Tuesday 9 October 2007

အပြစ်မတင်ရက်ပါ

မပြောင်းလဲဘူးဆိုတဲ့ သဘာဝတရားကြီးတောင်

လူတွေကြောင့်မို့လို့

ပြောင်းလဲနေရပြီ။

အရာရာကို ခုခံနိုင်ပါတယ်ဆိုတဲ့

ကျောက်ဆိုင်ကျောက်သားလိုပဲဆိုတဲ့

သခင့် နှလုံးသားဟာလည်း

သူ့ကြောင့်

ပြောင်းလဲ ရက်စက်သွားရပြီ . . . ။

ဒီမှာ

ကျွန်တော် သဘာဝတရားကြီးကို အချိန်မီပြုပြင်မယ်

ဒါပေမယ့်

သခင့် ကို နောက်တစ်ကြိမ်ဆုံတွေ့ခွင့်ဆိုတာကိုတော့

မမျှော်လင့်တော့ပါဘူးလေ . . .။

အဝေးဆုံးက အကောင်းဆုံးလူအဖြစ်နဲ့ပဲ ရှိနေပေးသွားတော့မယ်။

ရင်ခုန်တတ်အောင် ၊ ရင်မခုန်တတ်အောင် သင်ပေးခဲ့တဲ့ သခင့်အတွက်။
global warming အတွက်

(ပုံ link - မနိုင်းနိုင်းမှ)

|


Post a Comment