Saturday 12 April 2008

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ (Long Last Sleep, Sai Htee Saing)

နေ့ရက် - ၁၀.၃.၂၀၀၈

အချိန် - မနက် ၅:၀၀ (According to FM Radio)

နေရာ - ပြည်သူ့ဆေးရုံကြီး (ရန်ကုန်)

ဒီနေ့ (၁၀.၃.၂၀၀၈) မှာသူ့ အကြောင်းကို ကြားရတယ်။ အသည်းကင်ဆာတဲ့။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေပေမယ့် နောက်ကဆက်လာတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဘာပြောရမှန်းကို မသိတော့ဘူးဖြစ်သွားတယ်။ သူ ဆုံး သွား ပြီ တဲ့။

ညပိုင်းကျတော့ သူသီချင်းတွေကို Radio ကနေပြန်လွှင့်တာနားထောင်ရတယ်။ သူ့အသံက ခုမှ ပိုနားထောင်လို့ ကောင်းနေသလိုလို။ ``ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းသည် မနေ့ကနဲ့မတူ မနေ့ကလို မနာတော့ပြီ အားသစ်အင်သစ်တွေ စုပြီးတော့ငါသည် အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ . . .။´´

``ပန်းကလေးများက အချင်းချင်း လှမ်းပြောကြတယ်. . . သူ့ချစ်သူ သိပ်ရက်စက်တယ်တဲ့ . . .။ သူရက်စက်စက် မရက်စက်ပေါ့ ကျွန်တော်ကတော့ မရက်စက်ပါဘူး . . . တစ်လောကလုံးက ပြောနေပြီ မင်းကိုလေ မခံချင်ဘူး ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ . . . တစ်လောကလုံးက မေးနေပြီ ကိုယ့်ကိုလေ မခံချင်ဘူး ကိုယ်ဘယ်လို ရင်ဆိုင်ရမှာလဲ အချစ်ကလေးရယ် . . . လမင်းကလေးကို အနားကပ်လို့ မေးကြည့်တယ် ကျွန်တော့်ချစ်သူ တကယ်မုန်းပြီလား ကျွန်တော်သူကိုလေ သိပ်ချစ်တယ် လမင်းရယ် သတိပေးလိုက်ပါဦး . . .´´တဲ့။

``ဟိုး အပင်ဖျားမှာ ပွင့်လာတဲ့ ပန်းကလေးရာ ငါလည်းလှမ်းဆွတ်လို့ မလိုချင်တော့ပါ မြေကို ကျောခိုင်းလို့ ပွင့်လာသလား . . . ဒီပန်းကလေးကို ဘာပန်းများလည်းလို့ မမေးနဲ့ကွာ သဇင်ပန်း . . . ပွင့်ကာလန်းလို့ နွမ်းကာ ကြွေလှမ်းမှပန် ခရေပန်းကလေးပဲ ကောက်ခါနေတော့မယ် အဆင့်အတန်း မရွေးတတ်တဲ့ ပန်းခရေဟာ သဇင်နဲ့တော့မတူ တန်းဖိုးနည်းတဲ့ ဒီပန်းကလေးပဲ ငါချစ်တယ် . . .´´

``ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ အပြင်ရောအတွင်းရော ဥပါဒ်ဝင် မောင်တစ်ယောက်တည်း ဘယ်လို နေရှာမလဲ ကြင်နာသူလေး စဉ်းစားနေရင် ရယ်သံတိတ်ဆိတ်လို့ အသက်မဲ့တဲ့ရက်တွေမှာ ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ . . . ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို ကိုယ်စောင့်ရကျိုးနပ်ပြီ ရွှေလက်တွဲတုန်းက သူ့ဖ၀ါးနုနုရယ် အထိအတွေ့ကို ပြန်အောင့်မေ့မိတဲ့အခါတိုင်း နေပူကြီးထဲမှာ ဒီဘ၀ လမ်းခရီးကို လျှောက်လှမ်းဖို့ ခံနိုင်ရည်စွမ်းအားနဲ့ပြည့် ရွှေပါးပြင်အပ်တုန်းက သူ့အနမ်းဖွဖွရယ် နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို ဖြတ်သန်းဖို့ ခံနိုင်ရည်စွမ်းအားနဲ့ပြည့်´´

``တည်ငြိမ်စ ရေမျက်နှာ လေပြေဆော့ပြေးသလို အမည်မဖေါ်နိုင်တဲ့လှိုင်းတွေ ရင်မှာ လှုပ်ရှားသွား လှောင်အိမ်ထဲကငှက် အပြင်မှာ ပြန်မလားခေါ်တဲ့သဘော . . . တစ်ယောက်သော တစ်ယောက်သော သူအနမ်း . . . စိန်ခေါ်ရင် ဘယ်ထိအောင် ရည်ရွယ်ချက်ထားလဲ ခင်မင်ရုံလောက်ပဲဆို ပိုနေလိမ့်ဦးမယ် မဆုံနိုင်တဲ့ဇာတ်လမ်း ရုံတင်မယ်လို့ ကြံတဲ့သဘော . . . တစ်ယောက်သော တစ်ယောက်သော သူအနမ်း´´

``ဒီတစ်ညမှာ မြင်ရခဲတယ် မောင့်လပြည့်ဝန်း သာလွန်းတယ် အရင်ညက မောင့်လပြည့်ဝန်း အမှောင်ညကို စွန့်သွားခဲ့ မောင့်လပြည့် ကွယ်လွန်ခြင်း ကမ္ဘာတစ်ဖက်မှာ ကျန်ရစ်သူ မျက်ဝန်းမှ မျက်ရည်လည် အမှောင်ဆုံးညတွေ ဘယ်မှာ ဆုံးမလဲ မတွေးဝံ့တော့ဘူး အော် မတွေးတတ်တော့ဘူး . . .။ ချစ်၍စွန့်သွားတဲ့မင်းကို အော် စွန့်၍ချစ်သွားမယ်လေ . . .။ ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့လေ . . . ၀ဋ်မှအမြဲ ငရဲမှအပ ဆိုသည်ကြောင့်လဲ ဒီဝဋ်ကြွေး မကုန်ခမ်းရွေ့ လည်စင်းခံဆပ်မယ်လေ သို့ပေသော်လည်း ဒီလူနဲ့တူသော အကျိုးမျိုး ဘ၀ဆက်တိုင်းမှာ မင်းတစ်ယောက် ကင်းလွတ်ဝေးပါစေ။ ´´

ဟုတ်ပါတယ်။ ပရိတ်သတ်အကြိုက်တွေ့ သီချင်းတွေ အများကြီးဆိုသွားခဲ့တဲ့ ဦးထီးလို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် စိုင်းထီးဆိုင်တစ်ယောက် မနေ့ကပဲ ပရိတ်သတ်ကြီးကို နောက်ဆုံးနှုတ်ဆက် ခွဲခွါသွားခဲ့ပါပြီ။ တေးရေးဆရာ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတော်တော်များများနဲ့ နာမည်ကျော် လာခဲ့တဲ့ စိုင်းထီးဆိုင်။ သဘာဝဟာ သဘာဝပါဆိုတဲ့ စိုင်းထီးဆိုင်။ တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ ဆိုတဲ့ စိုင်းထီးဆိုင်။ . . . စိုင်းထီးဆိုင်။ ဦးထီးရေ ဦးထီးရဲ့ သီချင်းအားလုံးကို ကြိုက်တယ်ဗျာ။ ဘယ်လိုလဲ ၁၀ တန်းတွေ ဖြေနေပြီလေ Radio ကမာရွတ် မပိတ်သေးပါဘူး။ နားထောင်သွားပါဦးဗျာ။

ကျွန်တော့်မှာ ရှိတဲ့ စိုင်းထီးဆိုင် သီချင်းလေးတွေကို အားလုံးခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

၁။ ပလက်ဖောင်းမင်းသား

၂။ တစ်ယောက်သောသူအနမ်း

၃။ မောင့်လပြည့်ဝန်း

၎။ နေ့သစ်

၅။ ရာသီပြောင်းချိန်

နောက်သီချင်းတွေလည်း ကြိုးစားပြီးတင်ပေးပါ့မယ်။ ဦးထီးရဲ့ သီချင်းကောင်းလေးတွေရှိရင်လည်း မျှဝေပေးပါဦး။ အားလုံးကျေးဇူးတင်ပါတယ်။

နေရစ်တော့ကွယ် . . . ကိုယ်သွားတော့မယ် . . .။

|


Post a Comment