Thursday 17 September 2009

Blogger New Feature

ဒီစာပိုဒ်ကို ဆက်ဖတ်ချင်တယ်ဆိုရင် အောက်မှာပါတဲ့ Read More >> ဆိုတာကို နှိပ်ပေးပါ။
(ဘလော့ဂ်ပှေါမှ ဖတ်သူများအတွက်သာ)


ဟုတ်ပါတယ်။ အဲဒီ Read More >> အကြောင်းကိုပဲ ရေးမှာပါ။ ဟိုးအရင်တုန်းက ပို့စ်ခေါက်တာလေးတွေ ခေတ်စားတယ်။ အမြည်းသဘောမျိုးကိုပဲ ပြထားပြီးတော့ ကျန်တာဆက်ဖတ်ချင်တယ်ဆိုရင် ဒီစာကိုနှိပ်ပါပေါ့။ နှိပ်လိုက်တဲ့အခါကျမှ ပို့စ်တစ်ခုလုံးပြပေးထားတယ်။ နောက် ပြန်ခေါက်ထားပါဆိုတာကို နှိပ်လိုက်ရင် မူလအတိုင်း အမြည်းစာလေးပဲ ပြန်ပှေါလာတာမျိုးပါ။ mmbloggershelpdesk မှာလည်း ကိုရန်အောင် ရေးထားခဲ့ဖူးပါတယ်။ အဲဒီတုန်းက လိုက်လုပ်တာ မရတာရယ်၊ ကိုယ့်မှာလည်း ခေါက်စရာ ရှည်လောက်တဲ့ ပို့စ်မရှိတာရယ်ကြောင့် ဆက်မလုပ်ဖြစ်ဘူး။

အခုတော့ အဲဒီသဘောမျိုး read more feature ကို ကျွန်တှောတို့ blogger ကြီးကနေ ဖန်တီးလိုက်ပါပြီ။ Peekaboo ခေါက်တာနဲ့ မတူတာကတော့ ဒီဟာက Read more ဆိုတာပဲ ပါပြီး ပြန်ခေါက်ထားဖို့ မပါပါဘူး။ ကောင်းတာကတော့ ကိုယ့်ဘလော့မှာ ယူသုံးချင်ရင် လွယ်သွားပါတယ်။ template တှောတှောများများအတွက် ဘာကုဒ်မှ ယူထည့်စရာ မလိုပါဘူး။ Blogger Draft ကနေ login ဝင်ပြီး ပုံမှန်အတိုင်းပဲ new post ရဲ့ Compose မှာ စာရိုက်ရုံပါပဲ။ အမြည်းသဘောပဲ ပေးမယ့်စာပိုဒ်ရဲ့ အောက်မှာ button အသစ်ဖြစ်တဲ့ Insert Junp Break ပုံလေးကို နှိပ်လိုက်ပြီး အောက်မှာ ကျန်တဲ့စာကို ဆက်ရိုက်သွားလိုက်ရင် Read More >> ဆိုတာလေးရလာမှာပါ။

Read More >> ဆိုတဲ့ စာနေရာမှာ ကိုယ်ကြိုက်တဲ့စာကို အစားထိုးနိုင်ဖို့ Layout>Page Elements>Blog Posts (အလယ်နားမှာရှိပါတယ်) ရဲ့ Edit ကို နှိပ်ပါ။ Post page link text: ဆိုတဲ့နောက်က text field ထဲမှာ ကိုယ်ကြိုက်တာကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ အသေးစိတ်သိချင်ရင်တော့ ဘေးနားမှာပါတဲ့ ? ပုံလေးကို နှိပ်လိုက်ပါ။ ဒါမှမဟုတ်လဲ ဒီမှာ link ထည့်ပေးထားပါတယ်။


နောက်တစ်ဆက်တည်းပြောချင်တာက You might also like: ဆိုတဲ့ widget အကြောင်းပါ။ Wordpress မှာ ဒါမျိုး add-on တွေ ရှိပေမယ့် ကျွန်တှောတို့ blogger platform မှာ မတွေ့မိပါဘူး။ ဒါပေမယ့် သူများဘလော့ဂ်တွေကြည့်ရင်း LinkWithin ဆိုတာလေးကို တွေ့မိပါတယ်။ သူက ဘာလုပ်ပေးသလဲဆိုတော့ ပို့စ်တစ်ခု အဆုံးမှာ ကိုယ်ရေးထားတဲ့ အရင်က ပို့စ်ဟောင်းလေးလင့်ခ် ၃ခု၊၄ခု၊၅ခု စသဖြင့် စုပေးထားတာပါ။ ပို့စ်တစ်ခုဖတ်ပြီးသွားရင် နောက်တစ်ခု ဆက်ဖတ်ချင်ရင်လွယ်အောင် ကူညီပေးတဲ့သဘောပါ။ အဟောင်းတွေကို တကူးတက ရှာဖတ်နေစရာမလိုတော့ဘူးပေါ့။ ထည့်ချင်ရင်တော့ အောက်မှာပါတဲ့ အဆင့်လေးတွေကို ဆက်လုပ်သွားပါ။

ပထမဆုံး ဘာမှမလုပ်ခင် Layout>Edit HTML ကနေ Download Full Template ကို နှိပ်ပြီး template ကို backup အရင်လုပ်ထားပါ။

Linkwithin ကိုသွားပါ။ Email, Blog Address, Platform ရွေးပါ။ Width: မှာ ကိုယ်ပှေါစေချင်တဲ့ link အရေအတွက်ကို ရွေးပါ။ ( Background အရောင်ရင့်သုံးတယ်ဆိုရင်တော့ အောက်မှာပါတဲ့ check-box လေးကို အမှန်ခြစ်ထည့်ပြီး ) Get Widget! ကို နှိပ်ပါ။ ဖြည့်တာမှန်တယ်ဆိုရင် နောက် page မှာ Install Widget ဆိုတာပှေါလာပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ဘလော့ဂ်တစ်ခုထက်ပိုပြီးရှိတယ်ဆိုရင် ကိုယ်ထည့်ချင်တဲ့ ဘလော့ကို ရွေးပေးပါ။ Edit Content ကို နှိပ်ပါ။ ပြီးရင် အောက်မှာကျလာတဲ့ ကုဒ်တွေကို notepad မှာ ကူးထားပါ။ ပြီးရင်တော့ blogger draft ကိုပြန်သွားပြီး Layout>Edit HTML>Expand Widget Templates check-box ကို အမှန်ခြစ်ထည့်ပေးပါ။ ပြီးရင်တော့
<b: cond="data:post.hasJumpLink" if=""> ဆိုတာကို ရှာပါ။ <data:post.body> အဲဒါရဲ့ အောက်နားမှာ ရှိပါတယ်။ တွေ့ပြီဆိုရင် </b:if> နောက်မှာ ဒီကုဒ်လေးထည့်ပေးပါ။
<div class="linkwithin_div"></div>

</div> ရဲ့ ရှေ့မှာ notepad ထဲကကူးထားတဲ့ ကုဒ်တွေကို paste လုပ်ပါ။ အဲဒါဆိုရင် Read More>> ရဲ့အောက်မှာ You might also like: ဆိုပြီး လင့်ခ်တွေပှေါလာမှာပါ။

Hope this helps. Happy Blogging!

တှောကီ

|


Post a Comment