာပါ။ အဲဒီဂိမ်းဆော့ရင်း အထက်ပါ ကုဒ်အတိုင်းပဲ တီဗီဂိမ်းစက် controller ကနေ နှိပ်လိုက်ရင် ပါဝါအပြည့်နဲ့ အသက် အပိုတွေလည်း ရလာအောင် လုပ်ထားပါတယ်တဲ့။ ဒီလိုနဲ့ ကိုနာမီ ဂိမ်းတော်တော်များများမှာ အဲဒီခိုးနည်းဟာ အသုံးဝင်လာလိုက်တာ Nintendo Entertainment System ရဲ့ Gradius နဲ့ အခြားဂိမ်းမှာပါ ထည့်သွင်းလာပါတယ်။ ဆော့နေရင်းနဲ့ pause ခဏလုပ်လိုက်ပြီး ခိုးလိုက်ရင် အသက်တွေ ပြန်ပြည့်လာတယ်ဆိုပဲ။

Website ပေါ်မှာ ထည့်သွင်းလာတာကတော့ developer တွေ ၊designer တွေကနေ လက်စွမ်းပြရင်းနဲ့ နည်းပညာတွေ ပေါင်းစပ်လိုက်တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒီ trick လေးကို website တွေနဲ့ ဘလော့ဂ်တော်တော်များများမှာ ထည့်သုံးလာတာကို တွေ့ရပါတယ်။

How to put in my blog?
<script src="http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js"/>
<script >
jQuery(function($){
var kkeys = [], konami = "38,38,40,40,37,39,37,39,66,65";
$(document).keydown(function(e) {
kkeys.push( e.keyCode );
if ( kkeys.toString().indexOf( konami ) >= 0 ){
$(document).unbind('keydown',arguments.callee);
alert('I will give you an apple. Click OK.');
window.location = 'http://i217.photobucket.com/albums/cc318/talkii/apple.jpg'
}
});
});
</script>

အထက်ပါကုဒ်ကို </body> ရဲ့ အပေါ်မှာ ကော်ပီကူးထည့်ပေးလိုက်ပါ။

What to Modify?
alert('I will give you an apple. Click OK.');
window.location = 'http://i217.photobucket.com/albums/cc318/talkii/apple.jpg'
('Your text comes here') မှာကိုယ်ရေးချင်တဲ့စာဖြစ်စေ၊ window.location = မှာ ကိုယ်ထည့်ချင်တဲ့ပုံဖြစ်စေ၊ ကိုယ်သွားစေချင်တဲ့ လင့်ခ်ကိုဖြစ်စေ ထည့်သွင်းပေးလို့ရပါတယ်။ alert() ကို ဖြုတ်ထားလည်းရပါတယ်။ ခင်ဗျားဘလော့ဂ်မှာ ထည့်ထားရင် ကျွန်တော်ကို ပြန်ပြောပြဦးနော်။ ဉာဏ်စွမ်းရှိသလို သုံးနိုင်ပါတယ်။ တခြားသူတွေ ဘယ်လိုလုပ်ထားသလဲဆိုတာ သိနိုင်ဖို့ အောက်က လင့်ခ်နံပါတ် ၃မှာ သွားကြည့်ပါ။ မြန်မာ website တွေမှာတော့ လိုက်ကြည့်တာ မသိသေးလို့လား မသုံးချင်လို့လားမပြောတတ်ဘူး တစ်ခုမှ မတွေ့သေးပါဘူး။ ဒါမှမဟုတ် ကျွန်တှောပဲ မသိသေးတာလား။ စာဖတ်သူ တွေ့ခဲ့တယ်ဆိုရင် ကွန်မန့်မှာ လာပြောပေးပါဦး။

External Link

1. http://www.instantshift.com/2009/08/27/konami-code-overview-examples-and-best-practices/
2. http://en.wikipedia.org/wiki/Konami_code
3. http://www.konamicodesites.com/

တှောကီ

Saturday 22 August 2009

လွမ်းတဲ့ပို့စ်



ကံချွန်လို့ ဆိုလိုက်တာနဲ့ တော်တော်များများက သူ့ရဲ့ ဟာသတွေကို ပြေးမြင်ကြလိမ့်မယ်ထင်တယ်။ ပေါ့ပေါ့ဟားဟား ဟာသများ၊ ဒိုးဒိုးဒေါက်ဒေါက် ဟာသများ၊ ဘ နဲ့ ဖွား(လို့ထင်တာပဲ) စတာတွေဟာ နာမည်နဲ့လိုက်အောင်ပဲ ပေါ့ပေါ့ပါးပါးတွေ ဖြစ်လို့ နာမည်ကျော် တွေပဲ ဖြစ်ပါတယ်။ နောက် ဝတဿထုတွေမှာလဲ ဒသဿသနလေးတွေကို ဟာသနဲ့အတူ ထည့်ပေးတတ်တာကြောင့် လူကြိုက်များခဲ့ပါတယ်။ မနဿတလေးသကြဿငန်အကြောင်းကို လွမ်းထားတာကလည်း ကိုယ်တိုင်ကိုယ်ကျ မရောက် မမီလိုက်တာကိုပဲ လွမ်းသွားချင်လောက်အောင်ကို ထိမိလှပါတယ်။ ကျွန်တော်အတွက်ကတော့ သူရေးခဲ့တဲ့ အတွေ့အကြုံပေးတဲ့စာတွေ၊ လက်ဆင့်ကမ်းစာတွေဟာ ကြိုးစားချင်စိတ်ဖြစ်လာအောင်၊ ယုံကြည်ချက် တိုးပွားလာအောင် မြှင့်တင်ပေးခဲ့လို့မို့ အခုချိန်ထိ မေ့မရသေးပါဘူး။ အခွင့်ကြုံသေးရင် ဆရာဟောပြောတဲ့ စာပေဟောပြောပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ နားထောင်ချင်မိတဲ့ဆိုတဲ့ ဆနဿဒကလေးကို စောစောကလေးကတင် ဖတ်မိတဲ့ သတင်းကြောင့် ကျိုးကြေသွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်ဆရာ ကံချွန်တစ်ယောက် ၆၄နှစ်အရွယ်မှာပဲ ချစ်တဲ့ အနုပညာတွေကို ခွဲခွါသွားခဲ့ပြီဖြစ်ပါတယ်။ ဘလော့ဂ်စရေးတုန်းကလည်း ကံချွန်ရဲ့ စာအုပ်ဖတ်နေတဲ့အချိန်ဆိုတော့ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို ရေးတင်ခဲ့တာ သတိရမိတယ်။ အမြင်မတော်တာတွေ၊ သရော်စာတွေကိုလည်း ရေးခဲ့ဖူးလို့ မတဲ့ တဲ့သူတွေက ဆူးလှည်းလို့ အမည်ပေးတယ်လို့ ဖတ်ဖူးပါတယ်။ ဒါကိုလည်း ဆူးလှည်းဆိုတဲ့ စာအုပ်ထဲမှာ လှည်းပေါ်တင်ထားတဲ့ ဆူးခက်တွေက ဝင်းထရံလုံခြုံအောင်ကာဖို့ ဖြစ်တယ်လို့ ထိထိမိမိ ချေပထားတာကို မှတ်သားရပါတယ်။

အချိန်ကို အသုံးချမမှားဖို့ရာတွေ၊ ကျိုးကြောင်းဆီလျော်အောင် တွေးတတ်ဖို့ လေ့ကျင့်နိုင်တာတွေ နဲ့ တခြားသော ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့၊ နှမျောစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက် ကြွေလွင့်သွားတာကို လွမ်းဆွတ်တမ်းတရင်း ...။

တော်ကီ။

မှတ်ချက်။ ။ စာအုပ်တွေကိုတော့ ဝိညာဉ်သစ် နဲ့ တခြားနေရာ တော်တော်များများမှာ ရှာပြီး ဖတ်ရှုလို့ရပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ ပြည်သူချစ်တဲ့ အနုပညာရှင် ၂ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ :(

Wednesday 12 August 2009

Useful BETAs


Chrome
ဒီတစ်ပတ်အတွင်းထွက်ရှိတဲ့ သေးငယ်ပေါ့ပါးပြီး အရမ်းအသုံးဝင်မယ့် beta software တွေကိုအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံးကတော့ chrome browser ပါ။ ထွက်ပြီးလို့ ၁နှစ်မပြည့်သေးခင်မှာပဲ chrome ဟာ version 3.0 beta အဆင့်ထိကို ရောက်ရှိခဲ့ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ 3.0.197.11 ကို စမ်းသပ်ခွင့် ပေးလိုက်ပြန်ပါတယ်။ နောက်ဆုံးထွက် ဗားရှင်းမှာတော့ html 5 ကို support လုပ်ထားပြီးတော့ theme ကိုလည်း ကြိုက်နှစ်သက်ရာကို ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေကို အကြိုက်တွေ့စေမယ့်အချက်ကတော့ address bar မှာတင် စာရိုက်လိုက်ရုံနဲ့ အနီးစပ်ဆုံး လိပ်စာကို ရှာပေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခုဗားရှင်းဟာ အရင်ကထွက်ခဲ့တာတွေနဲ့ ယှဉ်ရင် သုံးရတာ ပိုမြန်လာပြီး ပေါ့ပါးလာတာ တွေ့ရပါတယ်။ စမ်းသပ်သုံးစွဲဖို့အတွက် filehippo ကနေ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Opera
Opera browser ကတော့ ဖြည်းဖြည်းမှန်မှန် ချီတက်ဆဲပါ။ ဘီတာဗားရှင်းဖြစ်တဲ့ opera 10.0 2 ကို လွန်ခဲ့တဲ့ ၃ပတ်ခန့်က ထုတ်ခဲ့ပြီးတော့ html 5 ရဲ့ tag တစ်ချို့ကိုပဲ support လုပ်ပါသေးတယ်။ ပေါ့ပါးမြန်ဆန်မှုက chrome ကိုတော့ ယှဉ်လို့မရတာကြောင့် firefox နဲ့ chrome အသုံးပြုသူတွေ အကြိုက်တွေ့မှာ မဟုတ်ပါဘူး။

Firefox
Firefox ရဲ့ နောက်ဆုံး 3.5.2 ကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ထုတ်ခဲ့တာဖြစ်လို့ အသုံးပြုသူတွေ update လုပ်ပြီးလောက်ပြီလို့ ထင်ပါတယ်။ firefox က ထုံးစံအတိုင်း ကြော်ငြာစရာမလိုလောက်အောင် လူသိများပြီးသားမို့ အထွေအထူးမပြောတော့ပါဘူး။ html 5 ကို support လုပ်တဲ့အပြင် interface design တွေ၊ add-on တွေ စိတ်ကြိုက်ပြောင်းလဲလို့ရတာမို့ လူကြိုက်အများဆုံးနေရာကို ရောက်လာတာပါ။

Minefield
Firefox ရဲ့ ညီငယ်ဖြစ်လာမယ့် (နောက်မှထွက်မယ်ဆိုတော့ ညီပေါ့နေား) ) minefield (Firefox 3.6) ဟာ firefox ထက်ကို ပိုမြန်လာပြီလို့ သိရပါတယ်။ စမ်းသုံးကြည့်ရင် ပေါ့ပါးသွက်လက်တာကို တွေ့ရမှာပါ။ html 5 ကိုလည်း support လုပ်ထားပါတယ်။ (စမ်းသပ်ဆဲ ဗားရှင်းဖြစ်ပါသည်)။

Safari
Apple ရဲ့ ထုတ်ကုန်ကတော့ 4.0.2 ကို လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ရောက်ရှိခဲ့ပါတယ်။ သူကလည်း ပေါ့ပါးသွက်လက်ပြီးတော့ ဒီဇိုင်းဆန်းဆန်းနဲ့မို့ အသုံးပြုသူတွေ ကြိုက်နှစ်သက်စေမှာပါ။ အဆင်မပြေသေးတဲ့အချက်ကတော့ tab တွေ ဖွင့်တာများလာရင် hang သွားပြီး browser restart လုပ်ရခြင်းပါပဲ။ ပိုဆိုးတာကတော့ ဖွင့်ခဲ့တဲ့ tab တွေကို restore လုပ်လို့မရပါဘူး။ html 5 ကိုလည်း အပြည့်အဝ မထောက်ပံ့သေးပါဘူး။

အချစ်တော် Internet Explore
အိုင်အီးကို အရင်တုန်းက လူကြိုက်များခဲ့သလောက် နောက်ပိုင်းမှာ တဖြည်းဖြည်း ပြသဿသနာများလာတဲ့အတွက် နောက်ပိုင်းမှာ လူမုန်းများလာခဲ့ပါတယ်။ အဓိကပြသဿသနာကတော့ IE ဟာ security ပိုင်းမှာ အားနည်းနေပြီးတော့ windows 7 မှာပါတဲ့ 8.0.7100.0 အထိ html 5 ကို support မလုပ်သေးပါဘူး။ နောက်ပိုင်း version တွေဖြစ်တဲ့ IE 7, IE 8 တွေမှာတော့ အနည်းငယ် မြန်ဆန်လာတာကလွဲရင် ကျန်တာတွေလောက် သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိသေးပါဘူး။

မှတ်ချက်။ ။ တခြားနာမည်ကြီး ဘရောက်ဇာတွေဖြစ်တဲ့ avant, maxthon, flock တွေကိုတော့ မသုံးကြည့်ရသေးပါဘူး။ အထက်က ၆ခုနဲ့တင် လက်မလည်သေးဘူးဖြစ်နေလို့။ webpage တစ်ခုကို ဘရောက်ဇာအမျိုးမျိုးမှာ ဘယ်လိုပေါ်မလဲ သိချင်ရင်ကတော့ ဒီနေရာမှာ သွားရောက်ကြည့်နိုင်ပါတယ်။

Zawgyi 2009

I know you can't see above characters properly. Do you know why? Because I typed using Zawgyi 2009. :) Yes, it's 2009. So why are you still using old version while you can try a new and handy one. Please visit Ko Soe Min's website to know more about zawgyi 2009 and see how to install it. I bet you'll be much surprised by the new functions of Zawgyi 2009. If you are using from the Internet cafe, please tell the provider to upgrade new fonts.

တော်ကီ

Saturday 1 August 2009

Desktop ပေါ်မှာ ဘောင်ခတ်မယ်

ကျွန်တော် ကွန်ပျူတာမှာဆိုရင် desktop ပေါ်မှာ ဖိုင်တွေ၊ short-cut တွေ နဲ့ icon ပေါင်း အနည်းဆုံး ၂၀ လောက် ဿရှုပ်နေတတ်ပါတယ်။ အင်တာနက်သုံးနေရင်း အရေးကြီးတာလေးတွေ့ရင် desktop ပေါ်မှာ အလွယ်တကူ သိမ်းထားလိုက်တယ်။ နောက် အဲဒါမျိုးတွေ များလာတော့ ဖိုလ်ဒါတစ်ခုထဲ စုထည့်လိုက်ပြန်တယ်။ ဒီလိုနဲ့ ဖိုလ်ဒါတွေ များများလာလိုက်တာ short-cut တစ်ခုခု ဖွင့်ချင်ပြီဆိုရင် လိုက်ရှာနေရတာကိုက အလုပ်တစ်ခုဖြစ်နေတယ်။ အခုတော့ အဲဒီလို ရှာရတဲ့ ဒုကဿဿဿခေဘးကေန အခုပြောမယ့် software အကူအညီကြောင့် ဝေးသွားရပြီ။
Stardock ဆိုတာ windows XP ကနေ vista UI တွေ ပြောင်းလို့ရတဲ့ software objeckdock ကို ထုတ်ခဲ့တဲ့ ကုမဿပဏီပဲ ဖြစ်ပါတယ်။ အဲဒီကနေပဲ fences ဆိုတဲ့ program လေးတစ်ခု ထုတ်ထားပါသေးတယ်။ အထက်မှာပြောခဲ့သလိုပဲ desktop ပေါ်မှာ ရှုပ်နေတဲ့ အိုင်ကွန်တွေကို သူ့အစုနဲ့သူ ခွဲပြီးပေးထားမှာပါ။ အစုနာမည်ကိုလည်း ကြိုက်နှစ်သက်ရာ ထားလို့ရတဲ့အတွက် desktop ကို ကိုယ့်စိတ်ကြိုက်ထားလို့ရပါတယ်။ အရောင်တွေ၊ နေရာတွေကိုလည်း ကိုယ့်သဘောကျ customize လုပ်လို့ရပါတယ်။ အသုံးပြုပုံကလည်း ရှင်းလင်းလွယ်ကူတဲ့အတွက် အထူတလည် မပြောတော့ပါဘူး။ ကိုယ်ကိုယ်တိုင် စမ်းကြည့်လိုက်ပါဦး။ ကျွန်တော်လို desktop ပေါ်မှာ ဖိုင်အများကြီးသုံးတဲ့သူတွေအတွက်  အသုံးဝင်မယ်ထင်ပါတယ်။

beforeafter

သဘောကျမယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။ ( 8 MB ကျော်ကျော်ရှိပါတယ်)။ Free version အဖြစ်ပေးထားပြီးတော့ နောက်နှစ်ကုန်ပိုင်းမှာလည်း ရောင်းချတဲ့ version အဖြစ် features တွေ ပိုမိုပါဝင်လာမယ်လို့ သိရပါတယ်။ personal use အတွက် free ပေးထားတာမို့ စမ်းသပ်ကြည့်ပါဦး။

more details here!

တော်ကီ