Showing posts with label Useful Tools. Show all posts
Showing posts with label Useful Tools. Show all posts

Thursday, 17 September 2009

Blogger New Feature

ဒီစာပိုဒ်ကို ဆက်ဖတ်ချင်တယ်ဆိုရင် အောက်မှာပါတဲ့ Read More >> ဆိုတာကို နှိပ်ပေးပါ။
(ဘလော့ဂ်ပှေါမှ ဖတ်သူများအတွက်သာ)

Wednesday, 12 August 2009

Useful BETAs


Chrome
ဒီတစ်ပတ်အတွင်းထွက်ရှိတဲ့ သေးငယ်ပေါ့ပါးပြီး အရမ်းအသုံးဝင်မယ့် beta software တွေကိုအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံးကတော့ chrome browser ပါ။ ထွက်ပြီးလို့ ၁နှစ်မပြည့်သေးခင်မှာပဲ chrome ဟာ version 3.0 beta အဆင့်ထိကို ရောက်ရှိခဲ့ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ 3.0.197.11 ကို စမ်းသပ်ခွင့် ပေးလိုက်ပြန်ပါတယ်။ နောက်ဆုံးထွက် ဗားရှင်းမှာတော့ html 5 ကို support လုပ်ထားပြီးတော့ theme ကိုလည်း ကြိုက်နှစ်သက်ရာကို ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေကို အကြိုက်တွေ့စေမယ့်အချက်ကတော့ address bar မှာတင် စာရိုက်လိုက်ရုံနဲ့ အနီးစပ်ဆုံး လိပ်စာကို ရှာပေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခုဗားရှင်းဟာ အရင်ကထွက်ခဲ့တာတွေနဲ့ ယှဉ်ရင် သုံးရတာ ပိုမြန်လာပြီး ပေါ့ပါးလာတာ တွေ့ရပါတယ်။ စမ်းသပ်သုံးစွဲဖို့အတွက် filehippo ကနေ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Opera
Opera browser ကတော့ ဖြည်းဖြည်းမှန်မှန် ချီတက်ဆဲပါ။ ဘီတာဗားရှင်းဖြစ်တဲ့ opera 10.0 2 ကို လွန်ခဲ့တဲ့ ၃ပတ်ခန့်က ထုတ်ခဲ့ပြီးတော့ html 5 ရဲ့ tag တစ်ချို့ကိုပဲ support လုပ်ပါသေးတယ်။ ပေါ့ပါးမြန်ဆန်မှုက chrome ကိုတော့ ယှဉ်လို့မရတာကြောင့် firefox နဲ့ chrome အသုံးပြုသူတွေ အကြိုက်တွေ့မှာ မဟုတ်ပါဘူး။

Firefox
Firefox ရဲ့ နောက်ဆုံး 3.5.2 ကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ထုတ်ခဲ့တာဖြစ်လို့ အသုံးပြုသူတွေ update လုပ်ပြီးလောက်ပြီလို့ ထင်ပါတယ်။ firefox က ထုံးစံအတိုင်း ကြော်ငြာစရာမလိုလောက်အောင် လူသိများပြီးသားမို့ အထွေအထူးမပြောတော့ပါဘူး။ html 5 ကို support လုပ်တဲ့အပြင် interface design တွေ၊ add-on တွေ စိတ်ကြိုက်ပြောင်းလဲလို့ရတာမို့ လူကြိုက်အများဆုံးနေရာကို ရောက်လာတာပါ။

Minefield
Firefox ရဲ့ ညီငယ်ဖြစ်လာမယ့် (နောက်မှထွက်မယ်ဆိုတော့ ညီပေါ့နေား) ) minefield (Firefox 3.6) ဟာ firefox ထက်ကို ပိုမြန်လာပြီလို့ သိရပါတယ်။ စမ်းသုံးကြည့်ရင် ပေါ့ပါးသွက်လက်တာကို တွေ့ရမှာပါ။ html 5 ကိုလည်း support လုပ်ထားပါတယ်။ (စမ်းသပ်ဆဲ ဗားရှင်းဖြစ်ပါသည်)။

Safari
Apple ရဲ့ ထုတ်ကုန်ကတော့ 4.0.2 ကို လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ရောက်ရှိခဲ့ပါတယ်။ သူကလည်း ပေါ့ပါးသွက်လက်ပြီးတော့ ဒီဇိုင်းဆန်းဆန်းနဲ့မို့ အသုံးပြုသူတွေ ကြိုက်နှစ်သက်စေမှာပါ။ အဆင်မပြေသေးတဲ့အချက်ကတော့ tab တွေ ဖွင့်တာများလာရင် hang သွားပြီး browser restart လုပ်ရခြင်းပါပဲ။ ပိုဆိုးတာကတော့ ဖွင့်ခဲ့တဲ့ tab တွေကို restore လုပ်လို့မရပါဘူး။ html 5 ကိုလည်း အပြည့်အဝ မထောက်ပံ့သေးပါဘူး။

အချစ်တော် Internet Explore
အိုင်အီးကို အရင်တုန်းက လူကြိုက်များခဲ့သလောက် နောက်ပိုင်းမှာ တဖြည်းဖြည်း ပြသဿသနာများလာတဲ့အတွက် နောက်ပိုင်းမှာ လူမုန်းများလာခဲ့ပါတယ်။ အဓိကပြသဿသနာကတော့ IE ဟာ security ပိုင်းမှာ အားနည်းနေပြီးတော့ windows 7 မှာပါတဲ့ 8.0.7100.0 အထိ html 5 ကို support မလုပ်သေးပါဘူး။ နောက်ပိုင်း version တွေဖြစ်တဲ့ IE 7, IE 8 တွေမှာတော့ အနည်းငယ် မြန်ဆန်လာတာကလွဲရင် ကျန်တာတွေလောက် သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိသေးပါဘူး။

မှတ်ချက်။ ။ တခြားနာမည်ကြီး ဘရောက်ဇာတွေဖြစ်တဲ့ avant, maxthon, flock တွေကိုတော့ မသုံးကြည့်ရသေးပါဘူး။ အထက်က ၆ခုနဲ့တင် လက်မလည်သေးဘူးဖြစ်နေလို့။ webpage တစ်ခုကို ဘရောက်ဇာအမျိုးမျိုးမှာ ဘယ်လိုပေါ်မလဲ သိချင်ရင်ကတော့ ဒီနေရာမှာ သွားရောက်ကြည့်နိုင်ပါတယ်။

Zawgyi 2009

I know you can't see above characters properly. Do you know why? Because I typed using Zawgyi 2009. :) Yes, it's 2009. So why are you still using old version while you can try a new and handy one. Please visit Ko Soe Min's website to know more about zawgyi 2009 and see how to install it. I bet you'll be much surprised by the new functions of Zawgyi 2009. If you are using from the Internet cafe, please tell the provider to upgrade new fonts.

တော်ကီ

Saturday, 1 August 2009

Desktop ပေါ်မှာ ဘောင်ခတ်မယ်

ကျွန်တော် ကွန်ပျူတာမှာဆိုရင် desktop ပေါ်မှာ ဖိုင်တွေ၊ short-cut တွေ နဲ့ icon ပေါင်း အနည်းဆုံး ၂၀ လောက် ဿရှုပ်နေတတ်ပါတယ်။ အင်တာနက်သုံးနေရင်း အရေးကြီးတာလေးတွေ့ရင် desktop ပေါ်မှာ အလွယ်တကူ သိမ်းထားလိုက်တယ်။ နောက် အဲဒါမျိုးတွေ များလာတော့ ဖိုလ်ဒါတစ်ခုထဲ စုထည့်လိုက်ပြန်တယ်။ ဒီလိုနဲ့ ဖိုလ်ဒါတွေ များများလာလိုက်တာ short-cut တစ်ခုခု ဖွင့်ချင်ပြီဆိုရင် လိုက်ရှာနေရတာကိုက အလုပ်တစ်ခုဖြစ်နေတယ်။ အခုတော့ အဲဒီလို ရှာရတဲ့ ဒုကဿဿဿခေဘးကေန အခုပြောမယ့် software အကူအညီကြောင့် ဝေးသွားရပြီ။
Stardock ဆိုတာ windows XP ကနေ vista UI တွေ ပြောင်းလို့ရတဲ့ software objeckdock ကို ထုတ်ခဲ့တဲ့ ကုမဿပဏီပဲ ဖြစ်ပါတယ်။ အဲဒီကနေပဲ fences ဆိုတဲ့ program လေးတစ်ခု ထုတ်ထားပါသေးတယ်။ အထက်မှာပြောခဲ့သလိုပဲ desktop ပေါ်မှာ ရှုပ်နေတဲ့ အိုင်ကွန်တွေကို သူ့အစုနဲ့သူ ခွဲပြီးပေးထားမှာပါ။ အစုနာမည်ကိုလည်း ကြိုက်နှစ်သက်ရာ ထားလို့ရတဲ့အတွက် desktop ကို ကိုယ့်စိတ်ကြိုက်ထားလို့ရပါတယ်။ အရောင်တွေ၊ နေရာတွေကိုလည်း ကိုယ့်သဘောကျ customize လုပ်လို့ရပါတယ်။ အသုံးပြုပုံကလည်း ရှင်းလင်းလွယ်ကူတဲ့အတွက် အထူတလည် မပြောတော့ပါဘူး။ ကိုယ်ကိုယ်တိုင် စမ်းကြည့်လိုက်ပါဦး။ ကျွန်တော်လို desktop ပေါ်မှာ ဖိုင်အများကြီးသုံးတဲ့သူတွေအတွက်  အသုံးဝင်မယ်ထင်ပါတယ်။

beforeafter

သဘောကျမယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။ ( 8 MB ကျော်ကျော်ရှိပါတယ်)။ Free version အဖြစ်ပေးထားပြီးတော့ နောက်နှစ်ကုန်ပိုင်းမှာလည်း ရောင်းချတဲ့ version အဖြစ် features တွေ ပိုမိုပါဝင်လာမယ်လို့ သိရပါတယ်။ personal use အတွက် free ပေးထားတာမို့ စမ်းသပ်ကြည့်ပါဦး။

more details here!

တော်ကီ

Sunday, 21 June 2009

Firefox အတွက် မရှိမဖြစ် Add-on ၁၀ခု

ကျွန်တော် blog ကို လာကြည့်တဲ့သူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က firefox ကို သုံးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း firefox ကို အသုံးပိုများတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် သုံးနေကျ add-on လေးတွေကို စုစည်းပြီး တင်ပေးလိုက်တယ်။

Cooliris
ပုံတွေကို browser ဖွင့်ပြီးရှာစရာမလိုပဲ တစ်နေရာထဲမှာတင် 3D wall ထဲမှာ ကိုယ်တိုင်ကြည့်ပြီး ရှာနိုင်စေမယ့် add-on ပါ။

FoxClocks
Browser ရဲ့ status bar မှာ နိုင်ငံတကာ အချိန်တွေကို ဖော်ပြပေးမယ့် add-on ပါ။

Photobucket Uploader
Photobucket သုံးသူတွေအတွက် အထူးပဲ အသုံးဝင်မယ့် add-on ဖြစ်ပါတယ်။ အင်တာနက်မှာ ကြည့်ရင်းနဲ့ ဓါတ်ပုံလေးကို ကြိုက်လို့ ကူးပြီး ကိုယ့် online album မှာ သိမ်းထားချင်ရင် right click နှိပ်ပြီး upload ဆိုတာ ရွေးလိုက်ရုံပါပဲ။ Reference အတွက် ဓါတ်ပုံ link ရော ကူးထားဖို့တော့ မမေ့နဲ့ပေါ့။

Time Tracker

အင်တာနက် Browser ဖွင့်ထားတာ ဘယ်လောက်ကြာသွားပြီလဲသိချင်ရင်တော့ ဒီ add-on ကို သုံးကြည့်ပါ။

WorldIP
ကိုယ်ကြည့်နေတဲ့ စာမျက်နှာက ဘယ်နိုင်ငံကနေ လွှင့်တင်ပေးတာလဲ? IP address ကရော ဘာလဲ? Mouse Hover လုပ်လိုက်ရုံနဲ့ ပြောပြပေးပါလိမ့်မယ်။

XMarks
Bookmark တွေ အသုံးများတဲ့သူတွေ ခရီးသွားတဲ့အခါ ကိုယ်အသုံးပြုနေကျ bookmark တွေ ကူးယူမလာမိတဲ့အခါ ဒုက္ခရောက်တတ်ပါတယ်။ ဒီ Xmarks ကတော့ အဲဒီ ပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။ ဘယ်နေရာရောက်ရောက် Xmarks ကနေ ခင်ဗျားရဲ့ bookmarks တွေကို ယူလာပေးပါလိမ့်မယ်။

Adblock
Website မှ ဖွင့်မယ် မကြံသေးဘူး။ ကြော်ငြာနဲ့ လာတိုးနေတယ်။ website ကြည့်မယ်ကြံလိုက်တိုင်း ကြော်ငြာတွေ လိုက်ပိတ်နေရတယ်။ ဒီလိုဆိုရင်တော့ Adblock သုံးဖို့ လိုနေပါပြီ။

Clear Cache Button
ကိုယ်နေ့စဉ်ကြည့်နေကျဆိုဒ်တစ်ခုဟာ cache ထဲမှာ ရှိနေရင် ဖွင့်တဲ့ loading ပိုမြန်ပါတယ်။ ဒါပေမယ့် အင်တာနက် ကဖေးလိုမျိုးနေရာမှာဆိုရင်တော့ ကိုယ်ကြည့်သွားသမျှတွေကို နောက်လူက ပြန် check လိုက်လို့ရပြန်ရော။ firefox ပိတ်တိုင်း cache တွေကို ဖျက်ဖို့ setting ပေးထားလို့ရပါတယ်။ ဒီ add-on ကတော့ firefox မပိတ်ဘဲ ဖျက်နိုင်ဖို့ နည်းလမ်းလေးပါ။ Icon ထည့်ဖို့အတွက်ကတော့ View>Toolsbar>Customize ကနေ Clear Cache ဆိုတဲ့ icon ကို click and drag နဲ့ Toolsbar ပေါ် ဆွဲရွေ့ပေးလိုက်ရုံပါပဲ။

Colourful Tabs
ကျွန်တော်ကတော့ firefox သုံးပြီဆိုရင် tab တွေ အများကြီးဖွင့်တတ်တယ်။ နောက်ဘယ်ဟာကို ပြန်ကြည့်ရမှန်းမသိဘူးဖြစ်နေတတ်တယ်။ အရောင်လေးတွေနဲ့ ခွဲထားလိုက်ရင် မကောင်းဘူးလား။ ဒီ add-on ကို စမ်းကြည့်ပါဦး။

ColourZilla
Graphic သမားတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။ သူများတွေ ဘာရောင်သုံးထားတယ်ဆိုတာ mouse hover လုပ်ပြီး RGB နံပါတ်လေးတွေနဲ့ သိနိုင်ဖို့ရာအတွက်ပါ။

တခြား အသုံးဝင်တဲ့ add-on တွေ အများကြီးရှိဦးမှာပါ။ ဒီနေရာ မှာလည်း ရှာလို့ရပါတယ်။ ခင်ဗျားရော ဘာ add-on တွေ သုံးနေလဲ?

တော်ကီ

Monday, 4 May 2009

Blogger Buddy

Testing from Blogger Buddy which is a gadget for vista sidebar. Try if you're interested in this. I can post without opening browser. Hope you can read easily. Thank you for visiting.

Talkii