Sunday, 21 June 2009
Firefox အတွက် မရှိမဖြစ် Add-on ၁၀ခု
Cooliris
ပုံတွေကို browser ဖွင့်ပြီးရှာစရာမလိုပဲ တစ်နေရာထဲမှာတင် 3D wall ထဲမှာ ကိုယ်တိုင်ကြည့်ပြီး ရှာနိုင်စေမယ့် add-on ပါ။
FoxClocks
Browser ရဲ့ status bar မှာ နိုင်ငံတကာ အချိန်တွေကို ဖော်ပြပေးမယ့် add-on ပါ။
Photobucket Uploader
Photobucket သုံးသူတွေအတွက် အထူးပဲ အသုံးဝင်မယ့် add-on ဖြစ်ပါတယ်။ အင်တာနက်မှာ ကြည့်ရင်းနဲ့ ဓါတ်ပုံလေးကို ကြိုက်လို့ ကူးပြီး ကိုယ့် online album မှာ သိမ်းထားချင်ရင် right click နှိပ်ပြီး upload ဆိုတာ ရွေးလိုက်ရုံပါပဲ။ Reference အတွက် ဓါတ်ပုံ link ရော ကူးထားဖို့တော့ မမေ့နဲ့ပေါ့။
Time Tracker
အင်တာနက် Browser ဖွင့်ထားတာ ဘယ်လောက်ကြာသွားပြီလဲသိချင်ရင်တော့ ဒီ add-on ကို သုံးကြည့်ပါ။
WorldIP
ကိုယ်ကြည့်နေတဲ့ စာမျက်နှာက ဘယ်နိုင်ငံကနေ လွှင့်တင်ပေးတာလဲ? IP address ကရော ဘာလဲ? Mouse Hover လုပ်လိုက်ရုံနဲ့ ပြောပြပေးပါလိမ့်မယ်။
XMarks
Bookmark တွေ အသုံးများတဲ့သူတွေ ခရီးသွားတဲ့အခါ ကိုယ်အသုံးပြုနေကျ bookmark တွေ ကူးယူမလာမိတဲ့အခါ ဒုက္ခရောက်တတ်ပါတယ်။ ဒီ Xmarks ကတော့ အဲဒီ ပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။ ဘယ်နေရာရောက်ရောက် Xmarks ကနေ ခင်ဗျားရဲ့ bookmarks တွေကို ယူလာပေးပါလိမ့်မယ်။
Adblock
Website မှ ဖွင့်မယ် မကြံသေးဘူး။ ကြော်ငြာနဲ့ လာတိုးနေတယ်။ website ကြည့်မယ်ကြံလိုက်တိုင်း ကြော်ငြာတွေ လိုက်ပိတ်နေရတယ်။ ဒီလိုဆိုရင်တော့ Adblock သုံးဖို့ လိုနေပါပြီ။
Clear Cache Button
ကိုယ်နေ့စဉ်ကြည့်နေကျဆိုဒ်တစ်ခုဟာ cache ထဲမှာ ရှိနေရင် ဖွင့်တဲ့ loading ပိုမြန်ပါတယ်။ ဒါပေမယ့် အင်တာနက် ကဖေးလိုမျိုးနေရာမှာဆိုရင်တော့ ကိုယ်ကြည့်သွားသမျှတွေကို နောက်လူက ပြန် check လိုက်လို့ရပြန်ရော။ firefox ပိတ်တိုင်း cache တွေကို ဖျက်ဖို့ setting ပေးထားလို့ရပါတယ်။ ဒီ add-on ကတော့ firefox မပိတ်ဘဲ ဖျက်နိုင်ဖို့ နည်းလမ်းလေးပါ။ Icon ထည့်ဖို့အတွက်ကတော့ View>Toolsbar>Customize ကနေ Clear Cache ဆိုတဲ့ icon ကို click and drag နဲ့ Toolsbar ပေါ် ဆွဲရွေ့ပေးလိုက်ရုံပါပဲ။
Colourful Tabs
ကျွန်တော်ကတော့ firefox သုံးပြီဆိုရင် tab တွေ အများကြီးဖွင့်တတ်တယ်။ နောက်ဘယ်ဟာကို ပြန်ကြည့်ရမှန်းမသိဘူးဖြစ်နေတတ်တယ်။ အရောင်လေးတွေနဲ့ ခွဲထားလိုက်ရင် မကောင်းဘူးလား။ ဒီ add-on ကို စမ်းကြည့်ပါဦး။
ColourZilla
Graphic သမားတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။ သူများတွေ ဘာရောင်သုံးထားတယ်ဆိုတာ mouse hover လုပ်ပြီး RGB နံပါတ်လေးတွေနဲ့ သိနိုင်ဖို့ရာအတွက်ပါ။
တခြား အသုံးဝင်တဲ့ add-on တွေ အများကြီးရှိဦးမှာပါ။ ဒီနေရာ မှာလည်း ရှာလို့ရပါတယ်။ ခင်ဗျားရော ဘာ add-on တွေ သုံးနေလဲ?
တော်ကီ
Friday, 19 June 2009
The Lady

ဒီနေ့ မွေးနေ့ဆုတောင်းပွဲတစ်ခု သွားဖြစ်တယ်။ ပရိတ်သတ်လည်း အတော်ကလေးများတယ်။ မွေးနေ့ပွဲကို ၁၉၉၀ ရွေးကောက်ပွဲမှာ ၀င်ပါခဲ့တဲ့ NLD အမတ်ဟောင်းတစ်ယောက်က အဖွင့်စကားပြောပြီး ဖွင့်ပေးတယ်။ (သူပြောတာတွေတော့ သိပ်အားမရလို့ နောက် အားလုံးသိပြီးဖြစ်နေလောက်တာမို့ ထည့်မရေးတော့ဘူး)။ နောက် အစ်မတစ်ယောက်ကနေ စာတမ်းဖတ်မယ်ဆိုပြီး မွေးနေ့ပွဲမှာ Birthday cake လေးလှီး၊ သီချင်းဆိုနေ၊ ဆုတောင်းနေရုံနဲ့ မလုံလောက်တဲ့အကြောင်း ၊ ဒီထက်ပိုပြီး နိုင်ငံတကာကနေ ပိုပြီး လုပ်နိုင်တဲ့ဘက်က ကြိုးစားဖို့လိုတဲ့အကြောင်းတွေ သတိပေးပြောသွားတယ်။ (Parliament house မှာ အရင်တစ်ရက်က မွေးနေ့ပွဲလုပ်တာကို ရည်ညွှန်းပြောတယ်ထင်ပါတယ်)။ နောက်တစ်ယောက်အလှည့်ကျတာကတော့ ပါလီမန်အဖွဲ့ဝင်တစ်ဦးပါ။ သူကတော့ သေသေချာချာကို ပြောသွားပါတယ်။ မြန်မာနိုင်ငံအရေးကိုလည်း လေ့လာထားပုံရတယ်။ စာရင်းအတိအကျနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ရှိတဲ့အကြောင်း (၂သိန်းကျော်ကျော်ရှိတယ် အတိအကျတော့ မှတ်မထားလိုက်ရဘူး) ၂၀၁၀ ရွေးကောက်ပွဲနဲ့ အလိမ်အညာ ထောင်ချောက်ဆင်တာတွေအကြောင်း၊ ရွေးကောက်ပွဲ မရောက်ခင် ၁၆ လ လိုသေးတာမို့ မွေးနေ့ရှင် ပြန်လည်လွတ်မြောက်အောင် ကြိုးစားကြမယ့်အကြောင်း တွေ ပြောသွားတယ်။ သူပြောသွားတာတွေထဲမှာ အမှတ်ရမိတာတွေက ဒီနေ့ဟာ သာမန် မွေးနေ့ပွဲတစ်ခုကို ကျင်းပတာမဟုတ်ဘဲ သတ္တိရှင်အမျိုးသမီးတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တက်ရောက်ပါတယ်တဲ့။ ဒီနိုင်ငံသားတွေကိုယ်စား၊ အစိုးရကိုယ်စား ၊ မြန်မာနိုင်ငံပြင်ပက လူတွေကိုယ်စား ပြောချင်ပါတယ်တဲ့။ သူတို့ဟာ မြန်မာနိုင်ငံကြီး အာဏာရှင်စနစ်အောက်က မလွတ်မချင်း၊ Nobel ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မြောက်မချင်း၊ အစစ်အမှန် ဒီမိုကရေစီ မရမချင်း (block democracy မဟုတ်ပါဘူးတဲ့) ဘယ်တော့မှ အနားမယူပဲ အစွမ်းကုန် ကြိုးစားမယ်ဆိုပြီး အားပေးစကားပြောသွားပါတယ်။ အဲဒီနောက်မှာတော့ birthday သီချင်းဆို၊ ၈၈၈၈ video ပြပြီး မွေးနေ့ပွဲကို အဆုံးသတ်ခဲ့ပါတယ်။
ခင်ဗျားတို့ ကျွန်တော်တို့တွေရော ဘယ်လောက်ထိ လုပ်ပေးပြီးသွားပြီလဲ။ ပရော်ဖက်ဆာတစ်ယောက်ကို ကျောင်းသားတစ်ယောက်ကပြောတယ်။ ဆရာ ကျွန်တော် ပရော်ဖက်ဆာဖြစ်နေတယ်ဆိုပြီး အိပ်မက်မက်တယ်။ ပရော်ဖက်ဆာတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆရာတဲ့။ အဲဒီတော့ ဆရာက "လျော့အိပ်"တဲ့။ ကျွန်တော်လည်း လျော့အိပ်ဖို့ ကြိုးစားဦးမယ်။ ဆုတောင်းချင်တာကတော့ ထိုင်းဘုရင် မွေးနေ့ပွဲမှာ ထိုင်းပြည်သူတွေ ကျင်းပကြသလို ကျွန်တော်တို့တွေ ၁၉ ဂျွန်တွေတိုင်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ပါစေလို့ ...။
Credit photo to : elegantsarasotaweddings
Credit video to: MFG and Ma thida (DVB)
Credit poem to: Ywar-thar-lay
တော်ကီ