Showing posts with label ကံချွန်. Show all posts
Showing posts with label ကံချွန်. Show all posts

Friday, 1 January 2010

နှုတ်ဆက်ပာတယ် - ကြိုဆိုပာတယ်

လူငယ်တွေ -

    တို့တတွေ ရာစုသစ်တစ်ခုကို ဣနြေဿဒရရ တည်တည်ငြိမ်ငြိမ် သိကဿခာရှိရှိ ဝင်နိုင်ဖို့ ကြိုးစားရတော့မယ်နော။ တို့အတွက် ခွန်အားဖြစ်မယ့် အဟောင်းက အကောင်းတွေကိုတော့ သယ်သွားရမှာပဲပော့။ ရာစုသစ် ရေစီးကြောင်းမှာ အံဝင်ခွင်ကျ မျောပာနိုင်ဖို့ ပြင်ဆင်မထားဘူးဆိုရင်တော့ ဒလိမ့်ခောက်ကွေး လှိမ့်ပာသွားမယ်လေ။
    ရိုးသားရမယ်။ ကြိုးစားရမယ်။ အချိန်ကို တန်ဖိုးထားတတ်ရမယ်။ စကဿကန့်တိုင်း မိနစ်တိုင်းမှာ ကောင်းသောအလုပ်ကိုပဲ လုပ်ကြရမယ်။ မနေ့က "ငာ" ထက် ဒီနေ့ "ငာ"က ပိုသိ ပိုတတ် ပိုတှောအောင် ကြိုးစားရမယ်။ ဒီနေ့ လုပ်ရမယ့်အလုပ် ဒီနေ့ပြီးအောင် လုပ်ရမယ်။ အလုပ်အကြွေးတင်ရင် အဆပ်ရခက်တယ်။ လူလူချင်း အပြန်အလှန် လေးစားရမယ်။ အကောင်းဆုံးဖြစ်အောင် လုပ်မယ် - စတဲ့ - စတဲ့ တို့သိသင့်တာတွေ ၁၉၉၉ ခုနှစ်၊ တစ်နှစ်လုံး တနဂဿငနွေနေ့တိုင်း ဟောဒီ အချပ်ပို စာမျက်နှာကကနေ ဆွေးနွေးတင်ပြခဲ့ပြီးပြီလေ။

ကဲ - ရာစုသစ်ကို ဝင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ။

(၁) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတော့ တိတိကျကျ သတ်မှတ်ပာတော့။ ကိုယ်ဘာဖြစ်ချင်မှန်းမသိဘဲ တို့ဘာကို ဘယ်လို ကြိုးစားမှာလဲ။
(၂) တို့ရည်မှန်းချက်က ကြီးကျယ်ရင် အချိန်ပေးရလိမ့်မယ်။
ကြီးကျယ်တဲ့ အလုပ်တိုင်းဟာ ရင်းနှီးရမယ့်အချိန် တန်ဖိုးကြီးများပာတယ်။ ခဏကြိုးစားပြီး ဖြစ်မှာမဟုတ်ပာဘူးဆို စိဓာတ်ကျနေလို့ မရဘူး။ တီဗီကြှောငြာထဲမှာသာ ကွေကာအုပ်တစ်ခွက် သောက်ပြရုံနဲ့ အရပ်ကြီးရှည်၊ လူကဝ၊ ဉာဏ်တွေကောင်း ဖြစ်နေတာပာ။ လက်တွေ့ဘဝမှာ ထိုက်တန်တဲ့ ရင်းနှီးမှုမရှိဘဲ လှပတဲ့ဘဝ မရနိုင်ပာဘူး။ တို့ဘဝကြီး တိုးတက်ချမ်းသာဖို့ အမွှေးတိုင် အားကိုးလို့ မရပာဘူး။
(၃) တို့ ကိုယ်ကျင့်တရား ကောင်းရမယ်။ သူများကို မလိမ်ရဘူး။ မညာရဘူး။ ကိုယ့်ထက်သာသူကို ခြေထိုးမခံရဘူး။ ရိုးသားစွာ ကိုယ်ကသာအောင် ကြိုးစားရမယ်။ အဲဒာတွေဟာ တစ်နည်းအားဖြင့်တော့ ဘာသာအသီးသီးက ဆုံးမထားပြီးသားတောပာ။ အရေးကြီးတာက တို့သိတာတွေ တို့လိုက်နာနိုင်ဖို့ပဲ။ ဒီနေရာမှာလည်း အမျိုးနှစ်ဆယ်လောက်သိပြီး နှစ်မျိုးလောက်ပဲ လိုက်နာတဲ့လူထက် ငားမျိုးလောက်သိပြီး လေးမျိုးလောက် လိုက်နာတဲ့လူက တိုးတက်ကြီးပွားမယ်ဆိုတာ ရေးဖူးပာတယ်။ နှစ်ဆယ့်တစ်ရာစု အဝင်မှာ ခုပြန်သတိပေးတာပာ။
(၄) အပြန်အလှန် လေးစားဖို့အတွက်လည်း ဆရာဝန်ဇနီးမောင်နှံနဲ့ ကားဝပ်ရှော့က ကောင်လေး နမူနာပြရေးခဲ့ဖူးပာတယ်။ ဝပ်ရှော့နားမှာ ကားပျက်တော့ ဆရာဝန်က လှမ်းခှောတယ်လေ။ ဟေ့ ချာတိတ် ခဏဆိုပြီး ကားပြင်တဲ့ကောင်လေးက တစ်ချက်လှည့်ကြည့်ပြီး "မအားဘူးဗျ - တခြားဝပ်ရှော့သွားခှောပာ" လို့ ပြန်ပြောတော့ ဇနီးက ဆင်းသွားပြီး "ငာ့မောင်ရယ် အစ်မတို့က ဆရာဝန်တွေပာ အရေးကြီးတဲ့ လူနာသွားကြည့်ရမှာမို့" ဆိုပြီး ပြောတော့မှ "အစကတည်းက ပြေပြေလည်လည်ပြောရင် ရပာတယ်ဗျာ။ ကျွန်တှောတို့ကလည်း မရိုင်းတတ်ပာဘူး"ဆိုပြီး ထပြင်ပေးတဲ့အကြောင်း မှတ်မိဦးမှာပာ။ လောကကြီးမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပာပာတယ်။ အလုပ်တိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပာတယ်။ လူ့လောကကြီးကို ဆရာဝန်တွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ ဥပဒေ ပညာရှင်တွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ ကားဆရာတွေနဲ့ချည်း ဖွဲ့စည်းလို့ မရပာဘူး။ အားလုံးပာဝင်မှ လှပနေမှာပာ။ ပညာတိုင်းဟာ တန်ဖိုးရှိပာတယ်။ ကိုယ်သင်ခွင့်ရတဲ့ ပညာကို ထူးချွန်အောင်သင်၊ လုပ်ခွင့်ရတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ထပ်သတိပေးရမှာပဲပော့။
(၅) အလုပ်ရဲ့ ကြီးကျယ်ခမ်းနားမှုဟာ ကိုယ့်ကြိုးစားမှုအပှောမှာပဲ မူတည်ပာတယ်။ ဒီနေ့ ပြန်မာ့ရုပ်မြင်သံကြားမှာ အစီအစဉ်က ထုတ်လွှင့်နေတဲ့၊ "ဒစ်(စ)ကာဗာရီ" ကဏဿဍမှာ မြွေ၊ ကြွက်၊ ပိုးဟပ် စတဲ့အကောင်တွေကို မွေးမြူလေ့ကျင့်ပေးနေတဲ့သူတွေကို ကြည့်စမ်းပာ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တော့ နိုင်ငံတကာထုတ်လွှင့်ရမယ့် လေဟာနယ် သတင်းဖြန့်ချိရေးမှာ မှတ်တမ်းတင်ခံရတာပာပဲ။ ပိုးဟပ်နဲ့ကြွက်ကို မွေးထားတဲ့သူတွေကို တို့တွေ တအံ့တဩ ထိုင်ငေးနေရတာ ဘာကြောင့်လဲ။ သူလုပ်ခွင့်သာတဲ့အလုပ်၊ သူလုပ်တဲ့အလုပ်မှာ အကောင်းဆုံဖြစ်အောင်လုပ်လို့ပော့။ ရည်မှန်းချက်တစ်ခုထားပြီး စူးစူးစိုက်စိုက် လုပ်ဖို့တော့ လိုပာတယ်။
    အောင်မြင်တဲ့ဘဝကို ရနေတဲ့သူတိုင်းဟာ ကြိုးစားခဲ့လို့ပာ။ ဒာတွေကတော့ တို့တွေ နှစ်ဆယ့်တစ်ရာစုကို ဆက်သယ်သွားသင့်တဲ့ဟာတွေပော့။
    နောက်ကို ပြန်ကြည့်စမ်းပာ။ ရေဒီယို၊ ကက်ဆက်ပြင်ခဲ့တဲ့ ဆိုင်လေးတွေမှာပဲ တီဗီနဲ့ ဗီဒီယိုစက်တွေကို ပြန်ခဲ့ကြပာပြီ။ မကြာခင်ကာလမှာ အဲဒီဆိုင်လေးတွေဟာ ကွန်ပျူတာတွေ ပြင်လာပေးဦးမှာပာ။ နည်းပညာအတတ်ပညာဆိုတာ ကြိုးစားသူလက်ထဲ၊ လိုလားသူလက်ထဲ ရောက်လာဦးမှာပာ။ လူတိုင်း အပြန်အလှန်လေးစားပြီး ပညာတိုင်း အရေးပာတယ်ဆိုတာ သိကြပာ။ သိပြီးရင်တော့ လေ့လာပာ။ သင်ယူပာ။ ကြိုးစားပာ။ သေချာတာကတော့ နှစ်ဆယ့်တစ်ရာစုဆိုတာဟာလည်း လူသားတွေ အားလုံးနဲ့ ဖွဲ့စည်းရမှာပာ။ လှပရမှာပာ။ နှစ်ဆယ်ရာစုကို နှုတ်ဆက်ရင်း နှစ်ဆယ့်တစ်ရာစုကို ကြိုဆိုလိုက်ကြပာစို့။ --- ။

ရတာနာပုံသတင်းစာ
၂၃.၁.၂၀၀၀
ကံချွန်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆုံးပားသွားပြီဖြစ်တဲ့ ဆရာကံချွန် လွန်ခဲ့တဲ့ ၁ဝနှစ်က ရေးသွားခဲ့တာပာ။ နှစ်ဆယ့်တစ်ရာစုရဲ့ ဒုတိယဆယ်စုနှစ်ကို ကူးပြောင်းလာခဲ့ပေမယ့်လည်း စာတွေက လတ်ဆတ်ဆဲရှိနေတာတစ်ကြောင်း၊ နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုတဲ့ သဘောရှိတာကတစ်ကြောင်း၊ မဖတ်ရသေးတဲ့သူတွေ ရှိခဲ့ရင် ဖတ်စေချင်တာကတစ်ကြောင်း "ဒာကဒီလိုရှိပာတယ် ဟိုဟာက ဟိုလိုရှိပာတယ်" စာအုပ်မှ တစ်လုံးမကျန် ကူးယူလိုက်ခြင်းဖြစ်ပာတယ်။

ဒီဆယ်စုနှစ်မှာ အရင်ကထက် အဆိုးတွေ လျော့နည်းဖို့ ဆုတောင်းနေရင်း ...။

တှောကီ - @Talkiiblog

Saturday, 22 August 2009

လွမ်းတဲ့ပို့စ်



ကံချွန်လို့ ဆိုလိုက်တာနဲ့ တော်တော်များများက သူ့ရဲ့ ဟာသတွေကို ပြေးမြင်ကြလိမ့်မယ်ထင်တယ်။ ပေါ့ပေါ့ဟားဟား ဟာသများ၊ ဒိုးဒိုးဒေါက်ဒေါက် ဟာသများ၊ ဘ နဲ့ ဖွား(လို့ထင်တာပဲ) စတာတွေဟာ နာမည်နဲ့လိုက်အောင်ပဲ ပေါ့ပေါ့ပါးပါးတွေ ဖြစ်လို့ နာမည်ကျော် တွေပဲ ဖြစ်ပါတယ်။ နောက် ဝတဿထုတွေမှာလဲ ဒသဿသနလေးတွေကို ဟာသနဲ့အတူ ထည့်ပေးတတ်တာကြောင့် လူကြိုက်များခဲ့ပါတယ်။ မနဿတလေးသကြဿငန်အကြောင်းကို လွမ်းထားတာကလည်း ကိုယ်တိုင်ကိုယ်ကျ မရောက် မမီလိုက်တာကိုပဲ လွမ်းသွားချင်လောက်အောင်ကို ထိမိလှပါတယ်။ ကျွန်တော်အတွက်ကတော့ သူရေးခဲ့တဲ့ အတွေ့အကြုံပေးတဲ့စာတွေ၊ လက်ဆင့်ကမ်းစာတွေဟာ ကြိုးစားချင်စိတ်ဖြစ်လာအောင်၊ ယုံကြည်ချက် တိုးပွားလာအောင် မြှင့်တင်ပေးခဲ့လို့မို့ အခုချိန်ထိ မေ့မရသေးပါဘူး။ အခွင့်ကြုံသေးရင် ဆရာဟောပြောတဲ့ စာပေဟောပြောပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ နားထောင်ချင်မိတဲ့ဆိုတဲ့ ဆနဿဒကလေးကို စောစောကလေးကတင် ဖတ်မိတဲ့ သတင်းကြောင့် ကျိုးကြေသွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်ဆရာ ကံချွန်တစ်ယောက် ၆၄နှစ်အရွယ်မှာပဲ ချစ်တဲ့ အနုပညာတွေကို ခွဲခွါသွားခဲ့ပြီဖြစ်ပါတယ်။ ဘလော့ဂ်စရေးတုန်းကလည်း ကံချွန်ရဲ့ စာအုပ်ဖတ်နေတဲ့အချိန်ဆိုတော့ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို ရေးတင်ခဲ့တာ သတိရမိတယ်။ အမြင်မတော်တာတွေ၊ သရော်စာတွေကိုလည်း ရေးခဲ့ဖူးလို့ မတဲ့ တဲ့သူတွေက ဆူးလှည်းလို့ အမည်ပေးတယ်လို့ ဖတ်ဖူးပါတယ်။ ဒါကိုလည်း ဆူးလှည်းဆိုတဲ့ စာအုပ်ထဲမှာ လှည်းပေါ်တင်ထားတဲ့ ဆူးခက်တွေက ဝင်းထရံလုံခြုံအောင်ကာဖို့ ဖြစ်တယ်လို့ ထိထိမိမိ ချေပထားတာကို မှတ်သားရပါတယ်။

အချိန်ကို အသုံးချမမှားဖို့ရာတွေ၊ ကျိုးကြောင်းဆီလျော်အောင် တွေးတတ်ဖို့ လေ့ကျင့်နိုင်တာတွေ နဲ့ တခြားသော ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့၊ နှမျောစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက် ကြွေလွင့်သွားတာကို လွမ်းဆွတ်တမ်းတရင်း ...။

တော်ကီ။

မှတ်ချက်။ ။ စာအုပ်တွေကိုတော့ ဝိညာဉ်သစ် နဲ့ တခြားနေရာ တော်တော်များများမှာ ရှာပြီး ဖတ်ရှုလို့ရပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ ပြည်သူချစ်တဲ့ အနုပညာရှင် ၂ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ :(

Wednesday, 8 August 2007

ကံချွန် (ပြောချင်တဲ့စကား)

အချိန်ကို မဖြုန်းမိဖို့ သတိထားပါ။ အချိန်ရဲ့ တန်ဖိုးကို သိရက်နဲ့ ဖြုန်းမိမှာစိုးလို့ ဆရာက မှာရတာပါ။ ဒီနေ့ လက်ပတ်နာရီရေးသလိုပေါ့။ လက်ပတ်နာရီဆိုတာ သိရင် တော်ပြီလို့ သတ်မှတ်ရတဲ့အလုပ်မှာ အချိန်တွေ အများကြီးပေးပြီး စက္ကန့် တံရော၊ ဇယားကွက်ရော ဇယားကွက်ထဲက တံဆိပ်ရော၊ စတီးကြိုးအဆစ် အဆစ်ရော၊ အရောင်လက်နေတာရော၊ နေ့တကုပ်ကုပ်၊ ညတကုပ်ကုပ်နဲ့ ဆယ်ရက်လောက် အချိန်ယူရေးပြီး ပြတော့ရော ကြည့်တဲ့လူက လက်ပတ်နာရီပုံပါလား ပြောမှာပဲ။ ဒီတော့ တချို့အလုပ်တွေမှာ အချိန်ပေးလုပ်ဖို့ မလိုရင် အချိန်မပေးပါနဲ့။ သဘောလောက်ပဲ လုပ်ရမဲ့လုပ်ကို သဘောလောက်ပဲလုပ်ပါ။ မင်းတို့ဘ၀မှာ ဘယ်အလုပ်ဟာ အရေးပါသလဲ။ ဘယ်အလုပ်ဟာ အရေးမပါဘူးလဲဆိုတာ စဉ်းစားပါ။ အရေးမပါတဲ့အလုပ်ကို အချိန်မပေးမိပါစေနဲ့။ အဓိကမကျတဲ့အလုပ်မှာ အချိန်တွေ ပေးနေမိရင် အရေးပါတဲ့အလုပ်တွေလုပ်ဖို့ အချိန်နည်းသွားပါလိမ့်မယ်။
လူငယ်ဘ၀တွင်-
၁။ ချစ်သူအတွက် အချိန်မည်မျှပေးမည်နည်း။
၂။ ပညာအတွက် အချိန်မည်မျှပေးမည်နည်း။
၃။ ၀ါသနာအတွက် အချိန်မည်မျှပေးမည်နည်း။
၎။ ၀မ်းရေးအတွက် အချိန်မည်မျှပေးမည်နည်း။
အချိန်သုံးစွဲမှုမှာ မှားယွင်းပါက ကျွန်တော်တို့ဘ၀ တက်လမ်း နှေးကွေးပါမည်။ တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ပါ။ သဘောလောက်သာ အချိန်ပေးမိပါက အချိန်ပေးမိပါက အချိန်ဆုံးရှုံးခြင်း လေလွင့်ပြုန်းတီးခြင်း ဖြစ်ပါမည်။ ဘ၀အတွက် ရရှိမည့် အကျိုးအမြတ်နှင့် သုံးစွဲရမည့်အချိန်ကို ကျွန်တော်တို့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ရပါမည်။
*****
``လက်တွေ့လုပ်ကြည့်လိုက်ရလို့ သိတာနဲ့ သူများပြောလို့သိတာ မတူဘူးကွ၊ လက်တွေ့လုပ်ကြည့်လိုက်လို့သိတာ မမေ့တော့ဘူး။ မင်းတို့မှတ်ထားကြ။ စုတ်တံကို အသုံးပြုရမယ့်နေရာမှာ ကလောင်ကို သုံးမိရင် မထိရောက်တော့ဘူး။ ပိုကြာတယ်။ အဆင်မပြေဘူး။ အသုံးချမှားရင် ဒုက္ခရောက်တယ်ကွ။ ပန်းချီမှာမှမဟုတ်ဘူး။ မင်းတို့ ပြင်ပလောက ရောက်သွားပြီး တခြားအလုပ်တွေ လုပ်တဲ့အခါမှာလည်း သတိထားကြ။ အသုံးချမမှားစေနဲ့´´ ဆိုသောစကားကို ယခုမှ ကျွန်တော် ဆက်စပ်တွေးမိသည်။ ကားကိုသုံး၍ ပို့ရမည့် ကုန်စိမ်းမျိုးကို လှည်းနှင့်ပို့ပါက လမ်းမှာတင် ပုပ်သွားမည်မှာ သေချာသည်။ ကားမောင်းတတ်သူကို မြင်းလှည်းမောင်၊ ဆိုက်ကားနင်းခိုင်းထားပါကလည်း ``သူ့စွမ်းရည်´´ ဆုံးရှုံးရမည်မှာ သေချာသည်။
၁။ ကျွန်တော်တို့ အသုံးချမမှားဖို့ လိုပါသည်။
ကျွန်တော်တို့ ဘ၀ရပ်တည်နိုင်ဖို့အတွက်၊ တိုးတက်အောင်မြင်နိုင်ဖို့အတွက် ကျွန်တော်တို့၏ အချိန်ကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။ ကျွန်တော်တို့၏ ငွေ်ကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။
ကျွန်တော်တို့၏ ပညာကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။ ကျွန်တော်တို့၏ မိတ်ဆွေပေါင်းအသင်းကို မှန်မှန်ကန်ကန် ရွေးချယ်ရပါမည်။
၂။ သစ္စာတရား၏ တန်ဖိုးကို လေးစား နားလည်ရပါမည်။
``ငွေရပြီးရော`` သဘောထားမျိုးကို စွန့်ခွာနိုင်ရပါမည်။ မိမိအလုပ်ပေါ် မိမိသစ္စာရှိခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးကို မှန်းဆသိမြင်နိုင်ရပါမည်။
*****
``လောကကြီးကို ဇောက်ထိုးမမြင်ကြပါနဲ့ကွာ၊ ရိုးရိုးပဲ မြင်ကြပါ။ ဇောက်ထိုးမြင်နေရင် လောကကြီးက ဘာမှမဖြစ်ပါဘူး။ မင်းတို့ပဲ အခက်အခဲတွေ့မှာ။ မင်းတို့ပဲ ပင်ပန်းကြမှာပါ။ ပြက္ခဒိန်လေးတစ်ခုတောင် ဇောက်ထိုးကြည့်မိတော့ တို့မှာ ဘယ်လောက် အခက်အခဲရှိသွားကြသလဲ။ အေး… အတွေးအခေါ် အယူအဆ၊ အမူအကျင့်တွေကိုများ တို့တစ်တွေ ဇောက်ထိုးကြည့်မိရင် ဘယ်လောက်ဒုက္ခရောက်ကြမလဲ စဉ်းစားကြပါ´´ ဟူ၍ ပြောသည်။ ပြီးမှ…
``ဆရာက ဒီလိုပြောလို့ ဆရာ့ကို ရှေးရိုးသမား သမားရိုးကျသမားလို့ မင်းတို့ထင်ရင် မှားလိမ့်မယ်။ အမြင်ဆန်းသစ်တာနဲ့ ဇောက်ထိုးမြင်တာ တခြားစီပဲ။ ဆိုကြပါစို့ ဒီနေ့ မော်ဒန်အတ် ခေတ်သစ်ပန်းချီ အဲဒါဟာ သမားရိုးကျကနေ ခွဲထွက်တာ၊ ဒီကိစ္စလည်း ဆရာ နည်းနည်းပြောချင်တယ်။ ရေကူးတာဟာ သမားရိုးကျကွ၊ ရေငုပ်တာဟာ မော်ဒန်ပဲ။ ရေအောက်မြင်ကွင်းကို ကြည့်မယ်၊ ရေအောက်ကနေ ရေပေါ်ပြန်ကြည့်မယ်။ မြင်ရိုးမြင်စဉ်ထက် ဆန်းသစ်တာကို ရှာဖွေကြည့်တာဆိုပါတော့။ အဲ… မင်းတို့ဟာ ရေကူးမတတ်သေးဘဲ ရေငုပ်ရင်တော့ ပြန်ပေါ်လာမှာ မဟုတ်ဘူး၊ ရေနစ်သွားမယ်၊ ရေမကူးတတ်ဘဲ ရေငုပ်လို့ မရပါဘူး။ ရေအောက်ရောက်တာချင်းတူပေမယ့် ရေနစ်တာနဲ့ ရေငုပ်တာဟာ အနှစ်သာရချင်း အများကြီးကွာပါတယ်´´။
၁။ ကျွန်တော်တို့ ရိုးသားစွာ မြင်ကြည့်ကြဖို့၊ အရှိကို အရှိအတိုင်း မြင်ကြည့်ဖို့ လိုပါသည်။ အမှန်ကို ဇောက်ထိုးလုပ်ကြည့်မိလျှင် အခက်အခဲတွေ့ ရမည်မှာ ကျွန်တော်တို့သာ ဖြစ်သည်။ အများနှင့် မတူအောင် ဇောက်ထိုးမြင်ကြည့်ခြင်းသည် ခေတ်မီခြင်း မဟုတ်ပါ။
၂။ အသစ်အဆန်းကို ရှာဖွေခြင်းနှင့် ဇောက်ထိုးမြင်ခြင်းသည် ကွဲပြားပါသည်။ ရေကူးမတတ်ဘဲ ရေငုပ်၍ မရပါ။ ရေငုပ်ခြင်းနှင့် ရေနစ်ခြင်းသည် ရေအောက်ရောက်တာခြင်းတူသော်လည်း အနှစ်သာရနှင့် အကျိုးဆက်မှာ ကွဲပြားပါသည်။
ထို့ကြောင့် လူငယ်များ လောကကြီးကို ဇောက်ထိုးမကြည့်မိပါစေနှင့်။ ဇောက်ထိုးအတွေးအမြင် မ၀င်မိပါစေနှင့်။ မှန်ကန်သော အသစ်အဆန်းကို ရှာဖွေနိုင်ရန် ရိုးရာအခြေခံများကို ကျွမ်းကျင်စွာ ပိုင်နိုင်ဖို့ ပထမ လေ့လာနိုင်ကြပါစေ။ ရေကူးတတ်မှ ရေငုပ်၍ ရပါမည်။
*****


(ကံချွန် - ပြောချင်တဲ့စကား)