Wednesday 2 January 2008

Autorun ဖိုင်လေးလုပ်ကြရအောင်


အခုလို ပုံလေးတွေ ခင်ဗျားရဲ့ My Computer ထဲက hard disk drive မှာ၊ ခင်ဗျားရဲ့ Memory stick မှာ ပေါ်ချင်သလား? လွယ်ပါတယ်ဗျာ။ autorun.inf ဆိုတဲ့ ဖိုင်လေးကို ကိုယ့် drive ထဲ ထည့်ပေးထားလိုက်ပါ။ အချက်နှစ်ချက်ပဲလိုတယ်။ ပထမအချက်က ကိုယ်ထည့်ချင်တဲ့ icon ပုံလေးရှိရလိမ့်မယ်။ မရှိရင် ဒီမှာ ရှာလိုက်ရင်ရပါတယ်။ ဒုတိယအချက်ကတော့ ဒီ autorun ဖိုင်ပဲပေါ့။ autorun ဖိုင်လုပ်ဖို့အတွက် notepad (Start>run>notepad) ထဲမှာ ဒီစာကြောင်းလေးတွေ copy ကူးလိုက်ပေါ့ဗျာ။

[Autorun]
icon=your icon name.ico

ဖိုင် name ကို autorun.inf ဆိုပြီး ကိုယ့် hard disk ထဲမှာ save လုပ်ထားလိုက်ပါ။ ပြီးရင်တော့ icon ဖိုင်နဲ့ autorun ဖိုင်ကို ခင်ဗျားရဲ့ stick ထဲကို ထည့်ထားလိုက်ပေါ့ဗျာ။ သွားလေရာ ဘယ်စက်မဆို (ကျွန်တော်သိသလောက်) ကိုယ်ရွေးထားတဲ့ပုံလေး ပေါ်နေလိမ့်မယ်။ hard disk မှာ ပေါ်ချင်လည်း ဒီအတိုင်းပဲ (c:) ထဲမှာ ပေါ်ချင်ရင် c: ထဲသွား paste လုပ်ထားလိုက်။ D: ဆိုလဲ ဒီအတိုင်းပဲပေါ့။ CD ကူးရင်လည်း ဒီနှစ်ဖိုင်ကို ထည့်ကူးလိုက်ရင် icon လေးပြောင်းသွားလိမ့်မယ်။
Memory Stick တွေကို virus အများဆုံးဝင်တတ်ပါတယ်။ virus ပါမပါ ဘယ်လိုသိနိုင်မလဲ??? လွယ်ပါတယ်။ အထက်က ဖိုင်နှစ်ဖိုင် (autorun.inf + icon file) နှစ်ခုထည့်ပေးထားလိုက်။ ပုံမှန်အတိုင်းပဲဆို ကိုယ့် icon လေး ပေါ်နေမှာ။ virus ၀င်နေပြီဆိုရင်တော့ virus က autorun file ကို overwrite လုပ်သွားတဲ့အတွက် icon လေးမပေါ်နိုင်တော့ဘူး။ အဲဒီအခါမှာ ကိုယ့်ရဲ့ stick ထဲ virus ရောက်နေပြီ။ Virus Scan လုပ်ပြီး ရှင်းပေတော့ဗျာ။ virus မရှိတော့ဘူးဆိုရင် ကိုယ့်စက်ထဲ သိမ်းထားတဲ့ autorun.inf ကို Virus ကြောင့် ပြောင်းသွားတဲ့ autorun ဖိုင်နေရာမှာ အစားထိုးပေးလိုက်ပါ။ အဲသလိုဆိုရင် အခြားစက်သွားပြီး stick သွားတပ်လည်း icon လေးပေါ်နေသရွေ့ ကိစ္စမရှိတော့ဘူး။ ပြီးတော့ stick တွေ ဖွင့်မယ်ဆိုရင် virus scan အရင်လုပ် ပြီးမှ right click နဲ့ explore ကနေ ဖွင့်တာ အန္တရာယ်အကင်းဆုံးပဲ။ ပုံလေးပေါ်နေတယ်ဆိုရင်ကတော့ စိတ်ချလက်ချ double click နှိပ်ဖွင့်လို့ရတယ်။ အဆင်ပြေမှာပါ။
virus အန္တရာယ် ကင်းဝေးကြပါစေ။

|


Post a Comment