Wednesday 23 September 2009

Dust Storm

ပျင်းရိခြင်း ၆ပါးထဲမှာ မပါပေမယ့် လေကတိုက်နေတော့ ပျင်းပြီး ကျောင်းတစ်ချိန် မသွားလိုက်ဘူး။ ဖုန်မှုန့်တွေ ပါလာလိုက်တာလဲ အညာက လှည်းလမ်းကြောင်းကိုတောင် ပြန်သတိရသွားတယ်။ နွေရာသီ ၃လပိတ်ပြီးလို့ ကျောင်းတွေပြန်ဖွင့်တဲ့အချိန်တွေဆို မှတ်မိမလားမသိဘူး။ ကျောင်းစဦးဆုံးဖွင့်ရက်မှာ ခုံတွေနေရာဦးဖို့ အစောဆုံးလာကြရတယ်။ လာတဲ့အခါ မပါမဖြစ် ယူခဲ့ကြရတာကတော့ မြေဖြူနဲ့ အဝတ်ဟောင်းတစ်ခုပဲ။ မြေဖြူက ကိုယ့်နာမည်ကိုယ် ခုံမှာရေးပြီး နေရာဦးဖို့။ အဝတ်ကတော့ ကျောင်းစိမ်းအကဿငျံအသစ်လေးတွေ မညစ်ပတ်အောင် ခုံတွေကို ဖုန်သုတ်ဖို့။ အခုလည်း တခြားပြည်နယ်က လေနဲ့အတူ ပါလာတဲ့ ဖုန်မှုန့်တွေက မြင်သမျှ တွေ့သမျှ အရာဝတဿထုအကုန်လုံးကို ဖုန်မိတ်ကပ်  လူးပေးတော့တာပဲ။ အလိုလိုကမှ အပျင်းဆိုတော့ မနက်လင်းလင်းချင်း ကျောင်းသွားချင်စိတ်က ပျောက်သွားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ကြည့်ဦးလေ။ နီရဲလို့။ မျက်နှာမသစ်ခင် ကင်မရာလေးယူပြီး မှတ်တမ်းတင်ထားလိုက်တယ်။ ဒါတောင် filter မပါလို့ အများကြီး မရိုက်ရဲဘူး။ နည်းနည်းပဲရိုက်ပြီး အိမ်ထဲမှာပဲ အပေါက်ပိတ်နေလိုက်တော့တယ်။ သတင်းထဲမှာကြည့်လိုက်တော့ မြို့ထဲမှာ ပိုဆိုးဆိုပဲ။ လမ်းနဘေးတွေမှာလည်း မြို့ဟောင်းတစ်ခုလိုပဲ ဖုန်အလိပ်လိပ်။ မိုးရွာတာ သိပ်မကြိုက်ပေမယ့် အခုတော့လည်း မိုးကိုမျှောနေမိတယ်။


မိုးလေဝသက ကြိုပြောထားလို့ သိနေပေမယ့် မျက်မြင်ကိုယ်တွေ့ကြမှ ပိုဆိုးတယ်ဆိုတာသိရတယ်။  မုန်တိုင်းဆိုတာမျိုးက တစ်သက်နဲ့တစ်ကိုယ် ကြုံတွေ့ဖူးတာမဟုတ်တော့ အတွေ့အကြုံက မရှိဘူး။ နာဂစ်တုန်းကလည်း နယ်မှာရောက်နေတော့ အဝေးကနေပဲ နားစွင့်နေခဲ့ရတယ်။ ဖြစ်ပြီး ၁လလောက်အကြာ ရန်ကုန် ကားကွင်းရောက်တော့ ချက်ခြင်းကို နေ့လည်ကားနဲ့ ပြန်ပြေးချင်စိတ်ကို ပေါက်ရော။ taxi က မြို့ထဲကို ၁၅၀၀၀ တဲ့။ မလာခင်တုန်းက ပြောသံကြားတာ ပိုတယ်မှတ်နေတာ။ ကြုံမှပဲ အှော ဒီလိုရှိပါလား ဆိုပြီး သဘောပေါက်ရတော့တယ်။ နာဂစ်ကိုယ်တိုင်ကြုံလိုက်ရတဲ့သူတွေအတွက်တော့ မတွေးဝံ့လောက်အောင်ကို ဖြစ်မိတယ်။


သဘာဝဘေးအနဿတရာယ်ဆိုတာ ရှောင်လွှဲလို့မရပေးမယ့် ကြိုတင်ပြင်ဆင်နိုင်ခွင့်တော့ ရှိသင့်ပါတယ်။ ကြိုတင်ပြင်ဆင်နိုင်မှု မရှိခဲ့ရင်တောင်မှ ဖြစ်လာတဲ့ ပြသဿသနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်သင့်ပါတယ်။
ပြသဿသနာတွေ ကိုယ်တိုင် မဖြေရှင်းနိုင်ရင်တောင်မှ ဖြေရှင်းနိုင်မယ့်သူကို အကူအညီ တောင်းသင့်ပါတယ်။
... သင့်ပါတယ်။ ... သင့်ပါတယ်။
(နောက်ဆုံးတော့လည်း) ကျွန်တှောမျိုးကြီး သေသင့်ပါတယ်။



သတင်းနဲ့ ပုံတွေကြည့်ချင်ရင် - Ninemsn

တှောကီ

|


Post a Comment