Wednesday 2 January 2008

အသံတွေကြားနေရတယ်

ခုတစ်လော အသံတွေ ကြားနေရတယ်ဗျာ။ Virus နှောက်ယှက်လို့ computer ပျက်တယ်ဆိုတဲ့ အသံတွေပါ။ အဲဒါက ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ Operating System ကို ကောင်းကောင်းမပြုစုလို့ပဲဗျ။ Windows တွေကလဲ လူတွေ အ၀တ်အစား အသစ်တွေဝတ်ကြသလို သူတို့အတွက်လည်း latest (high-priority) update တွေကို ၀တ်ပေးရမယ်။ ဒါပေမယ့် ကွန်ပျူတာဆိုရင် တော်ရုံလူတွေက မကလိချင်ကြဘူး။ လက်ရှိသုံးလို့ရတဲ့ အနေအထားကနေ ပိုဆိုးသွားမှာစိုးလို့ ဆိုပြီး ဒီအတိုင်းပဲ ပစ်ထားလိုက်ကျတယ်။ ဒါပေမယ့် ကိုယ့်ကွန်ပျူတာကို ကိုယ်တိုင် မထိန်းသိမ်း၊ မပြုစုဘူး ဆိုရင် ပြဿနာကို ဖိတ်ခေါ်သလို ဖြစ်နေမှာပေါ့ဗျာ။

ဒီမှာ ဒီအချက်လေးတွေကို မှတ်ထားလိုက်ပါ။ သိပ်မခက်ပါဘူး။ ခေါင်းခြောက်ရမယ့် အနေအထားနဲ့ လွတ်နေအောင်လို့ပါ။

၁။ ကိုယ့်စက်က Internet ချိတ်ထားတယ်ဆိုရင် Automatic Updates ကို ဖွင့်ထားလိုက်ပါ။ Windows က သူ့ဖါသာသူ download လုပ်ပြီး update ကို install လုပ်သွားလိမ့်မယ်။ Automatic Updates ကို ဒေါင်းလုပ် လုပ်ချင်ရင်တော့ ဒီနေရာကို သွားကြည့်လိုက်ဗျာ။

Automatic Updates ကိုဖွင့်ရန်

>> Control Panel (Start>Settings>Control Panel) ထဲက System ဆိုတာကို Click ပါ။ နောက်ထပ် System properties window ထပ်ပေါ်လာလိမ့်မယ်။ အဲဒီကမှ Automatic Updates tab ကို ရွေးပါ။ ပြီးရင်တော့ Automatic Updates radio button ကို ရွေးလိုက်ပေါ့ဗျာ။ အချိန်ကတော့ ကိုယ်သုံးတတ်တဲ့ အချိန်ကို ရွေးထားလိုက်ပါ။ ဒါမှ မဟုတ်လဲ ဒုတိယတစ်ခုကို ရွေးထားလည်းရပါတယ်။

၂။ Microsoft Office ကို သုံးရင်လည်း Update လုပ်သင့်တာပေါ့။ ဒီနေရာကို သွားလိုက်ပါ။

၃။ Antivirus နဲ့ Spy ware program အများကြီးတွေထဲက ယုံကြည်ရမယ့် တစ်ခုခု ကို ရွေးပြီး install လုပ်ထားဖို့လည်း မမေ့ပါနဲ့။ (Kaspersky, Norton Antivirus, Nod32, AVG, McAfee, XoftSpy, Spyware SE, etc.)

၎။ Firewall ပါ ပါတဲ့ Bit defender လိုမျိုးလည်း ကောင်းပါတယ်။

ဒါ့အပြင် ခေါင်းသိပ်ခြောက်စရာ error တွေ မတွေ့ရအောင် ဒီ program လေတွေကို run ပေးရအောင်။ တစ်ပါတ်တစ်ခါလောက်ဆို ရပါတယ်။

Disk Cleanup

Defrag

Full-system Scan for viruses, and Spyware and others malware.

virus ကင်းစင် ကွန်ပျူတာတစ်ခွင် :D စိတ်အနှောက်အယှက် ကင်းစင်စွာဖြင့် အများအကျိုး သယ်ပိုးနိုင်ပါစေဗျာ။ နေရာမှ ရယူထားပါတယ်။

|


Post a Comment