Friday 1 January 2010

နှုတ်ဆက်ပာတယ် - ကြိုဆိုပာတယ်

လူငယ်တွေ -

    တို့တတွေ ရာစုသစ်တစ်ခုကို ဣနြေဿဒရရ တည်တည်ငြိမ်ငြိမ် သိကဿခာရှိရှိ ဝင်နိုင်ဖို့ ကြိုးစားရတော့မယ်နော။ တို့အတွက် ခွန်အားဖြစ်မယ့် အဟောင်းက အကောင်းတွေကိုတော့ သယ်သွားရမှာပဲပော့။ ရာစုသစ် ရေစီးကြောင်းမှာ အံဝင်ခွင်ကျ မျောပာနိုင်ဖို့ ပြင်ဆင်မထားဘူးဆိုရင်တော့ ဒလိမ့်ခောက်ကွေး လှိမ့်ပာသွားမယ်လေ။
    ရိုးသားရမယ်။ ကြိုးစားရမယ်။ အချိန်ကို တန်ဖိုးထားတတ်ရမယ်။ စကဿကန့်တိုင်း မိနစ်တိုင်းမှာ ကောင်းသောအလုပ်ကိုပဲ လုပ်ကြရမယ်။ မနေ့က "ငာ" ထက် ဒီနေ့ "ငာ"က ပိုသိ ပိုတတ် ပိုတှောအောင် ကြိုးစားရမယ်။ ဒီနေ့ လုပ်ရမယ့်အလုပ် ဒီနေ့ပြီးအောင် လုပ်ရမယ်။ အလုပ်အကြွေးတင်ရင် အဆပ်ရခက်တယ်။ လူလူချင်း အပြန်အလှန် လေးစားရမယ်။ အကောင်းဆုံးဖြစ်အောင် လုပ်မယ် - စတဲ့ - စတဲ့ တို့သိသင့်တာတွေ ၁၉၉၉ ခုနှစ်၊ တစ်နှစ်လုံး တနဂဿငနွေနေ့တိုင်း ဟောဒီ အချပ်ပို စာမျက်နှာကကနေ ဆွေးနွေးတင်ပြခဲ့ပြီးပြီလေ။

ကဲ - ရာစုသစ်ကို ဝင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ။

(၁) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတော့ တိတိကျကျ သတ်မှတ်ပာတော့။ ကိုယ်ဘာဖြစ်ချင်မှန်းမသိဘဲ တို့ဘာကို ဘယ်လို ကြိုးစားမှာလဲ။
(၂) တို့ရည်မှန်းချက်က ကြီးကျယ်ရင် အချိန်ပေးရလိမ့်မယ်။
ကြီးကျယ်တဲ့ အလုပ်တိုင်းဟာ ရင်းနှီးရမယ့်အချိန် တန်ဖိုးကြီးများပာတယ်။ ခဏကြိုးစားပြီး ဖြစ်မှာမဟုတ်ပာဘူးဆို စိဓာတ်ကျနေလို့ မရဘူး။ တီဗီကြှောငြာထဲမှာသာ ကွေကာအုပ်တစ်ခွက် သောက်ပြရုံနဲ့ အရပ်ကြီးရှည်၊ လူကဝ၊ ဉာဏ်တွေကောင်း ဖြစ်နေတာပာ။ လက်တွေ့ဘဝမှာ ထိုက်တန်တဲ့ ရင်းနှီးမှုမရှိဘဲ လှပတဲ့ဘဝ မရနိုင်ပာဘူး။ တို့ဘဝကြီး တိုးတက်ချမ်းသာဖို့ အမွှေးတိုင် အားကိုးလို့ မရပာဘူး။
(၃) တို့ ကိုယ်ကျင့်တရား ကောင်းရမယ်။ သူများကို မလိမ်ရဘူး။ မညာရဘူး။ ကိုယ့်ထက်သာသူကို ခြေထိုးမခံရဘူး။ ရိုးသားစွာ ကိုယ်ကသာအောင် ကြိုးစားရမယ်။ အဲဒာတွေဟာ တစ်နည်းအားဖြင့်တော့ ဘာသာအသီးသီးက ဆုံးမထားပြီးသားတောပာ။ အရေးကြီးတာက တို့သိတာတွေ တို့လိုက်နာနိုင်ဖို့ပဲ။ ဒီနေရာမှာလည်း အမျိုးနှစ်ဆယ်လောက်သိပြီး နှစ်မျိုးလောက်ပဲ လိုက်နာတဲ့လူထက် ငားမျိုးလောက်သိပြီး လေးမျိုးလောက် လိုက်နာတဲ့လူက တိုးတက်ကြီးပွားမယ်ဆိုတာ ရေးဖူးပာတယ်။ နှစ်ဆယ့်တစ်ရာစု အဝင်မှာ ခုပြန်သတိပေးတာပာ။
(၄) အပြန်အလှန် လေးစားဖို့အတွက်လည်း ဆရာဝန်ဇနီးမောင်နှံနဲ့ ကားဝပ်ရှော့က ကောင်လေး နမူနာပြရေးခဲ့ဖူးပာတယ်။ ဝပ်ရှော့နားမှာ ကားပျက်တော့ ဆရာဝန်က လှမ်းခှောတယ်လေ။ ဟေ့ ချာတိတ် ခဏဆိုပြီး ကားပြင်တဲ့ကောင်လေးက တစ်ချက်လှည့်ကြည့်ပြီး "မအားဘူးဗျ - တခြားဝပ်ရှော့သွားခှောပာ" လို့ ပြန်ပြောတော့ ဇနီးက ဆင်းသွားပြီး "ငာ့မောင်ရယ် အစ်မတို့က ဆရာဝန်တွေပာ အရေးကြီးတဲ့ လူနာသွားကြည့်ရမှာမို့" ဆိုပြီး ပြောတော့မှ "အစကတည်းက ပြေပြေလည်လည်ပြောရင် ရပာတယ်ဗျာ။ ကျွန်တှောတို့ကလည်း မရိုင်းတတ်ပာဘူး"ဆိုပြီး ထပြင်ပေးတဲ့အကြောင်း မှတ်မိဦးမှာပာ။ လောကကြီးမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပာပာတယ်။ အလုပ်တိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပာတယ်။ လူ့လောကကြီးကို ဆရာဝန်တွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ ဥပဒေ ပညာရှင်တွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ ကားဆရာတွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ အားလုံးပာဝင်မှ လှပနေမှာပာ။ ပညာတိုင်းဟာ တန်ဖိုးရှိပာတယ်။ ကိုယ်သင်ခွင့်ရတဲ့ ပညာကို ထူးချွန်အောင်သင်၊ လုပ်ခွင့်ရတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ထပ်သတိပေးရမှာပဲပော့။
(၅) အလုပ်ရဲ့ ကြီးကျယ်ခမ်းနားမှုဟာ ကိုယ့်ကြိုးစားမှုအပှောမှာပဲ မူတည်ပာတယ်။ ဒီနေ့ ပြန်မာ့ရုပ်မြင်သံကြားမှာ အစီအစဉ်က ထုတ်လွှင့်နေတဲ့၊ "ဒစ်(စ)ကာဗာရီ" ကဏဿဍမှာ မြွေ၊ ကြွက်၊ ပိုးဟပ် စတဲ့အကောင်တွေကို မွေးမြူလေ့ကျင့်ပေးနေတဲ့သူတွေကို ကြည့်စမ်းပာ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တော့ နိုင်ငံတကာထုတ်လွှင့်ရမယ့် လေဟာနယ် သတင်းဖြန့်ချိရေးမှာ မှတ်တမ်းတင်ခံရတာပာပဲ။ ပိုးဟပ်နဲ့ကြွက်ကို မွေးထားတဲ့သူတွေကို တို့တွေ တအံ့တဩ ထိုင်ငေးနေရတာ ဘာကြောင့်လဲ။ သူလုပ်ခွင့်သာတဲ့အလုပ်၊ သူလုပ်တဲ့အလုပ်မှာ အကောင်းဆုံဖြစ်အောင်လုပ်လို့ပော့။ ရည်မှန်းချက်တစ်ခုထားပြီး စူးစူးစိုက်စိုက် လုပ်ဖို့တော့ လိုပာတယ်။
    အောင်မြင်တဲ့ဘဝကို ရနေတဲ့သူတိုင်းဟာ ကြိုးစားခဲ့လို့ပာ။ ဒာတွေကတော့ တို့တွေ နှစ်ဆယ့်တစ်ရာစုကို ဆက်သယ်သွားသင့်တဲ့ဟာတွေပော့။
    နောက်ကို ပြန်ကြည့်စမ်းပာ။ ရေဒီယို၊ ကက်ဆက်ပြင်ခဲ့တဲ့ ဆိုင်လေးတွေမှာပဲ တီဗီနဲ့ ဗီဒီယိုစက်တွေကို ပြန်ခဲ့ကြပာပြီ။ မကြာခင်ကာလမှာ အဲဒီဆိုင်လေးတွေဟာ ကွန်ပျူတာတွေ ပြင်လာပေးဦးမှာပာ။ နည်းပညာအတတ်ပညာဆိုတာ ကြိုးစားသူလက်ထဲ၊ လိုလားသူလက်ထဲ ရောက်လာဦးမှာပာ။ လူတိုင်း အပြန်အလှန်လေးစားပြီး ပညာတိုင်း အရေးပာတယ်ဆိုတာ သိကြပာ။ သိပြီးရင်တော့ လေ့လာပာ။ သင်ယူပာ။ ကြိုးစားပာ။ သေချာတာကတော့ နှစ်ဆယ့်တစ်ရာစုဆိုတာဟာလည်း လူသားတွေ အားလုံးနဲ့ ဖွဲ့စည်းရမှာပာ။ လှပရမှာပာ။ နှစ်ဆယ်ရာစုကို နှုတ်ဆက်ရင်း နှစ်ဆယ့်တစ်ရာစုကို ကြိုဆိုလိုက်ကြပာစို့။ --- ။

ရတာနာပုံသတင်းစာ
၂၃.၁.၂၀၀၀
ကံချွန်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆုံးပားသွားပြီဖြစ်တဲ့ ဆရာကံချွန် လွန်ခဲ့တဲ့ ၁ဝနှစ်က ရေးသွားခဲ့တာပာ။ နှစ်ဆယ့်တစ်ရာစုရဲ့ ဒုတိယဆယ်စုနှစ်ကို ကူးပြောင်းလာခဲ့ပေမယ့်လည်း စာတွေက လတ်ဆတ်ဆဲရှိနေတာတစ်ကြောင်း၊ နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုတဲ့ သဘောရှိတာကတစ်ကြောင်း၊ မဖတ်ရသေးတဲ့သူတွေ ရှိခဲ့ရင် ဖတ်စေချင်တာကတစ်ကြောင်း "ဒာကဒီလိုရှိပာတယ် ဟိုဟာက ဟိုလိုရှိပာတယ်" စာအုပ်မှ တစ်လုံးမကျန် ကူးယူလိုက်ခြင်းဖြစ်ပာတယ်။

ဒီဆယ်စုနှစ်မှာ အရင်ကထက် အဆိုးတွေ လျော့နည်းဖို့ ဆုတောင်းနေရင်း ...။

တှောကီ - @Talkiiblog

|


Post a Comment