Saturday 12 April 2008

သင်္ကြန်ဆုတောင်း

အားလုံးပဲ မင်္ဂလာပါ။ ကိုယ့်ဘလော့ဂ်ကိုယ်တောင် login လုပ်ဖို့မပြောနဲ့ blogspot ကို ၀င်လို့မရလို့ address ပြောင်းလိုက်ရတဲ့အထိကို အခြေအနေဆိုးတယ်ဗျာ။ တခြားသူတွေတော့ ဘယ်လိုလုပ်တယ်မသိ။ ကျွန်တော်တော့ ultra surf လဲမရ၊ freedom ကလည်း မကယ်နိုင်။ post အသစ်တင်ဖို့ဆိုတာ ဝေးရောပေါ့ဗျာ။ ရန်ကုန်မှာ ပြောပါတယ်။ internet ဆိုင်သွားတော့ ဆိုင်ကလူတွေကို nyilynnseck.blogspot.com ကို ၀င်ချင်တယ်။ ဘယ်လိုဝင်မလဲလို့မေးလိုက်တာ https://nyilynnseck.blogspot နဲ့ တော့ မျိုးစုံစမ်းပြီး နောက်ဆုံး ဘယ်ရောက်သွားလဲဆိုတော့ google image search ထဲ ၀င်ရှာသတဲ့ဗျာ။ အဲဒီလိုနဲ့ တစ်နာရီတာ ပြည့်သွားတယ် ဘာမှ မသုံးလိုက်ရဘူး။ connectin ကလည်း ပုံမှန်ထက်ကို လေးနေတော့ ဘာ ultra surf မ မရတော့ post အသစ်တွေကို စက်ထဲမှာပဲ သိမ်းထားလိုက်ရတယ်။ အခု ipstar ပြန်သုံးမှပဲ အသစ်တွေ တင်နိုင်တော့တယ်။ ကဲဗျာ ဒါတွေကို အထူးအဆန်းလုပ် မပြောတော့ပါဘူး။ အားလုံး ပျော်ရွင်ဖွယ် နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။ ဒုက္ခဘေးရန်များစွာမှ ကင်းလွတ်နိုင်ကြပါစေ။ ဆုံးဖြတ်ချက်အမှန်ကို ဘေးကင်းရန်ကင်း ချနိုင်ကြပါစေ။ (May 10) ကို ပြောတာ :D. ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန်မှာ ကိုရင်ဝတ်ပြီးတော့ ကောင်းမှုလုပ်လိုက်ဦးမယ်ဗျာ။

သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မောင်တို့ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မယ်တို့။ ဇာဂနာတို့ အငြိမ့်ကို သတိရတယ်ဗျာ။

|


Post a Comment