Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Sunday, 30 December 2007

နှစ်ဟောင်း နှစ်သစ်

အော် new post ဆိုတဲ့ button ကို မနှိပ်ဖြစ်တာ နှစ်လတောင်ကြာသွားပါလား။ connection မကောင်းလို့ဆိုပြီး (အမှန်က အပျင်းကြီးတာ :D) သူများ blog တွေပဲ လျှောက်သွားနေတာ။ ခုတော့လည်း ကိုရန်အောင်က tag တယ်ဆိုတော့လည်း စရတော့မှာပေါ့ဗျာ။ ကိုင်း . . .

ကျွန်တော့်အတွက်က နယူးရီးယား ရယ် ကျန်တဲ့ရက်ရယ် ခွဲတာမဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ နေတာကို ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တစ်ယောက်တည်း နေရတာကို သဘောကျတယ်ဗျ။ ပြီးတော့ New Year ဆိုတဲ့ အသံကြားလိုက်ရင် ကြောက်တောင်လာတယ်။ တစ်နှစ်ကုန်တော့မယ် ခုထိလည်း အရင်ကလိုပဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ကို မရှိသေးပါလားဆိုပြီးတော့ အော် . . . ကိုယ့် ဘ၀ကိုယ် ပြောပါတယ်။ ဒါကြောင့်လဲ အရင်နှစ်ကလိုပဲ ဟာ လာမယ့်နှစ်မှာတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆိုတဲ့ စိတ်နဲ့ပဲ new year ကို အိပ်ပြီး ကြိုဆိုလိုက်တယ်။ ဒါပေမယ့် ဒီနှစ်တော့ ကျွန်တော် တော်ကီ အပြောင်းအလဲလေး ဖြစ်သွားအောင်လို့ဆိုပြီး အစီအစဉ်လေးတွေ လုပ်ထားတယ်။ ဒီလိုပါတဲ့ခင်ဗျာ။

တော်ကီ။ ။ ခရစ္စမတ်နေ့ကတော့ အိပ်ပျော်နေလို့ ဘယ်မှ မသွားလိုက်ရဘူး။ ခင်ဘုဏ်းကတောင် သူနဲ့ တူတူ မျှော်စင်ကျွန်းကို လိုက်မသွားလိုက်ရလို့ စိတ်ဆိုးနေသေးတယ်။ ဟက်ဟက် (ဒီလို ရယ်သံကြီးကို မုန်းသလို တစ်ခါတစ်လေကျတော့လည်း အရမ်းသဘောကျတယ်) ။ New Year ကတော့ ဟန်ထူးလွင် (Big Bag) နဲ့အတူ မျှော်စင်ကျွန်းမှာရှိမှာပါ။ Green day သီချင်းတွေ ဆိုပေးဖို့ ဖိတ်ထားလို့ပါ။ ထပ်ရယ်လိုက်ဦးမယ် ဟက်ဟက်။
ကိုYan ရပြီနော်??? ပြန်မ tag တော့ပါဘူး။ ကျွန်တော်က tag သံကြားလိုက်ရင် ဒူးတုန်အောင်ကြောက်တာ။ :) အချိန်မီ ပြန်မရေးနိုင်မှာစိုးလို့။

ကိုင်း အားလုံးနှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုရာပန်းတိုင်ကို အရောက်လှမ်းရင်း ပျော်ရွင်ဖွယ်နေ့သစ်များ ဖြတ်သန်းနိုင်ပါစေ။