Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Sunday, 4 April 2010

သင့်လိုလူ

ကျွန်တှောသူငယ်ချင်း ဆာယာတစ်ယောက် အွန်လိုင်းကနေ စီးပွားရေးလုပ်လာတာ ၁၂ နှစ်လောက် ရှိပြီ။ ကိုယ်ပိုင် လုပ်ငန်း ခပ်သေးသေးပော့။ လွန်ခဲ့တဲ့ တစ်ပတ်က သူ့ဖောက်သည်ဆီကနေ သူ့ကို ပစ်ပစ်နှစ်နှစ် ဝေဖန်ထားတဲ့ အီးမေလ်းတစ်စောင် ရောက်လာတယ်။ အတုအယောင်သမား၊  အသုံးမကျတဲ့သူ စသဖြင့် ကိုယ်ရေးကိုယ်တာတွေကိုပာ ထိခိုက်ရေးထားလိုက်တာ ၁၀ မျက်နှာလောက်ကို ရှိတယ်။ နောက်ပြီးတော့ သူနစ်နာခဲ့ရတာတွေအတွက် လျှောကြေးပြန်ပေးဖို့ မဟုတ်ရင် တရားစွဲမယ်ဆိုတဲ့အကြောင်း  ခြိမ်းခြောက်ထားသေးတယ်။
ဆာယာတစ်ယောက်တော့ သောကပွေပြီပော့။ ကွန်ပျူတာတွေ၊ ဖုန်းတွေ အကုန်ပိတ်ပြီး ငိုပွဲဆင်တာ အဲဒီနေ့တစ်ရက်လုံး ဆိုင်ပိတ်လိုက်ရတယ်။ နောက်တစ်ရက် ရုံးပိတ်ရက်ရောက်တော့လည်း အရာရာကို အရှုံးပေးတော့မယ်စိတ်ကူးနဲ့ အိပ်ရာထဲကကို မထွက်နိုင်ဘူးဖြစ်နေတယ်။ ဖောက်သည်ဆီက စာထဲမှာပာတဲ့အတိုင်း စွပ်စွဲထားသမျှ အမှန်တွေချည်းပဲ ထင်နေပြီး ၁၂ နှစ်လုံး လုပ်လာခဲ့သမျှ အသုံးမကျတော့ဘူးဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတော့တာပော့။ တနဂဿငနွေနေ့ရောက်တော့ စွပ်စွဲချက်တွေကို တစ်ချက်ခြင်းပြန်စစ်၊ ဖောက်သည်ရဲ့ website ကို ပြန်လေ့လာရင်းနဲ့ သူဘာအမှားတွေ လုပ်ခဲ့သလဲဆန်းစစ်၊ အပောင်းအသင်းတွေဆီက အကြံဉာဏ်ယူရင်းနဲ့ ၅ နာရီလောက် အချိန်ကုန်သွားတယ်။ နောက်ဆုံးတော့ သူလုပ်ခဲ့သမျှတွေအားလုံးကလည်း ကူညီဖို့ သက်သက်ပဲဆိုတာပြီး တောင်းပန်ရမယ်ဆိုတဲ့ အတွေးနဲ့အတူ လက်ခံထားတဲ့ ငွေတွေအပြင် ထပ်ဆောင်းငွေ ဒှောလာ ၅၀ ပာ ပြန်ပေးလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
နောက်တစ်ရက်မှာတော့ ပြန်အမ်းငွေနဲ့အတူ  အီးမေလ်းပြန်ပို့လိုက်တယ်ဆိုတဲ့အကြောင်း client ဆီကို ဖုန်းဆက် အကြောင်းကြားလိုက်တယ်။ Client က လိုလိုလားလားပဲ ဖုန်းလာကိုင်ပြီးတော့ အားနာသွားတဲ့လေသံနဲ့ "စိတ်မရှိပာနဲ့ ငာကိုယ်တိုင်ကလည်း အဲဒီနေ့က စိတ်ရှုပ်သွားလို့ ပြောမိတာပာ၊ အဲဒီလောက်ဖြစ်သွားမယ်လို့ တွေးမထားခဲ့မိဘူး" ဆိုပြီးပြောတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ ဗယ်လာရီတဲ့။ ဒီသူငယ်ချင်းမကတော့ အွန်လိုင်း dating website ကနေ လက်တွဲဖှော ရှာတာပော့။ လိုချင်တာက ဟာသဉာဏ်ရွှင်ပြီး ပြည့်ပြည့်စုံစုံရှိတဲ့သူတဲ့။ ဒာပေမယ့် ကြည့်ရတာ စိတ်ဝင်တစားရှိပုံမရဘူး။ တစ်ရက်က သူ့အိမ်ဝင်ရင်း အခြေအနေမေးတော့ သူ့အကောင့်ကို ဖွင့်ပြတယ်။ inbox ထဲမှာ စာ ၈ စောင်လောက် ရောက်နေတာ တွေ့ရတယ်။ သူ့ profile ကို ဘာကြောင့် ကြိုက်ရတဲ့အကြောင်း၊ ခရီးဝေး လမ်းလျှောက်ရမှာ ဝာသနာတူတဲ့အကြောင်း၊ ဂျာမန်လိုလည်း ပြောတတ်ကြောင်း၊ တစ်ယောက်ကဆို ဘာလင်ကို ရောက်ဖူးလား၊ နယူးဇီလန်က တောင်တန်းတွေမှာ လမ်းလျှောက်ဖူးလား စသဖြင့် သေသေချာချာ မေးထားကြတယ်။ အကုန်လုံးက တူညီတဲ့ တုန့်ပြန်မှု ရမယ်အထင်နဲ့ ကိုယ်စီနဲ့ ရင်ဖွင့်ထားကြတယ်။ အသိအမှတ်ပြုတဲ့ ပြန်စာကို စောင့်နေပာ့မယ့်အကြောင်းလည်း ရေးထားသေးတယ်။ ကျွန်တှောကတောင် ကြားထဲကနေ ဒီကောင်တွေအစား ဘယ်လိုခံစားရမလဲဆိုတာ ပြောလိုက်သေးတယ်။ ဗယ်လာရီကတော့ ခပ်ပော့ပော့ပာပဲ။ "ဒီလိုမျိုးတွေ တစ်ရက်ကို ဆယ်စောင်လောက် ရတတ်တယ်"ဆိုပြီး အကုန်လုံးကို ဖျက်လိုက်ပာလေရော။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တှောတို့တွေ စိတ်အခန့်မသင့်တဲ့အခာမှာ ကွန်ပျူတာကို ဒာမှမဟုတ် ကားကို အှောဟစ် ဆဲဆိုတတ်ပာတယ်။ အဲဒီအထိ ပြသဿသနာမရှိသေးပာဘူး။ ဒာတွေက သက်မဲ့ပစဿစည်းတွေလေ။ ဒာပေမယ့် website တစ်ခုကို ဒာမှမဟုတ် ကုမဿပဏီတစ်ခုဆီကို ဖုန်းနဲ့ဖြစ်စေ၊ ကွန်ပျူတာကနေဖြစ်စေ ပြောဆိုဝေဖန်တဲ့အခာမှာတော့ ကျွန်တှောတို့ မေ့နေတတ်တာ ဟိုဘက်ကလည်း ကိုယ့်လိုလူတစ်ယောက်ဆိုတာပာပဲ။
ကွန်ပျူတာထဲကနေတဆင့် တခြားလူတွေကို ကိုယ့်ကိုသိနိုင်တာမဟုတ်ဘူးဆိုပြီး ပယ်ပယ်နယ်နယ် ဝေဖန်လိုက်တာဟာ အရမ်းကို အောက်တန်းကျပြီး လူမဆန်ရာရောက်ပာတယ်။ အဲဒီလူဟာ ကိုယ့်ဘေးနားမှာရှိနေခဲ့မယ်ဆိုရင်တော့ အဲဒီလောက်အထိ ပြောမိမှာမဟုတ်ပာဘူးလို့ထင်တယ်။
ကိုယ့်စိတ်မထိန်းနိုင်ဖြစ်နေတဲ့အချိန်မှာ တစ်ဖက်ကွန်ပျူတာရှေ့မှာလည်း ကိုယ့်လိုပဲ လူတစ်ယောက်ရှိနေတယ်ဆိုတာကို မေ့နေတတ်ပာတယ်။ အဲဒီလူဟာလည်း သင့်လိုလူတစ်ယောက်ပာပဲ။ သူ့မွေးနေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ပာတယ်။ အပောင်းအသင်းမဲ့နေပြီး စိတ်ထိခိုက်နေကောင်း ဖြစ်နေတတ်ပာတယ်။ ဒာကြောင့် သင်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ သူ့ရဲ့စိတ်ကို ဘယ်လောက်ထိ ထိခိုက်သွားစေမလဲဆိုတာ သင်ကိုယ်တိုင်တောင် မသိနိုင်ပာဘူး။
ဟုတ်ပြီ။ အခုလက်ရှိတော့ ဒီအချက်ကို သတိရနေမယ်။ ဒာပေမယ့် ကျွန်တှောတို့တွေ စိတ်ဖိစီးနေခဲ့မယ်ဆိုရင်ရော အမှတ်ရနိုင်ဦးမလား။ ဒာမှမဟုတ် ဗြဟဿမစိုရ်တရား(၄)ပား လက်ကိုင်ထားပြီး လူမှုဆက်ဆံရေး အောင်မြင်အောင် ကြိုးစားသွားနိုင်မလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေရာမှာ ဖတ်မိတာလေးကို သင့်မယ်ထင်ရာကိုပြောင်းပြီး ဘာသာပြန်လိုက်တာပာ။ မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိသလို၊ ဆရာလုပ်လိုခြင်း အလျဉ်းမရှိပာ။ ကျွန်တှောတို့လူမျိုးမှာ ဒာမျိုးက မရှိသလောက်ကို နည်းမယ်ထင်ပာတယ်။ အရမ်းကို ကျိုးနွံပြီး ဆက်ဆံတတ်တာ မြန်မာလူမျိုးပဲ တွေ့ဖူးပာတယ်။ ဥပမာ၊ ဘလောဂ့်ရေးတာတောင်မှ လာဖတ်ချင်ပာတယ် ခွင့်တောင်းတာမျိုး၊ တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးကြပေမယ့် မိသားစုသဖွယ် ရင်းရင်းနှီးနှီး နှုတ်ဆက်တာမျိုးတွေဟာ မြန်မာဘလော့ဂ်တွေမှာသာ တွေ့ရပာတယ်။ ဒီလိုပြောလို့ မကောင်းတဲ့သူမရှိဘူးလို့ရယ်လဲမဟုတ်ပာဘူး။ ငရဲမကြောက်၊ တစေဿဆမကြောက်တဲ့ မျက်ကန်းတွေ ကြွက်ချေးတွေလည်း ဆွမ်းဆန်တွေထဲမှာ ရောပာနေဆဲပာ။ နောက်ဆုံးအချိန်မှာတော့ ကံကံ၏ အကျိုးအတိုင်း လက်ခံရမယ်လို့ ယူဆလျှက်။
စကားဝာမြေဘလော့ဂ်က စာကြောင်းလေးနဲ့ အဆုံးသတ်ချင်ပာတယ်။
နေ့စဉ် မိမိတို့၏ ရုပ်ခနဿဓာကိုယ်ကြီးကို ပြုပြင်ပေးနေရသကဲ့သို့ မိမိတို့၏ စိတ်ထားကိုလည်း ဗြဟဿမစိုရ်တရား (၄)ပားနှင့် ပြည့်စုံအောင် အတတ်နိုင်ဆုံး ကျင့်ကြံနေထိုင်သွားကြပာစို့ ...။
တှောကီ - @Talkiiblog
Comic via link .

Thursday, 7 January 2010

Google's Nexus One




အန်တိုနီယို - ငာကတော့ iPhone ကနေ Nexus One One ကို ပြောင်းမှာမဟုတ်ဘူး။

အိုလီဗာ - ငာလည်း သဘောတူတယ်။ Nexux One က Apple ထုတ်တဲ့ application တွေလောက် များများထုတ်နိုင်မှာမဟုတ်ဘူး။ iPhone က အခုဆိုရင် ကိုယ်ပိုင် applaction တွေ အများကြီးထုတ်နိုင်နေပြီ။ တှောရုံကွန်ပျူတာကုမဿပဏီလောက်နဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မီရှဲလ် - ငာလည်း သဘောတူတာပဲ။ application တွေကြောင့်မို့လို့ iPhone ကို ခိုက်နေတာ။

တီရာ - ငာရောပဲဟေ့ ... Nexus One ကို အထင်မကြီးဘူး။

လန်ဒွန် - ငာကတော့ သဘောမတူဘူး။ Apple က application ၉ဝ၀၀၀ ရှိတယ်။ Android မှာက ၂၀၀၀၀ ပဲရှိတယ်။ Android ပစဿစည်းတွေ ဈေးကွက်မှာ နေရာရလာရင် application အရေအတွက်လည်း များလာမှာပဲ။ အခုလက်ရှိကတော့ ငာလည်း iPhone သုံးနေတာပဲ။ သူကပဲ ဈေးကွက်ကို အပိုင်စီးထားပေးမယ့် အဓိက ပြိုင်ဘက်တွေကတော့ နောက်မှာ အများကြီးရှိတယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲ လုပ်ဖို့လိုလိမ့်မယ်လို့ထင်တယ်။

iPhone ကို ကြိုက်ရတဲ့အချက်က interface ရှင်းရှင်းလင်းလင်းရှိတာရယ်၊ application တွေများတာရယ်ကြောင့်ပဲ။ Google ကသာ ဒီအချက်တွေကို ပိုကောင်းအောင် ပြင်လိုက်မယ်ဆိုရင် ငာကတော့ ပြောင်းမှာ သေချာတယ်။ ဒာ့အပြင် Nexus One မှာက 5 mp ကင်မရာ (with flash) ရယ်၊ ထပ်တိုးလို့ရတဲ့ မမ်မိုရီကဒ်ရယ်။ ဘက်ထရီပိုကောင်းတာရယ်နဲ့ application တစ်ခုထက်ပိုပြီး တစ်ပြိုင်တည်း သုံးလို့ရတာတွေလည်း ရှိသေးတယ်။ ငာ့အထင်ကတော့ Apple အတွက် GUI မှာ အဆင်ပြေပေမယ့် hardware ပိုင်းကို အဆင့်မြှင့်ဖို့ လိုအပ်နေတာပဲ။

မီရှဲလ် - ပြိုင်ဘက်တွေကိစဿစမှာတော့ ငာသဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ ဂူဂဲလ်ဟာ အဓိက ပြိုင်ဖက်မဟုတ်လို့ပဲ။ သူတို့က geeks တွေအတွက်ကို ပိုရည်ရွယ်တာများတယ်။ ရိုးရိုးသာမန် အသုံးပြုတဲ့သူတွေ လိုအပ်တာကက ရှင်းရှင်းလင်းလင်း sexy ဖြစ်တာပဲ။ ဂူဂဲလ်လုပ်သမျှက developer တွေ အသုံးချ စမ်းသပ်ဖို့ပဲ။ သာမန်သုံးတဲ့သူတွေအတွက် မဟုတ်ဘူး။ သူတို့ လုပ်ခဲ့သမျှထဲမှာ အအောင်မြင်ဆုံးကတော့ search engine ပဲ။ သုံးတဲ့သူတွေ စုပြုသုံးတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အသွင်အပြင်ကြောင့် မဟုတ်ဘဲ search engine ရဲ့ လွယ်ကူ ရိုးရှင်းမှုကြောင့်ပဲ။ အခုဆိုရင် Bing က စိန်ခှောလာပြီ။ သာမန်သုံးတဲ့သူတွေက စိတ်ပြောင်းလွယ်တယ်။ သူတို့က Bing ရဲ့ ကြောငြာတွေ၊ ဒီဇိုင်း ဆန်းဆန်းတွေတွေ့ရင် search result ဘယ်လောက်ညံ့ညံ့ ပြောင်းသွားကြမှာပဲ။ ဂူဂဲလ်အတွက်ကတော့ ဖုန်းနာမည်ကလည်း ခပ်ဆန်းဆန်းဖြစ်နေသေးတယ်။ မင်းက ရိုးရိုး သာမန်သုံးတဲ့သူတွေပြောင်းမယ်လို့ ထင်နေလို့လား?

လန်ဒွန် - မင်းပြောတဲ့အချက်ကိုတော့ သဘောတူတယ်။ ရိုးရိုးသာမန်လူတွေကတော့ Android ဖြစ်ဖြစ်၊ Nexus One ဖြစ်ဖြစ် AT&T သုံးတယ်ဆိုရင် ပြောင်းမှာမဟုတ်ဘူး။ ဒာပေမယ့် ငာပြောချင်တာက Apple က တခြား ဆက်သွယ်ရေးကုမဿပဏီတွေပာ ဖွင့်ပေးသင့်တယ်။ သူတို့ ဖွင့်မပေးဘူးဆိုရင် လက်ရှိသုံးနေတဲ့သူတွေက လက်ရှိ ကုမဿပဏီနဲ့ပဲ သုံးသွားပြီးတော့ ဖုန်းဟန်းဆက်ကိုပဲ အသစ်ပြောင်းချင် ပြောင်းကြလိမ့်မယ်။ Strom (blackberry) ဖြစ်ဖြစ်၊ Pre (Palm) ဖြစ်ဖြစ် Nexus One (Google) ဖြစ်ဖြစ်ပော့။ သုံးတဲ့သူက လွယ်တာကိုပဲ သုံးမှာပဲ။ ဒာကြောင့် ၅၀% လောက်လူတွေက Internet Explorer ကို ဆက်သုံးနေကြတာပော့။ မင်းဥပမာပေးသွားတဲ့ အသွင်အပြင်ကိစဿစကတော့ သိသာလွယ်တယ်။ Nexus One မှာ iPhone ရှိသလို interface ကောင်းကောင်းမရှိဘူး။

Bing ကတော့ နည်းပညာပိုင်း သိပ်စိတ်မဝင်စားတဲ့သူတွေအတွက် သူ့ interface က ဘယ်လောက်ကောင်းတယ်ဆိုတာ ခန့်မှန်းနိုင်လား။ ဒီနေ့ခေတ်မှာ Internet Explorer 6 ကို သုံးနေတဲ့သူ ၁၁ ရာခိုင်နှုန်းတောင် ရှိနေသေးတယ်။ ထားပာလေ။ ဒာကတခြား topic တစ်ခုပာ။

သာမန်လူတစ်ယောက်အတွက် ပစဿစည်းအသစ်တစ်ခု ပြောင်းသုံးဖို့ဆိုတာ အချိန်အတိုင်းအတာ နည်းနည်းပဲလိုပာတယ်။ Andriod OS သာ အခုလို အရှိန်နဲ့ ဆက်သွားမယ်ဆိုရင် iPhone အတွက် အဓိက ပြိုင်ဖက် ဖြစ်လာမှာပဲ။ Apple ကလည် ဖုန်းကနေတဆင့် လူတွေနဲ့ အင်တာနက်ကို ချိတ်နိုင်ဖို့ တဆင့်ပြီးတဆင့် ကြိုးစားတုန်း ရှိသေးတယ်။ အဓိကပြောချင်တာက ဆက်သွယ်ရေး ကုမဿပဏီမျိုးစုံကနေ Android OS သုံးနေတဲ့ ဖုန်းအမျိုးပောင်း ၂ဝလောက် ရှိတယ်။ ဒာကြောင့် application တွေလည်း Android OS အတွက် ကျိန်းသေ များလာမှာပဲ။

Apple က fireware ကို ၂၀၀၉ မှာ သိသိသာသာ မြှင့်ခဲ့တယ်။ ဒာပေမယ့် hardware design ကတော့ ပြောင်းမသွားဘူး။ ဒီနှစ်မှာ သေချာပောက် မြှင့်ရလိမ့်မယ်လို့ ယုံကြည်တယ်။

အီဗန် - Mashable က သတင်း ကို ကိုးကားပြီး ပြောချင်တယ်။

ဒီဘီး - ကျေးဇူး အီဗန်။ Geek တော့မဟုတ်ဘူး။ ဒာပေမယ့် Nexus One ကို ပြောင်းသုံးဖို့တော့ ဝန်မလေးဘူး။ AT&T ရဲ့ ကန့်သတ်ချက်တွေကြောင့်တော့မဟုတ်ဘူး။ unlimited plan ပိတ်သွားတာကြောင့်လဲမဟုတ်ဘူး။ Motorola က Droid က ပိုသာမယ်ထင်လို့။

အန်တိုနီယို - အားလုံး ဝိုင်းဆွေးနွေးပေးတာ ကျေးဇူးပာ။ ငာ့အတွက်ကတော့ အိုင်ဖုန်းကို ကြိုက်တဲ့ အဓိက ၂ချက်ရှိတယ်။ interface ရယ် design ရယ်ကြောင့်ပဲ။

မီရှဲလ် - unlimited plan ပိတ်ရတဲ့အကြောင်းအရင်းက အိုင်ဖုန်းက အရမ်းကို popular ဖြစ်လွန်းလို့ပဲ။ data သုံးတဲ့သူတွေက network တစ်ခုလုံးကို အရမ်းလေးသွားစေတယ်။ Apple ကနေ iPhone စရောင်းတုန်းက AT&T ကပဲ တစ်ဦးတည်း ကိုယ်စားလှယ် လိုချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ Apple နဲ့ ရင်းရင်းနှီးနှီးရှိတာကြောင့်ပဲ။ အဲဒီတုန်းက ဘယ်သူကမှ iPhone ရဲ့ ကျှောကြားမှုကို မခန့်နိုင်သေးလို့ပဲ။ AT&T ကိုယ်တိုင်လည်း တကယ်တန်း အဆင့်သင့် မဖြစ်ခဲ့သေးဘူး။ အခုကျတော့ Apple က သီးသန့် contract နဲ့ lock လုပ်ထားတယ်။ ဘယ်ဖုန်းမဆို အခုလို လူသုံးများလာတယ်ဆိုရင် အခုလို ပြသနာ ကြုံတွေ့မှာပဲ။ တကယ်တန်းပြောရရင် ဖုန်းလိုင်းမနိုင်လို့ ကျသွားတာမျိုး တစ်ခာမှ မကြုံရသေးဘူး။ ငာဆိုရင် Tmobile ပြောင်းခဲ့တာပဲ။ အဲဒီကုမဿပဏီက ေတာှေတာှညံ့တယ္။ လက်ရှိ plan ကို ပိတ်လိုက်တယ်။ ပိတ်ဖို့ကို ၁နှစ်လောက်ပြောယူရတယ်။ contract နဲ့ယူတာမျိုးလဲမဟုတ်ဘူး။ ဒာတောင်မှ ဖုန်းကျကျသွားတာမျိုး ခဏခဏဖြစ်တယ်။
xxxxxx
Google ကနေ အသစ်ထုတ်တဲ့ Nexus One ဖုန်းအကြောင်း FB မှာ တွေ့မိလို့ သင့်တှောသလို ဘာသာပြန်ထားပာတယ်။ အားသာချက် အားနည်ချက် ၄ခုစီကို mashable မှာ သွားရောက်ဖတ်ရှုနိုင်ပာတယ်။

Google's official link

တှောကီ - @Talkiiblog

Friday, 11 September 2009

ဦးလေး အင်တာနက်

မေးခွန်း။ ။ဒီနေ့ခေတ်မှာ ကွန်ပျူတာမရှိရင် ဘယ်လိုနေမလဲ?

ကျွန်တှောတို့ရဲ့ နေ့စဉ်ဘဝတွေကို စိုးမိုးထားတဲ့ ကွန်ပျူတာဆိုတာကြီးဖြစ်ပှေါလာတာ ရာစုနှစ် တစ်ခုတောင် မပြည့်သေးပါဘူး။ ဒုတိယကမဿဘာစစ်တွင်းတုန်းက Allies တပ်တွေမှာ စတင် အသုံးဝင်ခဲ့တာပေါ့။ ဒီလိုနဲ့ ၁၉၆၀ နောက်ပိုင်းရောက်တဲ့အခါမှာ နာဆာနဲ့ တခြား အစိုးရ အဖွဲ့အစည်းတွေမှာ အသုံးပြုလာကြပါပြီ။ ဒီလိုနဲ့ တိုးတက်လာလိုက်တာ ဆောင်းဦးရာသီတွင်းဖြစ်တဲ့ ၁၉၆၉ စက်တင်ဘာလ ၂ရက်နေ့မှာ ကွန်ပျူတာနှစ်လုံးကို ၁၅ပေရှိတဲ့ နက်ဝက်ဘ်ကြိုး (gray cable) ကို အသုံးချပြီး သတင်းအချက်အလက်တွေ ကူးပြောင်းနိုင်ခဲ့ပါတယ်။ နောက်တစ်လအကြာမှာပဲ Standford Research Institute က ပါဝင်ပေါင်းစပ်ခဲ့ပြီး ARPANET ဆိုတဲ့ network ကြီး စတင်ဖြစ်ပှေါလာပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာပဲ UC Santa Barbara ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အင်တာနက်ကြီး မွေးဖွားလာခဲ့ပါတယ်။

အဲဒီတုန်းကတော့ program ထည့်သွင်းထားတဲ့ silicon chip တွေ စတင်ခေတ်စားလာခဲ့ပြီး နောက်ကနေ ဂိမ်း၊ အီးမေလ်း တို့ ပှေါထွက်လာပါတယ်။ လူမှုရေးနဲ့ စက်မှုဆိုင်ရာ ခေတ်ပြောင်းတှောလှန်ရေးကြီးသဖွယ်ပေါ့။ ကွန်ပျူတာဆိုင်ရာ ပြတိုက်(Swindon, England) ကနေလဲ ကွန်ပျူတာဆိုင်ရာနည်းပညာ ပြပွဲတွေနဲ့အတူ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အင်တာနက် နည်းပညာကို အရှိန်မြှင့်ခဲပါတယ်။ (ခုခေတ်ဆို တပ်မတှောခန်းမမှာ ကျင်းပတဲ့ ICT show တွေလိုလုပ်တာမျိုးထင်ပါရဲ့ - ဤကားစကားပိန်) အဲဒီပြပွဲတွေထဲကမှ အမှတ်ရစရာတစ်ခုကတော့ World Wide Web ကိုတီထွင်ခဲ့သူ Tim Berners-Lee အသုံးပြုခဲ့တဲ့ black cube (NeXT Computer) လို့ခှေါတဲ့ ကွန်ပျူတာကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြတိုက်မှာ ပထမဆုံး တီဗီဂိမ်းတွေကိုလည်း စုဆောင်းထားပါသေးတယ်။

အင်တာနက်ဟာ ၁၉၉၀ နောက်ပိုင်းမတိုင်ခင်အထိ အိမ်တိုင်းမှာ မသုံးကြရသေးပါဘူး။ ဒါပေမယ့် Tim Berners-Lee ရဲ့ တီထွင်မှုနဲ့အတူ America Online Company ကနေ သန်းပေါင်းများစွာရှိတဲ့သူတွေကို ပထမဆုံးအကြိမ် ချိတ်ဆက်ပေးခဲ့ပါတယ်။

ပြတိုက်တည်ထောင်သူ Jeremy Holt ပြောတာကတော့ ဒီနေ့ခေတ်ကလေးတွေက ဟိုးအရင်တုန်းက ကွန်ပျူတာမပှေါခင် ဘယ်လိုကြိုးစားခဲ့ရတယ်၊ ဘယ်လို နည်းပညာတီထွင်မှုတွေ လုပ်ခဲ့တယ်ဆိုတာကို မသိကြလို့ အခြေခံ စဉ်းစားပုံရလာအောင် ရည်ရွယ်တယ်လို့ပြောပါတယ်။ Intel ရဲ့ ဒုတိယဥကဿကဌကလည်း သူရဲ့ ပထမဆုံး ကွန်ပျူတာကိုယူလာပြပါတယ်။ ဒေဝါလီခံသွားပြီဖြစ်တဲ့ Osborne Computer Corporation ကထုတ် ပထမဆုံး portable microcomputer ဖြစ်ပါတယ်။ သူ့ခမျာလဲ ပထမဆုံးထုတ်ဆိုလို့ ဘထဿထရီတွေမပါသေးလို့ plug in လုပ်ပြီး သုံးမှာသာ အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်ထိရောက်လာအောင် အချိန်တွေ အများကြီး ရင်းနှီးခဲ့ရတယ်လို့ Gordon Graylish ကဆိုပါတယ်။

ဒီနေ့ခေတ် နည်းပညာထိုးဖောက် တီထွင်မှုတွေနဲ့ အင်တာနက်လှိုင်း၊ ကွန်ပျူတာ ရေစီးကြောင်းလှိုင်းတွေမှာ စီးမျောရင်း ဘယ်တွေဘယ်လို ပြောင်းလဲလာမလဲဆိုတာ အားလုံးက စောင့်ကြည့်နေဆဲပါပဲ။

Happy Birthday Uncle Internet!

Black Cube ခှေါ NeXT Computer
ဒါကတော့ The first portable microcomputer. 4.0 Mhz CPU ရှိသတဲ့။ ဒီနေ့ခေတ် Iphone 3GS မှာ 620 Mhz တောင်ရှိလာပါပြီ။


ဒီနေရာမှာ ရေးထားတာကို စီလျှောအောင် လိုတိုးပိုလျော့လုပ်ထားပါတယ်။

မှတ်ချက်။ ။ တကယ်တမ်းကတော့ ဟိုတစ်ပတ်ကတည်းက တင်မယ့်စာပါ။ အချိန်မရလို့ တွိစ်ပြီး မှတ်ထားလိုက်တာကို ပြန်တင်လိုက်ပါတယ်။ စကားမစပ် ကျွန်တှော ဇှောဂျီကီးဘုတ်က ရိုက်လိုက်ရင် တစ်ချို့ငသတ်တွေနဲ့ အသတ်တှောတှောများများ မပှေါဘူးဖြစ်နေတယ်။ ဖတ်မရရင် ပြောသွားပေးပါဦး။ ကျေးဇူးတင်ပါတယ်။

ဝန်ခံချက်။ ။ အထက်မှာရေးသားထားတာတွေက ကျွန်တှောရဲ့ အာဘှောအတိုင်း သင့်တှောသလိုပြန်ထားတာကြောင့် အမှားမကင်းနိုင်ပါ။ လိုအပ်သလို ပြင်ဆင် မှတ်သားနိုင်ပါတယ်။

Links:
1. http://en.wikipedia.org/wiki/NeXT_Computer
2. http://en.wikipedia.org/wiki/Osborne_1
3. http://news.nationalgeographic.com/news/2009/08/090831-internet-40th-video-ap.html

တှောကီ

အဖြေ။ ။ တစ်ကမဿဘာလုံးအတိုင်းအတာဆိုရင်တော့ လူနည်းစုအတွက် ဘယ်လိုမှမနေပါဘူး ...။

Thursday, 23 July 2009

ကလေးအတွေး


ရုံးပိတ်ရက်မှာ အနားယူမယ်စိတ်ကူးနေတုန်း ၆ နှစ်အရွယ် သမီးလေးက သံပုရာရည်ဆိုင်ကလေး ဖွင့်ချင်တယ်ပြောလာပါတယ်။ အလုပ်နားရက်မို့လို့ သံပုရာရည် ကူမရောင်းချင်တာနဲ့ သံပုရာရည် ဖျော်ချင်ရင် ပိုက်ဆံ ဘယ်လောက်ကုန်မယ့်အကြောင်း၊ ခွက်စတဲ့ တခြား တိုလီမုတ်စ ပစ္စည်းတွေ လိုမည်ဖြစ်တဲ့အကြောင်း ပြောပြီး သမီးကို နားချလိုက်တယ်။ ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ သမီးကတော့ လုပ်ချင်တယ်ပဲ နားပူနာဆာ ပြောပြီး ကျွန်တော်ကို အနိုင်ယူသွားပါတယ်။

ဒါနဲ့ သူကို အလျော့ပေးပြီး သမီးရဲ့ ပထမဆုံး လုပ်ငန်းလေးစဖို့ ပြင်ရပါတော့တယ်။ နောက်ပြီးတော့ သမီးလေးကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့အတွက် ပိုက်ဆံရေတွက်နည်း၊ စီးပွါးရေး အခြေခံနည်းလေးတွေ သင်ပေးဖို့ အခွင့်ကောင်းပဲ မဟုတ်လား။

ကျွန်တော်တို့ နှစ်ယောက် တစ်ထိုင်ထဲမှာပဲ အလုပ်အတွက် လိုအပ်မယ် အစီအစဉ်တွေ ဆွဲလိုက်ကြတယ်။ မကြာပါဘူး။ သမီးလေးက ကျွန်တော် သင်ဖို့ကြိုးစားပြီး ရေးထားတဲ့ ပိုက်ဆံယူပုံတွေ၊ ကုန်ကျတဲ့အရင်းအနှီးနဲ့ ပြန်ရမယ့် ငွေ စာရင်း ကိုကြည့်ရင်းပြောတယ်။


ဖေဖေကလည်း သမီးတို့ အိမ်နီးနားချင်းတွေက အရမ်းသဘောကောင်းတာ။ သူတို့ကို ဖျော်ရည်အလကား တိုက်ရမှာပေါ့ ။


သမီးလေးက ကျွန်တော်တွေးမထားတဲ့ဘက်ကနေ လွှတ်ခနဲ ပြောလိုက်တယ်။ ဒီတစ်ခါလဲ လိုက်လျောလိုက်ရတာပါပဲ။ ကျွန်တော်ရေးထားတဲ့ အစီအစဉ်လေးကတော့ မလိုတော့ဘူး။ သံပုရာရည်ဆိုင်လေးရဲ့ ရည်ရွယ်ချက်က ချက်ခြင်းပြန်ပြောင်းသွားတယ်။ သမီးလေးက စာရေးပြီး ဆိုင်းဘုတ် လေးလုပ်လိုက်တယ်။ ကျွန်တော်ဇနီးကတော့ သမီးအတွက် ဖျော်ရည်ဖျော်တဲ့နေရာမှာ ကူပေးနေတာပေါ့။
ဆိုင်လေးထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ သမီးလေးက ဆင်ဝင်နားက အိုးထဲမှာ စိုက်ထားတဲ့ ပူစီနံအခက်လေးတွေ ချိုးလာတယ်။ နောက် ပြောသေးတယ်။

ပူစီနံအခက်လေးတွေ အပိုလက်ဆောင်အနေနဲ့ သံပုရာရည်ထဲ ထည့်လို့ရမလား ဖေဖေ တဲ့။

ထုံးစံအတိုင်းပါပဲ။ သူ့အလိုအတိုင်းပေါ့။ သမီး အိုင်ဒီယာလေးတွေနဲ့ ပြင်ဆင်လိုက်တာ တနင်္ဂနွေမနက်မှာတော့ ဆိုင်ကလေးဖွင့်ဖို့ အသင့်ဖြစ်သွားပြီ။
ဆိုင်ဖွင့်ပြီး မကြာခင်မှာပဲ ဆိုင်အကြောင်းကို ကြားထားတဲ့ အိမ်နီးနားချင်းတစ်ယောက် ပထမဆုံး ပြား၅၀ ကိုင်ပြီး ရောက်လာပါတယ်။ သံပုရာရည် တစ်ခွက်တဲ့။ ပြား ၅၀ ဆိုတာ မူလ ရောင်းမယ်ဆိုတဲ့ ဈေးထက် တစ်ဝက်တိတိ များနေတယ်လေ။
အလကားတိုက်တာပါ ဆိုပြီး သမီးက ပြန်ပြောတယ်။
ရပါတယ်သမီးရယ် ... အန်တီက သမီးအတွက် ပေးတာ ဆိုပြီး ပြား၅၀ ထားသွားတယ်။
ပိုက်ဆံလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရာကနေ စားပွဲပေါ်က ခွက်လေးထဲကို ထည့်ထားလိုက်တယ်။ (တခြားသူတွေလည်း မြင်နိုင်တာပေါ့)။
မကြာပါဘူး။ နောက်ထပ် အားပေးမယ့် အိမ်နီးနားချင်းတွေ ထပ်ရောက်လာတယ်။ ကိုယ်စီကလည်း အနည်းဆုံး ပြား၅၀ဆီ ပေးသွားကြတယ်။ ကားတွေ ဖြတ်သွားရင်လည်း သမီးက အကြီးအကျယ် ခုန်ပေါက်ပြီးတော့ “သံပုရာရည် အလကားတိုက်နေတယ်နော်” လို့ ကားတွေရပ်မလားအထင်နဲ့ ပြောရှာတယ်။ ဒါပေမယ့် ကားအများစုကတော့ ဆက်မောင်းသွားကြတယ်။ နောက်ဆုံးမှာတော့ ကားတစ်စီးရပ်ပြီး သံပုရာရည် တစ်ခွက်အတွက် ပိုက်ဆံ ၃ ကျပ်တောင် ပေးပြီး အားပေးသွားတယ်။ ကျွန်တော် အစီအစဉ်အတိုင်း ၂၅ ပြားနှုန်းတွက်ရင် ၁၁၀၀ ရာခိုင်နှုန်းကျော်တောင် ရနေပြီ။ နေလည်းစောင်းရော သမီးရဲ့ အလကားတိုက်တဲ့ သံပုရာရည်ဆိုင်ကလေးကနေ ၈ ကျပ်ဖိုးတောင် ရောင်းရတော့ သမီးက အော်ဟစ် ခုန်ပေါက်နေတော့တာပေါ့။ အားလုံးပြီးတဲ့နောက်မှာတော့ ကျွန်တော်ရဲ့ ပထမအစီအစဉ်ဟာ သမီးနဲ့ အံမကိုက်တာကို သိလိုက်ရသလို ကျွန်တော်အတွက် ဈေးကွက်နဲ့ပတ်သတ်ပြီး သိလိုက်ရတာတွေ အများကြီးပါပဲ။

သံပုရာရည်ဆိုင်ကလေးကနေ ကျွန်တော်သိလိုက်တဲ့ အချက် ၉ချက်ကတော့ ဒီမှာပါပဲ။

၁။ တစ်ချို့အရာတွေကို အလကားလုပ်ပေးလို့ ရတာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒီအတွက် ဝယ်သူတွေဆီကနေ တန်ဖိုးထားတတ်မှု ပြန်ရလိမ့်မယ်။
ခင်ဗျား လူတစ်ယောက်ကို ကူညီတဲ့အခါ အဲဒီကူညီမှုကနေ အပြန်အလှန်နားလည်မှုနဲ့ဆိုတာကို ဖန်တီးပေးပါလိမ့်မယ်။ Web designer တစ်ယောက်အနေနဲ့ ကိုယ့်ဘလော့ဂ်မှာ တန်ဖိုးရှိမယ့် အကြံဉာဏ်ကောင်းတွေကို မျှဝေပေးပါ။ ဆွေးနွေးဝိုင်း (forum) တွေမှာလည်း ဒီဇိုင်နာမဖြစ်သေးတဲ့ တက်သစ်စ လူငယ်လေးတွေကို အကူအညီပေးလိုက်ပါ။ အိုင်ဒီယာတွေရှိရင်လည်း twitter မှာပဲဖြစ်ဖြစ် မျှဝေပေးလို့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက်ရာမှာမက သင့်ရဲ့ အဖိုးတန် အလုပ်အပ်မယ့်သူတွေနဲ့ ဆက်ဆံရေးလည်း တိုးတတ်လာပါလိမ့်မယ်။

၂။ အဖိုးတန် အလုပ်ရှင်တွေကို လည်း မျှဝေပေးဖို့ မမေ့ပါနဲ့။
အခပေး version ကို လွယ်လွယ်ကူကူ ပြောင်းလဲလို့ရမယ့် Free template တွေကို မျှဝေပေးပါ။ သင့်ရဲ့ ဖန်တီးနိုင်မှု စွမ်းအားကို ပြသတဲ့အနေနဲ့ ကြော်ငြာပုံကလေးတွေ၊ logo နဲ့ graphic ပုံလေးတွေ မျှဝေပေးပါ။ ကောင်းကောင်းလေး ဖန်တီးဖို့တော့ လိုပါလိမ့်မယ်။ အခြေခံပေးထားတဲ့ ပုံကလေးတွေကို သဘောကျရင် အသုံးပြုသူတွေက အခပေးပြီး upgrade လုပ်ဖို့ ၀န်မလေးပါဘူး။

၃။ “အထူး အပိုလက်ဆောင်” ဖြစ်နေပါစေ။
သံပုရာရည် ချည်းပဲ မပေးလိုက်ပါနဲ့။ ပူစီနံခက်ကလေးရော ထည့်ပေးလိုက်ပါ။ လုပ်ငန်းနဲ့ ပါတ်သတ်ပြီး တစ်ခုခု လုပ်တော့မယ်ဆိုရင် အပိုဆောင်းပြီး လုပ်ပေးလိုက်ပါ။ အသုံးပြုသူက ဒါကို သတိထားမိပါလိမ့်မယ်။ သင့်ဆီကို နောက်တစ်ကြိမ်လာပြီး အားပေးယုံမက တခြားသူတွေကိုပါ တဆင့် ကြော်ငြာပေးလိမ့်ပါဦးမယ်။

၎။ သင့်ပတ်ဝန်းကျင်ကို ပြောဖို့ မကြောက်ရွံ့ပါနဲ့။
ကျွန်တော်သမီး ပထမဆုံး လုပ်တဲ့အချက်က ဆိုင်ဖွင့်ဖွင့်ပြီးချင်း ဘေးအိမ်က မိသားစုကို သွားပြောတော့တာပဲ။ သူ့အတွက် သံပုရာရည်ရပြီးတဲ့နောက်မှာ သူကနေတဆင့် တခြား အိမ်နီးနာချင်း ၂ယောက်ကို ထပ်ပြီး အကြောင်းကြားလိုက်ပါတယ်။ အဲဒီ ၂ယောက်ကလည်း မုန့်ဖိုးကိုယ်စီပေးသွားကြပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ လုပ်ငန်းအကြောင်းကို သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဘက်တွေကို ပြောဖို့ ကြောက်ရွံ့မနေပါနဲ့။ သူတို့ကနေတဆင့် ဖောက်သည်အသစ်တွေ တိုးမလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

၅။ လူအာရုံစိုက်ဖို့ မြင်သာထင်သာအောင် လုပ်ပါ။
ဆိုင်းဘုတ်ကလေးနဲ့ကတော့ မလုံလောက်ပါဘူး။ ကျွန်တော်သမီးက ဖြတ်သွားဖြတ်လာ ကားတွေကြားအောင် သံပုရာရည် အလကားတိုက်နေတယ်နော် လို့ ခုန်ပေါက်ပြီး အော်တဲ့အချက်ရှိပါတယ်။ ဒီနည်းက နည်းနည်းပိုတယ်ထင်ရပေမယ့် နောက်ဆုံးမှာ အလုပ်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ခင်ဗျာရော... ခင်ဗျားလုပ်ငန်းအကြောင်းကို ဘယ်လို အော် နေလဲ။

၆။ ဇွဲရှိပါ။
ကားတော်တော်များများက မရပ်ဘဲ ဆက်မောင်းသွားကြပေမယ့် သမီးကတော့ လက်မလျော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ့ ဝင်ငွေကို ၂ဆဖြစ်စေတဲ့ ကားတစ်စီး ရပ်ခဲ့တယ်လေ။

၇။ လက်ဦးမှု ရယူပါ (ကြိုတင် မျှော်လင့်ထားပါ)
ပထမဆုံး ဖောက်သည်က သမီးရဲ့ ဆိုင်ကလေးအကြောင်းကို ဖွင့်ဖွင့်ချင်း သိနှင့်နေပြီလေ။ သင့်ရဲ့ website ကို ရိုးရိုးပဲ မလွှင့်တင်လိုက်ပါနဲ့။ website တည်ဆောက်နေဆဲ ကာလမှာကတည်းက တခြားသူတွေကို ဒီအကြောင်း ပေးသိထားပါ။ ဥပမာ home page ပုံကလေးတင်ထားမယ်။ website အသင့်ဖြစ်တာနဲ့ အကြောင်းကြားနိုင်အောင် လုပ်ထားမယ်။ ဒီလိုဆိုရင် website တင်တင်ပြီးချင်းမှာပဲ လာရောက် လည်ပတ်သူတွေ ရှိနေမှာပါ။

၈။ အပေါင်းအသင်ကောင်းကို ရှာပါ။
အပေါင်းအသင်းဆိုတာ နေရာတကာမှာ အရေးပါ ပါတယ်။ ကျွန်တော်ရဲ့ သားငယ်ကလေးကတော့ သမီးအတွက်အပေါင်းအသင်းကောင်းမဟုတ်သေးပါဘူး။ သူက သံပုရာရည်သောက်ဖို့တစ်ခုပဲ စိတ်ဝင်စားတယ်လေ။ ဒါပေမယ့် သမီးရဲ့ သူငယ်ချင်းတွေကတော့ ကြော်ငြာအားကို ၂ဆဖြစ်စေဖို့ သမီးနဲ့အတူ ခုန်ပေါက်အော်ဟစ်နေတော့တာပေါ့။

၉။ သင့်အောင်မြင်မှုကို ကြော်ငြာပါ။
စားပွဲပေါ်က ပိုက်ဆံထည့်တဲ ခွက်ကလေး တဖြည်းဖြည်း ပြည့်လာတဲ့အခါ တခြားသူတွေကလည်း ပိုပြီး ပိုက်ဆံထည့်ဖို့ အားဖြစ်စေပါတယ်။ သင့်ရဲ့ အောင်မြင်မှုကို ကြော်ငြာဖို့ မကြောက်ဝံ့ပါနဲ့။ သင့် website မှာ ဒေါင်းလုပ် လုပ်သူအရေအတွက်၊ မှတ်ချက်ပေးသူ အရေအတွက်၊ အမြဲတမ်းဖတ်သူ အရေအတွက်တွေကို သင့်တော်တဲ့ နေရာမှာ ထားပါ။ ဂဏန်းတွေ တက်လာဖို့တော့ ကြိုးစားရမှာပေါ့။ (တစ်ယောက် ဘာသာပြန်ထားတာ တွေ့ဘူးတယ်။ မြန်မာ website တွေမှာ ကောင်တာတွေထည့်ကြတယ်တဲ့ ကောင်တာ နည်းနည်းပဲရှိတော့ website သိက္ခာကို ထိခိုက်လို့ မထည့်သင့်ဘူးပေါ့။ တကယ်တော့ အားလုံးက ၀ ကနေစတယ်ဆိုတာ သူမေ့နေလို့ထင်တယ်။)

ဒီဟာကို ဘာသာပြန်ဖို့ ကြိုးစားရာမှာ တောင်းပန်စရာရှိပါတယ်။

ပထမတစ်ခုကတော့ marketing ဆိုတာ ကျွန်တော် လုံးဝ နားမလည်တဲ့ အပိုင်းပါ။ အဲဒီတော့ မူရင်းအပေါ်မှာ နားလည်သလောက် ပြန်ထားတာမို့ ဘဝင်မကျတာရှိရင် ထောက်ပြပေးပါ။ ဆန္ဒရှိရင် မူရင်းနဲ့ တိုက်ဆိုင် ဖတ်ကြည့်ပေးပါ။ နောက်တစ်ခုကတော့ တစ်ချို့နေရာတွေမှာ သင့်တော်မယ့်ထင်ပြီး သွယ်ဝိုက်ပြန်ထားတာတွေ ရှိပါတယ်။ ဒီဟာကို ဖတ်နေရင်း အရင်တုန်းက ဖတ်ဖူးတဲ့ Fish! ဆိုတာကို သတိရမိတယ်။ အဲဒီစာအုပ်ထဲမှာလည်း motivation ကောင်းကောင်းလုပ်ဖို့ နည်းတွေ ရေးထားပါတယ်။ ဥပမာ Making their day စသဖြင့်ပေါ့။ ၀ယ်ယူသူ/အသုံးပြုသူ တွေကို ကိုယ်နဲ့ ဆက်ဆံတဲ့အခိုက်မှာ ကိုယ့်ဂွင်ထဲ ရောက်တဲ့အခိုက်မှာ နိုင်သလောက် ဖြတ်အုပ်/ဖြတ်တီး မလုပ်ဘဲနဲ့ တစ်ဖက်သူအတွက် စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ရင် အောင်မြင်နိုင်တယ်။ တနည်းအားဖြင့် customer ကျေနပ်သွားရင် သူတို့ရဲ့ နေ့ကို ကိုယ်လုပ်ပေးနိုင်တယ်ဆိုပြီး ကိုယ့်လုပ်ငန်း အောင်မြင်တယ်လို့ တိုင်းတာနိုင်ပါတဲ့။ ဘလော့ဂ်တစ်ခုမှာတောင် ဖတ်ဘူးပါတယ်။ Customer is the God တဲ့။ သူကတော့ customer ဘက်က မကျေနပ်တာတွေ ပေါက်ကွဲပြီး ရေးထားတာပါ။

ဒီပို့စ်ထဲမှာ web designer တစ်ယောက်က ရေးထားတာဖြစ်လို့ Marketing tools နဲ့ ပါတ်သတ်ပြီး website ဥပမာတွေပဲ ရှိပါတယ်။ ဒါပေမယ့် basic business principals ကတော့ သဘောတရား တူတူပဲ ဖြစ်မယ်ထင်ပါတယ်။

နောက်စဉ်းစားမိတာကတော့ ကလေးတွေကို အခွင့်အရေးပေးပုံပါ။ ကိုယ့်ဆီမှာကတော့ ကလေးဘ၀ကတည်းက လောင်းကစား၊ ပိုက်ဆံ၊ မတရားအလုပ်ခိုင်းစေမှု တွေနဲ့ ကြုံတွေ့ရတာများပါတယ်။ တခြားနိုင်ငံမှာလည်း ရှိတာဘဲဆိုတာကိုတော့ ခဏထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စဉ်းစားစရာလေး တစ်ခု ရသွားမယ်ဆို ရေးရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။ အချိန်ပေးပြီး ဖတ်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒီနေရာက ပို့စ်ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။


တော်ကီ

Sunday, 23 November 2008

ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း

မေမေက ကျွန်တော့်ကို အမြဲမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။ "ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကဘာလဲ" တဲ့။ ကျွန်တော် ငယ်ငယ်ကတည်းက မေးတဲ့ မေခွန်းပေါ့။
အဲလိုမေးလိုက်တိုင်း ကျွန်တော်စိတ်ထဲမှာ မှန်တယ်ထင်တဲ့အရာကို ခန့်မှန်းပြီး ဖြေရတယ်။ ကျွန်တော်ထင်တာကတော့ လူတစ်ယောက်အနေနဲ့ အသံဟာ အရမ်းအရေးကြီးတယ်ပေါ့။ ဒါကြောင့်မို့လို့ "မေမေ ကျွန်တော့်နားရွက်တွေက အရေးအကြီးဆုံးပေါ့"။
"မဟုတ်ဘူးသားရဲ့ လောကမှာ နားမကြားတဲ့သူတွေအများကြီးရှိတယ်ကွယ့် ၊ စဉ်းစားထားဦး မေမေနောက် ထပ်မေးဦးမယ်။"တဲ့။
ဒီလိုနဲ့ နှစ်နှစ်၊ သုံးနှစ်လောက်နေတော့ ထပ်မေးတယ်။ ပထမတစ်ခါ ဖြေပြီးကတည်းက ကျွန်တော် နောက်ထပ်သေချာမယ့် အဖြေကို သေချာစဉ်းစားပြီးသွားပြီ။ ဒီတစ်ခါတော့ ကျွန်တော်က "မေမေ လူတိုင်းအတွက် အမြင်အာရုံက အရေးကြီးတော့ ကျွန်တော့်မျက်လုံးတွေက အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ရမယ် မှန်တယ်မို့လား မေမေ"။
အဲဒီတော့ မေမေက ကျွန်တော်ကို ကြည့်ပြီးပြောတယ်။ "သား မင်းသင်တာတော့ မြန်သားပဲ ဒါပေမယ့် အဖြေမှန်တော့ မဟုတ်သေးဘူးကွယ့် ၊ လောကမှာ မျက်စိမမြင်တဲ့သူတွေလည်း အများကြီးရှိတာပဲ" တဲ့။
ကျွန်တော်စဉ်းစားရကြပ်သွားတယ်။ ဒါပေမယ့် ကျွန်တော်ဉာဏ်မီသလောက် ဆက်စဉ်းစားသေးတယ်။ နောက်နှစ်တွေမှာလည်း နှစ်ခါ သုံးခါထပ်မေးတယ်။ မေမေဆီကအဖြေကတော့ ထုံးစံအတိုင်း "မဟုတ်သေးဘူး သားရဲ့ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ်တော့ သား စဉ်းစားတတ်လာပြီ" တဲ့။
ဒီလိုနဲ့ မနှစ်တုန်းကတော့ ကျွန်တော် အရမ်းချစ်ရတဲ့ ဖိုးဖိုး ဆုံးသွားတယ်။ အိမ်က လူတိုင်းအားလုံးက ၀မ်းနည်းကြတာပေါ့။ ငိုလည်း ငိုကြတယ်။ ကျွန်တော့် ဖေဖေတောင် ငိုသေးတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဖေဖေငိုတာကို ဒုတိယအကြိမ် မြင်ဖူးတာပဲ။ ဖိုးဖိုးကို နောက်ဆုံး ကန်တော့ကြမယ့် အချိန်မှာ မေမေက ကျွန်တော်ကို ကြည့်ပြီးမေးတယ်။
"သား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရေးအကြီးဆုံး အစိတ်အပိုင်းကို သိလား"
ခုချိန်မှာ မေးခံလိုက်ရတာ ကျွန်တော် တော်တော် တုန်လှုပ်သွားတယ်။ ဒီမေးခွန်းမေးတာဟာ ကျွန်တော်နဲ့ မေမေ ကစားနေကြတယ်လို့ပဲ ထင်ထားတာ။ ကျွန်တော် စိတ်ရှုပ်သွားတာမြင်တော့ မေမေက ပြောတယ်။ "သား ဒီမေခွန်းက အရမ်းအရေးကြီးတယ်။ အဲဒါကို ဖြေနိုင်မှ သား ရင့်ကျက်ပြီလို့ ဆိုနိုင်မှာ။ အရင်ကဖြေခဲ့ဖူးတဲ့ အဖြေတွေက ဘာကြောင့်မှားတယ်ဆိုတာ မေမေ ရှင်းပြခဲ့ပြီးပြီ။ ဒါပေမယ့် ဒီနေ့တော့ သား ဒီအရေးကြီးတဲ့ သင်ခန်းစာကို သင်ရလိမ့်မယ်။" ။
မေမေက ကျွန်တော်ကို ကြင်ကြင်နာနာနဲ့ ကြည့်လိုက်တယ်။ မေမေမျက်ဝန်းထဲမှာ မျက်ရည်တွေ ၀ဲနေတာကို တွေ့ရတယ်။ ပြီးတော့မှ " သား အရေးအကြီးဆုံး အစိတ်အပိုင်းတွေက မင်းရဲ့ ပခုံးတွေပဲသားရဲ့" တဲ့။
"ဘာဖြစ်လို့လဲ မေမေ ကျွန်တော့်ခေါင်းကို ထိန်းထားလို့လား"
"မဟုတ်ဘူး သားရဲ့ အဲဒီ ပခုံးတွေက သားချစ်တဲ့သူ ဒါမှ မဟုတ် သားသူငယ်ချင်းတွေ ငိုတဲ့အခါ ထိန်းထားပေးဖို့ပဲကွယ့်။ လူတိုင်းရဲ့ ဘ၀မှာ ငိုတဲ့ အချိန်မှာ ထိန်းထားပေးဖို့ ပခုံးတစ်ခုတော့ လိုတယ်သားရဲ့။ မေမေ့သားအတွက်ကတော့ သားငိုချင်တဲ့အချိန်မှာ အချစ်ဆုံးသူတွေ၊ သူငယ်ချင်းတွေရဲ့ ပခုံးတွေ အဆင်သင့် ရှိနေမယ်လို့ အမေမျှော်လင့်ပါတယ်။"
အဲဒီအချိန်ကစပြီး ကျွန်တော်သိလိုက်တာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရေးအကြီးဆုံး အစိတ်အပိုင်းဟာ ကိုယ်တစ်ယောက်ထဲအတွက် မဟုတ်ဘူးဆိုတာပါပဲ။ အဲဒါက တစ်ခြားလူတွေရဲ့ နာကျဉ်ခံစားမှုတွေကို မျှဝေခံစားပေးဖို့အတွက်ဆိုတာပါပဲ။ လူတိုင်းဟာ ခင်ဗျား ဘာပြောခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာကို အချိန်ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ ဒါပေမယ့် ခင်ဗျား သူတို့တွေကို ခံစားစေခဲ့တယ် ဆိုရင်တော့ သူတို့က ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ဒီပုံပြင်လေးက ခင်ဗျားကို ခဏတော့ အတွေးပေါ်စေမှာပါ။ လူတိုင်းအပေါ် ကြင်နာသနားပါ။ ကြင်နာမှုတွေကို ခံယူပါ။ ခင်ဗျားရဲ့ ပခုံးကို ကိုယ့်သူငယ်ချင်း၊ ချစ်ရသူတွေအတွက် အဆင်သင့် ပြင်ထားပါ။

Saturday, 28 June 2008

ကျွန်တော်ရဲ့ ညစာ

ကျွန်တော်ဟာ ပိုလာဝက်ဝံပါ။ ဟုတ်ပြီနော်။ ပိုလာဝက်ဝံ။ တောထဲ တောင်ထဲမှာ နေတဲ့ ၀က်ဝံညိုတွေလို မဟုတ်ဘူး။ ကိုယ်လုံးဖြူဖြူကြီးကြီးနဲ့။ သိတယ်မဟုတ်လား။ ဒါဆို ကျွန်တော်ဘယ်မှာနေသလဲ။ မြောက်ဝန်ရိုးစွန်းနားက ရေခဲတုံးအကြီးကြီးတွေပေါ်မှာပေါ့ဗျာ။ ဒါပေမယ့် မြောက်ဝန်ရိုးစွန်းနဲ့ နီးတဲ့နားတော့ ဘယ်တော့မှ မသွားဘူးဗျ။ အဲဒီမှာက အရမ်းအေးတယ်။ ကျွန်တော်က Greeland လို နေရာမျိုးမှာ နေရတာကိုပဲ ကြိုက်တယ်။ ခင်ဗျား ကျွန်တော်တို့ကို TV ထဲမှာ မြင်ဖူးရင် မြင်ဖူးလိမ့်မယ်။ ဒါမှမဟုတ် တိရိစ္ဆာန်ရုံလိုနေရာမျိုးပေါ့။
အဲ . . . လူတွေက ကျွန်တော်တို့ကို ချစ်စရာ ၊ ခင်စရာကောင်းတယ်လို့ ထင်နေလိမ့်မယ်။ ကျွန်တော်တော့ အဲသလို မထင်ဘူးဗျာ။ ဒါပေမယ့် လူတွေကို အကြောင်းမဲ့ မတိုက်ခိုက်ပါဘူး။ အင်း . . . ဒီဘက်ပိုင်းကို လူတွေ သိပ်မလာတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့လူတွေ ကျွန်တော်တို့ကို သဘာဝအတိုင်းထားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာဟာ ပျော်စရာကြီးပေါ့ဗျာ။

ကျွန်တော်က ဒီလိုပဲ ရေခဲတုံးအကြီးကြီးတွေပေါ်မှာ ထိုင်နေတတ်ပါတယ်။ ဒီရေခဲတုံးကြီးကတော့ ကျွန်တော်အကြိုက်ဆုံးလေ။ ဒီနေရမှာနေမယ်။ လျှောက်လည်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တွေ့တဲ့ငါးတွေကို လိုက်ဖမ်းမယ်။ ဒီလို အမြဲတမ်းထိုင်နေရာက ကျွန်တော်သတိထားမိတာ တစ်ခုရှိတယ်။ ကျွန်တော်အကြိုက်ဆုံး ရေခဲတုံးကြီး တဖြည်းဖြည်းနဲ့ သေးလာတာပဲ။ ဒါမမဟုတ် ကျွန်တော်ကပဲ ကြီးလာတာပဲလား။ ဒီလိုဆိုရင် ကျွန်တော် ၀ လာတဲ့သဘောပေါ့။ ၀တော့ မ၀နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေမှာ ကျွန်တော် သိပ်မစားနိုင်ဘူးလေ။ ဒီရေခဲတုံးပေါ်မှာပဲ သူငယ်ချင်းတွေနဲ့ နေမယ်။ စားမယ်။ လည်မယ်။ ပတ်မယ်။ အားလုံးပုံမှန်ပါပဲ။ ဒါပေမယ့် ဒီနေရာတွေမှာ အရင်နှစ်ကနဲ့စာရင် ငါးတွေ နည်းလာတယ်ဗျ။

ခင်ဗျားကို ပိုလာဝက်ဝံကြောင်း နည်းနည်းပြောရဦးမယ်။ ကျွန်တော်တို့က မြောက်ဝန်ရိုးစွန်းမှာပဲ နေတာ။ တောင်ဝန်ရိုးစွန်းမှာ မနေဘူး။ ဒါကြောင့် ပင်ဂွင်းဆိုတဲ့ ကောင်တွေကို မမြင်ဖူးဘူး။ ဘာလို့လဲ သိလား?။ ဒီကောင်တွေက တောင်ဝန်ရိုးစွန်းမှာပဲ နေတာလေ။ မြောက်ဘက်မှာမနေဘူး။ တောင်နဲ့ မြောက်ဆိုတာ အဝေးကြီးလေ။ ဘယ်လိုလုပ်တွေ့နိုင်မှာလဲ။ တိရိစ္ဆာန်ရုံရောက်သွားတဲ့ ကျွန်တော့်အစ်ကို တစ်ယောက်တော့ရှိတယ်။ လူတွေက သူ့ကို ပင်ဂွင်းတွေနဲ့ ကပ်လျက်ထားလိုက်တယ်တဲ့။ သူပြောတာတော့ ပင်ဂွင်းတွေက သိပ်မဆိုးလှပါဘူး။ နည်းနည်းလေး နားပူတာကလွဲလို့ပေါ့တဲ့။

ပိုလာဝက်ဝံအကြောင်း နောက်ထပ်ရှိသေးတယ်။ ကျွန်တော်တို့က အအေးမိတတ်တာပဲဗျ။ အံ့သြမသွားဘူးလား။ ခင်ဗျားက ကျွန်တော်တို့မှာ အာတိတ်အအေးကနေ ကာကွယ်ဖို့ အရေပြားထူထူတွေ၊ အပူထိန်းထားဖို့ အမွှေးတွေရှည်တွေ ရှိတယ်လို့ထင်နေလိမ့်မယ်။ ဒါပေမယ့် အဲသလောက်နဲ့ မလုံလောက်ဘူးဗျ။ ကျွန်တော်အပါအ၀င် တခြားဝက်ဝံတွေလဲ အအေးမိတတ်တာပဲ (ဘာလို့လဲဆိုတော့ ၀က်ဝံ တော်တော်များများကို ကျွန်တော် မေးကြည့်ဘူးတယ်ဗျ။)

ဒါနဲ့ ဘယ်တောင်ရောက်သွားပြီလဲ။ ဆောရီးပါ။ ကျွန်တော်နေတဲ့ ရေခဲတုံးကြီး သေးလာတယ်၊ ငါးတွေ ရှားလာတယ်စတဲ့ ကျွန်တော် သတိထားမိတဲ့ အကြောင်းတွေကို ပြောနေရင်းပဲ အစွယ်တကားကားနဲ့ ပင်လယ်ဖျံ ရောက်လာတာပဲ။ ဒါနဲ့ ကျွန်တော်က ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူပါ။ ဘာမှ အပူအပင် မရှိဘူး။
(အဲ ခင်ဗျားတို့ ကျွန်တော့်ကို တိရိစ္ဆာန်ရုံထဲ ဖမ်းမပို့ခင်အထိပေါ့။) ကျွန်တော်မကြိုက်တာ တစ်ခုပဲရှိတယ်။ ပင်လယ်ဖျံ။ ခင်ဗျားသူတို့ကို တွေ့ဖူးချင်မှ တွေ့ဘူးလိမ့်မယ်။ မတွေ့ဖူးရင်တော့ မတွေ့ချင်ပါနဲ့။ ဒီကောင်တွေမြင်ရတာ စိတ်ကျေနပ်စရာ မကောင်းဘူး။ အသံကျယ်ကျယ် ၊ အနံ့ကပြင်းပြင်း နဲ့ ခပ်ပိန်းပိန်းကောင်တွေပဲ။ ကျွန်တော်တို့ကို အမြဲ အနှောက်အယှက်ပေးတယ်။ ကျွန်တော်က သူတို့ကို တစ်ခါတစ်ရံတော့ စားပါတယ်။ ငါးတွေ ဖမ်းမမိတဲ့ အခါမျိုးပေါ့။ (ကျွန်တော်တို့က ဘာစားရ စားရ ကျေနပ်ပြီးသားပါ။) ဒါပေမယ့် အလကားနေရင်တော့ သူတို့ကို ရန်စစရာ အကြောင်းမရှိပါဘူး။ ပင်လယ်ဖျံလောက် ကျွန်တော့်ကို စိတ်အပျက်ဆုံးဖြစ်စေတဲ့အကောင်မရှိဘူး။ ဟော ခုတော့ လာပါပြီ။ မောင်ပင်လယ်ဖျံ။ ကျွန်တော်သူ့ကို ဖမ်းဖို့ ကြိုးစားလိုက်တိုင်း အသံဆိုးကြီးနဲ့ ကျွန်တော်ကို ပြန်အော်ပြီး ရေထဲကို ငုပ်သွားတတ်တယ်။

“ဟေ့ ငတုံး ဟုတ်တယ် မင်းကိုပြောနေတာ။ အကောင်ကြီးပြီး အချိန်မစီးတဲ့ကောင်။ ဘာဖြစ်နေတာလဲ။ မင်း ငါ့ကို ဖမ်းမမိဘူး မဟုတ်လား။ ဟုတ်ပါတယ်။ ဖမ်းမမိပါဘူးကွာ။ ဘာဖြစ်လို့လဲ သိလား? ဟားဟား မင်းရဲ့ ရေခဲတုံးကြီး တဖြည်းဖြည်း ပျောက်သွားတော့မှာမို့လို့ပေါ့ကွ ဟားဟားဟား...”။ ကျွန်တော်ပြောတယ်မဟုတ်လား ဒီကောင်တွေက မုန်းစရာကောင်းပါတယ်ဆို။

“ငါသိတာပေါ့ကွ ရုပ်ဆိုးရ၊ ဘာကြောင့် ခုလိုဖြစ်ရတာလဲဆိုတာ မင်းပြောနိုင်ရင် မင်းကို ညစာအဖြစ်နဲ့ မစားတော့ဘူး လွတ်ပေးလိုက်မယ်”

“မင်းက ပိုလာဝက်ဝံတွေထဲမတော့ အတုံးဆုံးပါပဲလား ကမ္ဘာကြီးပူနွေးလာလို့ပေါ့ကွ!”။

ကျွန်တော်တော့ တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားရော ကြားဖူးလား?

“သွားတော့မယ်ကွာ” လို့ပြောပြီး ပင်လယ်ဖျံက ရေထဲငုပ်ပြီး ပျောက်သွားပါတယ်။ ကျွန်တော် ကမ္ဘာကြီးပူနွေးလာမှုဆိုတာ တစ်ခါမှ မကြားဖူးတာကို ၀န်ခံရပါလိမ့်မယ်။ ဒါနဲ့ တစ်ခြားသူငယ်ချင်းတွေနဲ့ တွေ့တုန်း သူတို့များ ကြားဖူးမလားလို့ မေးကြည့်ပါတယ်။

“ဟ ဟုတ်တာပေါ့ ပင်လယ်ပြင်ကြီး တဖြည်းဖြည်းနွေးလာမယ် ဒီရေခဲတွေ အရည်ပျော်လာမယ် အဲဒါ ကမ္ဘာကြီးပူနွေးလာလို့ပဲ”

“ဒါဆို ဘာကြောင့်ဖြစ်ရတာလဲ” ကျွန်တော်ထပ်မေးလိုက်တယ်။

“လူတွေပေါ့ကွ လူတွေ လူတွေ”။ အမှန်ပြောရရင်တော့ ကျွန်တော်တို့ ပိုလာဝက်ဝံတွေကို တိရိစ္ဆာန်ရုံတွေထဲ ဖမ်းထားရုံတင်မဟုတ်သေးဘူး ခုတော့ ကျွန်တော်တို့ ရေခဲတွေကိုပါ အရည်ပျော်အောင် လုပ်နေကြပါလား …။

“ဒီကိစ္စတွေက လူတွေကြောင့်ပဲ အမြဲတမ်းဖြစ်ရတာပဲ” သူငယ်ချင်းတစ်ယောက်က ၀င်ပြောပါတယ်။

“ဒီနေရာတွေမှာ ငါးတွေ နည်းလာတာလည်း သူတို့ လူတွေကြောင့်ပဲကွ”

တကယ့်ကို သတင်းဆိုးပါပဲ။ ရေခဲတုံးတွေ မရှိ။ ငါးတွေ မရှိ။ ကျွန်တော့်အတွက် ညစာလည်း မရှိ။ ပင်လယ်ဖျံတွေကို ရအောင် ဖမ်းနိုင်ရင်တော့ တော်ပါသေးရဲ့။

သူငယ်ချင်းက ဆက်ပြောတယ်။ “အဓိက ပြဿနာကတော့ ငါတို့လုပ်နိုင်တာ နည်းနည်းပဲ ရှိမယ်။ ဆိုလိုတာကကွာ လူတွေကို ဘယ်လိုတားရမလဲ?”

“ဒီမှာ ငါးတွေ မရှိတော့ဘူးဆိုရင် ပင်လယ်ဖျံတွေ အတွက်ရော သတင်းဆိုးပဲ မဟုတ်လား။ သူတို့လဲ ငါးတွေ စားတာပဲလေ”

“အဲသလိုပဲထင်တာပဲ … ဆက်ပါဦး”

“*** ** ** **”

“သေချာတာပေါ့”

“လုံးဝ မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်တယ် ငါတို့ လူတွေကို တားဖို့ဆိုရင် ပင်လယ်ဖျံတွေနဲ့ ပူးပေါင်းမှ ရမယ်”

“မဖြစ်နိုင်ဘူး လုံဝကို မဖြစ်နိုင်ဘူး။ ဒါမျိုးက စဉ်းစားစရာတောင် မလိုဘူး”

ကျွန်တော်ပြောတာကို အားလုံးက ကန့်ကွက်ကြတယ်။

မင်းတို့ကလဲ ငါတစ်ယောက်တည်း ပင်လယ်ဖျံ မကြိုက်တာ မဟုတ်ပါဘူးကွာ. . . ။

နောက်တစ်ရက်။ ဒီထိုင်နေကျ ရေခဲတုံးကြီးပေါ်မှာ ထိုင်နေတုန်းမှာပဲ အမြင်ကပ်စရာ ပင်လယ်ဖျံရောက်လာပြန်ပါတယ်။

“ဘာမှ ဖမ်းမမိသေးဘူး မဟုတ်လား ဟားဟားဟား . . .”

“ဟေ့ နားထောင်စမ်း ရုပ်ဆိုး မင်းပြောတဲ့ ကမ္ဘာကြီးပူနွေးလာမှုဆိုတာကတော့ ဟုတ်ပါတယ် ဒါပေမယ့် အဲဒီ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ လူတွေဟာ ငါတို့ရဲ့ ငါးတွေကိုလည်း ဖမ်းနေကြတယ်ဆိုတာကို မင်းမသိဘူးမဟုတ်လား အင်း. . . မင်းက ရုပ်ဆိုးသလောက် ဉာဏ်ကလည်းတုံးသကိုးကွ”

ကျွန်တော်လည်း သူဘာမှပြန်မပြောတာနဲ့ ဆက်ပြောပါတယ်။

“အဲဒီလူတွေကို တားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါတို့ရယ်၊ မင်းတို့ ပင်လယ်ဖျံတွေရယ် နောက် တခြား ဒီနားတ၀ိုက်မှာ နေတဲ့သူတွေအားလုံး ပူးပေါင်းမှရမယ်”

“မင်းနဲ့ တွဲလုပ်ရမယ်??? မဖြစ်နိုင်ပါဘူးကွာ” ပင်လယ်ဖျံကောင် ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ဒီရေခဲတုံးကြီးပေါ်မှာပဲ ထိုင်နေပါတော့တယ်။ ကျွန်တော့်ရေခဲတုံးကြီးလည်း တစ်နေ့တစ်ခြား သေးသေးလာတယ်။ ပြီးတော့ ကျွန်တော်လည်း နေ့တိုင်း ဗိုက်ပိုပိုဆာလာတယ်။ ကျွန်တော်ကြားတာတော့ လူတွေနဲ့နီးတဲ့ နေရာတွေမှာ နေတဲ့ ၀က်ဝံတွေကတော့ လူတွေ အမှိုက်ပစ်တဲ့နေရာတွေ သွားပြီး စားစရာသွားရှာကြသတဲ့။ အဲဒါကလည်း ဖြေရှင်းနည်းတစ်မျိုးပဲလေ။ ဒါပေမယ့် ကျွန်တော်ကတော့ လတ်လတ်ဆတ်ဆတ် ငါးတွေရယ်၊ အရည်ရွှမ်းရွှမ်း ပင်လယ်ဖျံရယ်ကို အဲဒီအမှိုက်တွေထက် ပိုသဘောကျတယ်။

ကျွန်တော် အခုပြောနေတဲ့ ပုံပြင်ကို လှလှပပနဲ့ အဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် ညစာအတွက် ဘာစားရတော့မှာပါလိမ့်?