Friday 19 October 2007

သီတဂူကြယ်တစ်ပွင့် - အရှင်ပညာနန္ဒ

ဓမ္မသည် ရဟန်းတို့၏ အောင်လံ

ဘ၀ရေဆန်
မိုးကြီးသည်းထန်
ရေဆန်ခရီး
တစ်ယောက်တည်းလည်း
ချွေးဒီးဒီးကျ
ဇီဝိန်ချစေ
မာနဇွဲတက်
ယုံကြည်လက်ဖြင့်
ဆန်တက်ရေလျှင်
ဘ၀အသွင်ကို
ငါလျှင်ယောက်ျား
ငါ့စွမ်းအားဖြင့်
ငါကား ဘာမထီ ဆန်တက်မည်။

``ကြီးကျယ်မြင့်မြတ်သည့် အလုပ်များကို ခွန်အားဗလဖြင့် တည်ဆောက်ခဲ့ကြသည်မဟုတ်။
ကြီးကျယ်မြင့်မြတ်သည့် စိတ်ဓါတ်များဖြင့်သာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်´´။

``ဒီနေရာ အဆင်မပြေရင် နေရာတွေ အများကြီးပါ။
ဒီလူနဲ့မဖြစ် ကျန်လူနဲ့ ခရီးဆက်မယ်။
ဒီမူနဲ့မဖြစ် နည်းသစ်တွေ တီထွင်ကြမယ်။
ဒီအလုပ်အဆင်မပြေရင် နောက်အလုပ်သစ် ကြိုးစားမယ်။
သိမ်ဖျင်းတဲ့ စိတ်နှလုံးပိုင်ရှင် မဖြစ်ပါရစေနဲ့လား။´´

``တို့ကျေးရွာ သာစေကြောင်း
စုပေါင်းလို့လုပ်ဆောင်
ရွာဦးစေတီနှင့်
ရေကန်တည်ကျောင်းဇရပ်
မြတ်သာသနာရောင်
ရွာကလေးသန့်ရှင်းအောင်
မောင်မယ်တို့ဆင်နွဲ
မာဃလို ကုသိုလ်မှု ပြုကြဖို့ပဲ။´´

အရှင်၏ ပရဟုတသာသနာပြုလုပ်ငန်းများအား ကုသိုလ်ပါဝင်၍ အရှင်နှင့်အတူ ကုသိုလ်ပြုဖက်အဖြစ်ခံယူသူ သူတော်ကောင်းများ အကျင့်နှင့်တူသော အကျိုးကို ရရှိ ခံစားနိုင်ပါစေ။

အရှင်ပညာနန္ဒ
(သီတဂူကြယ်တစ်ပွင့်)
သာသနဓဇဓမ္မာစရိယ
ဓမ္မကထိက ဗဟုဇနဟိတဓရ + သဒ္ဓမ္မဇောတိကဓဇ
ငြိမ်းချမ်းရွှေပြည်ကျောင်းတိုက်
တံခွန်တိုင်တမာတန်း၊ ပြည်ကြီးတံခွန်၊ မန္တလေးမြို့။
ဖုန်း - ၀၂-၅၄၆၁၈ ၊ ၀၉၂၀၁၁၁၅၃

လက်ကမ်းစာစောင်လေးထဲမှာ တွေ့လို့ မျှဝေလိုက်ခြင်းပါ။ အားလုံးပါဝင်ဆောင်ရွက်မှုကြောင့် သာသနတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ။

|


Post a Comment