Showing posts with label English. Show all posts
Showing posts with label English. Show all posts

Monday, 8 March 2010

A.Word.A.Week #1

စာလုံး - Zwieback

အသံထွက် - (ZWY-bak, ZWEE-, SWY- SWEE-) Listen

အဓိပာယ် - မုန့်ကြွပ် (ပောင်မုန့်ချပ်အခြောက် - ornagai မှ)
အချိုထည့်ထားသော ပောင်မုန့်ကို ပားပားလှီးပြီး ကြွပ်ရွအောင် နှစ်ပြန် မီးဖုတ်ပြီးမှ ရလာသော မုန့်ကြွပ် (rusk)

ဆင်းသက်လာပုံ - ဂျာမန်ဘာသာစကား Zwieback (twice baked) ဖြစ်ပြီး လုံးချင်း အဓိပာယ်မှာ zwie ( နှစ်ပြန်) + backen (မီးဖုတ်ရန်) ဖြစ်သည်။ ဘီစကစ်မုန့် ပှောထွက်လာပုံနှင့် အဓိပာယ်ဆင်သည်။ ဘီစကစ်သည် လက်တင်ဘာသာစကား bis (နှစ်ပြန်) + coquere (ချက်ရန်) မှ ဆင်းသက်လာခြင်းဖြစ်သည်။

အသုံးပြုပုံ - "Hilda Schmidt said she did all the family baking, making a variety of tasty treats, including white French bread, wheat bread, zwieback, cinnamon rolls, pancakes, coffee cakes, other cakes and hamburger buns." Ref: Wendy Nugent; Newton Woman Saves Baking Labels For 40 Years; Associated Press; Feb 21, 2008.

အတွေးတစ်စ - ဒဏ်ရာ အနာတရဖြစ်ခဲ့ဖူးတာကို မေ့နိုင်တဲ့ လူတစ်ယောက်ကို တွေ့ဖူးတယ်။ စှောကားမှောကားပြောခံခဲ့ရတာကို မေ့နိုင်တဲ့ လူတစ်ယောက်ကို တွေ့ဖို့ မျှောလင့်မိတယ်။ Charles Buxton, brewer, philanthropist, writer and politician (1823-1871)

Everything is bloggable ဆိုတဲ့အတိုင်း အရာရာတိုင်းက ဘလော့ဂ်နိုင်ပေမယ့် အပျင်းကြီးနေတော့ အသစ်ကို မတင်ဖြစ်တော့ဘူး။ အခုမှ အိပ်နေရင်းနဲ့ စဉ်းစားမိတော့ ချက်ခြင်းပဲ ထရေးဖြစ်တယ်။ ဒီတစ်ခုတော့ လုပ်နိုင်မယ်ပော့။ ဒာနဲ့ ပထမဆုံး ခြေလှမ်းအဖြစ်နဲ့ တစ်ပတ်တစ်ခု တင်သွားမယ့် ကဏဿဍအသစ်တစ်ခု ဖွင့်လိုက်ပာတယ်။ A.Word.A.Week တဲ့။ Wordsmith ကနေ A.Word.A.Day အစီအစဉ်နဲ့ နေ့စဉ်နေ့တိုင်း စကားလုံး တစ်လုံး အဓိပာယ် အကြောင်း သမိုင်းကြောင်းနဲ့တကွ ရှင်းပြလေ့ ရှိပာတယ်။ အဲဒီအထဲကမှ ကောင်းမယ်ထင်တဲ့ အတွေးလေးတွေ စုထားတာတွေကို ပြန်ပြီး တစ်ပတ်တစ်ခာ တင်ပေးသွားမယ့် အစီအစဉ်ပာ။ ကြိုက်နှစ်သက်မယ်လို့ မျှောလင့်ပာတယ်။ အကောင်းအဆိုး အမှားအယွင်း ဝေဖန်နိုင်ပာတယ်။ အကြံပြု ထောက်ပြနိုင်ပာတယ်။ အသုံးပြုပုံကို ဘာသာမပြန်ပဲ ထားလိုက်တာ ပိုသင့်တှောမယ်ထင်လို့ မူရင်းအတိုင်းပဲ တင်ပေးလိုက်ပာတယ်။ ကျန်တဲ့ ကဏဿဍတွေကိုတော့ အချိန်ရရင် ရသလို ဆက်လက်ပြီး အပျင်းကြီး အဲ ရေးသွားမှာဖြစ်ပာတယ်။ အားလုံး အစစအရာရာ အဆင်ပြေပာစေ။ ပော့ပော့ပားပားနဲ့ လေ့လာကြပာစို့။ Happy Learning.

စကားပိန် - format ကိုတော့ နောက်တစ်ပို့စ်ကျမှပဲ သေချာပြင်တော့မယ်။ အခုကတော့ မနက် ၃ခွဲပြီမို့ ဖြိုသလစ်တင်လိုက်တာ ခွင့်လွှတ်။

တှောကီ - Talkiiblog

Wednesday, 13 February 2008

မြန်မာလူငယ်လေးများ အင်္ဂလိပ်စာ တိုးတက်ရေး

မြန်မာလူငယ်လေးများ
တိုးတက်ရေး အင်္ဂလိပ်စာ
သား(တက်တိုး)

လူငယ်များအတွက် အမှာစကား ဆိုရမယ်။ ဆိုပေးပါလို့ ဆရာမ ဧဧသန်းက ပြောတော့ ခေါင်းထဲမှာ ချက်ခြင်းရောက်လာတဲ့ အကြောင်းကတော့ ယခုအချိန်အခါမှာ အထူးလိုအပ်နေတဲ့ `အင်္ဂလိပ်စာသင်ကြားရေး´ပဲ။ တို့တိုင်းပြည်အနာဂတ်ဖြစ်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်လေးတွေကို လေ့လာကြည့်ခဲ့တယ်။ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ မျိုးဆက်သစ် လူငယ်လေးတွေ တော်ကြပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြင့်ကြတယ်။ ဉာဏ်ရည်လဲ ကောင်းတယ်၊ ကြိုးလဲ ကြိုးစားကြတယ်။ သို့ဖြစ်ပါရက်နဲ့ ထင်တိုင်း တစ်ဟုန်ထိုး အတက်နှေးနေတာ တွေ့ရတယ်။ လူငယ်အများစုကို ဆိုလိုချင်တာပါ။ အဲဒါ ဘာကြောင့်လဲ။ အချက်တစ်ချက်ကတော့ အင်္ဂလိပ်စာတတ်ကျွမ်းမှုမှာ လိုနေလို့ပဲ။ အရေးအသား၊ အပြောအဆို နားလည်နိုင်မှု၊ အသံထွက် စသည်တို့ပေါ့။
အင်္ဂလိပ်စာ သင်ကြားရေးဆိုရာမှာ ဆယ်တန်းအောင်ပြီးသား၊ ဘွဲ့ရပြီးသား၊ အလုပ်ခွင်ဝင်နေတဲ့ သူများကို အထူးဆိုလိုတယ်။ ၁၀ တန်းကျောင်းသားတွေလဲ မှတ်သားထားနိုင်ပါတယ်။ ၁၀ တန်းကျောင်းသားတွေက ကျောင်းစာ ကျက်ချိန် ပေးနေကြရတော့ အဲဒီဖက်မှာ အချိန်အများကြီး ယူကြရတယ်။ ကျောင်းစာအမှတ်များဖို့က အဓိက ဖြစ်နေတာကြောင့်ပါ။
မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားနေကြသူတွေအတွက် အင်္ဂလိပ်စာဟာ အပြည်ပြည်သုံး ဘာသာစကားမို့ အဓိက လိုအပ်တာ အထူးမဆိုလိုဘူး။ လူတိုင်း သဘောပေါက်ကြတယ်။ ဒီအင်္ဂလိပ်စာ တတ်ကျွမ်းခြင်း မတတ်ကျွမ်းခြင်းနဲ့ လူတစ်ယောက်ကို ဘယ်လို ဆုံးဖြတ်ကြသလဲ အင်္ဂလိပ် စကားကို မိခင်ဘာသာမဟုတ်တဲ့သူတို့ပြောကြ၊ ရေးကြတဲ့အခါ အင်္ဂလိပ်တို့၊ အမေရိကန်စတဲ့ တိုင်းရင်းသား (native speaker) တို့က ထိုသူတို့ရဲ့ အင်္ဂလိပ်စာအဆင့်ကို ကြည့်ပြီး ထိုသူတို့ရဲ့ အဆင့်ကို အသိအမှတ်ပြုကြတယ်။
``မင်း အင်္ဂလိပ်စာကို ဘယ်မှာ သင်ခဲ့သလဲ´´
``မင်း ဘယ်ကျောင်းက (အင်္ဂလန်ကလား၊အမေရိကန်ကလား၊ အောက်စဖို့ဒ် တက္ကသိုလ်ကလား၊ ဟားဘစ်တက္ကသိုလ်ကလား) အောင်တာလဲ စတဲ့ စကားတွေ ထွက်လာတတ်တယ်။ အသံမှန်မှန် ဌာန်ကရိုဏ်းကျကျ ပြောတတ်ဆိုတတ်ရင် ကျောင်းကောင်းမှာ နေခဲ့လို့ပေါ့။ ဒါဟာ တိုင်းတာစရာ ပေတံတစ်ခုပဲ။ အရှေ့တိုင်းမှာ၊ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား စသူတို့ရဲ့ အင်္ဂလိပ်စကားကို native speaker တို့က ဘ၀င်ကမျကြဘူး။ စကားပျက်ရယ်လို့ ဆိုကြတယ်။ ဥပမာ ဖိလစ်ပိုင်မှာ သူတို့ရဲ့ မိခင်ဘာသာစကား Taglog တက်ဂလောက်ရဲ့ နောက်ခံနဲ့ ရောယှက်ပြီး ပြောတဲ့ အင်္ဂလိပ်စကားကို Taglish။ စင်ကာပူမှာ ပြောတဲ့ အင်္ဂလိပ်ကို Singlish စသည်ဖြင့် ဆိုကြတယ်။ အင်္ဂလိပ်စကားများ (The Englishes)လို့ ဆိုတယ်။
အသုံးများတဲ့ ဘယသာစကားတစ်ခုက အသုံးပြုတဲ့ လူမျိုး၊ ဒေသ၊ ယဉ်ကျေးမှုအလိုက် ဒေသစကားအဖြစ် ကွဲခွဲတတ်တယ်။ ပြီးတော့ ဘာသာစကားအသစ်တစ်ခုလဲ ဖြစ်လာတတ်တယ်။ ဥပမာ လက်တင်ဘာသာကနေ ပြင်သစ်၊ အီတာလျံ၊ စပိန်စကားတွေ ဖြစ်လာသလိုပေါ့´´ လို့။
Singlish Bad, English Good ဆိုတဲ့ ဆောင်းပါးမှာ တွေ့ရတယ်။
အခု Singlish ကို ကြည့်။
“Government say Singlish (-0 no good, (-) must learn how to speak proper, English. it (-) a bit the difficult. How can (-)?”
သဒ္ဒါမကျ၊ စနစ်မကျတာ တွေ့ရမယ်။ ဆိုလိုချင်တာကိုသာ ပြောလိုက်တာပါပဲ။ ဒါ့အပြင် အသံထွက်၊ အဆွဲအင်၊ အဖြတ်အတောက်တွေလဲ မသင့်တာတွေများတယ်။
ကျွန်တော်တို့ အင်္ဂလိပ်စာ သင်ကြားနေတာဟာ ကမ္ဘာတစ်ဝှမ်းကို ကျွန်တော်တို့ နားလည်နိုင်အောင်လို့၊ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ကို နားလည်နိုင်အောင်လို့ပါ။ ဒါကြောင့် စံချိန်မီ အင်္ဂလိပ်စာကို ရေးနိုင်ပြောနိုင်ဖို့ အရေးကြီးပါတယ်။
တစ်ခုဆိုတာက ကျွန်တော်တို့ နိုင်ငံသားရဲ့ တစ်ဝက်ဟာ ပညာတတ် မဟုတ်ကြပါဘူး။ သူတို့ဟာ Singlish ကိုပဲ သုံးကြရတယ်။ စီးပွါးရေးအရကော၊ လူမှုရေးအရပါ သူတို့ နစ်နာကြလိမ့်မယ်လို့ စင်ကာပူ ခေါင်းဆောင်ဟောင်း လီကွမ်းယူက ဆိုပါတယ်။
ဒီလို broken English နဲ့ မဟုတ်ပဲ၊ မှန်ကန်တဲ့ Standard English နဲ့ဆို နိုင်ငံတကာမှာ မျက်နှာရတယ်။ Standard English ကို မပြောနိုင်တော့ဘူးလား။ ခက်လို့လား။ မခက်ပါ။ အနည်းငယ် သတိပြု လေ့ကျင့်ရင် ရတာပါပဲ။
အခြေခံကျကျ အချက်တစ်ချက်ကတော့ စာဖတ်များဖို့ပဲ။ “Reading makes a full man.” စာဖတ်ခြင်းဟာ လူကို ပြည့်ဝစေတယ်လို့ ဆရာကြီး Francis Bacon က ဆိုတယ်။ စာဖတ်ရင် ဖတ်ရင်း ပြည့်မှန်းမသိ ပြည့်ပြည့်လာတယ်။ ဘာသာစကားရော၊ စာထဲက ဗဟုသုတပညာရော ရတယ်။ စာဖတ်ဖို့ပဲ လိုတယ်။
စာဖတ်ရင် အသံထွက်ဖတ်ပါ။ မှားမှာ မရှက်ပါနဲ့။ အသံထွက်ဖတ်မှ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု ရှိလာမယ်။ မတတ်တာရှိရင် တတ်နားလည်သူထံမှာ ကြုံရင်ကြုံသလို ဆည်းပူးမှတ်သားပါ။ ကက်ဆက်ခွေတွေ၊ CD ဓာတ်ပြားတွေနဲ့ စကားပြောထား၊ စာဖတ်ထားတာတွေ ရှိပါတယ်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတို့ ဖတ်တာနားထောင်ပါ။ အသံမှန်ရပါမယ်။ ယခုခေတ်မှာ ကွန်ပျူတာတွေ ထွန်းကားသမို့ CD-Rom လို့ခေါ်တဲ့ CD ဓာတ်ပြားတွေ၊ Talking Dictionary အသံထွက် အဘိဓာန်တွေ ရှိနေပါပြီ။
အကူညီရစရာတွေ အများကြီးပါ။ သူတို့လို အသံမှန်အောင် လေ့ကျင့်ပါ။ တဖြည်းဖြည်း ရလာမှာပါ။ အသံထွက်မှန်ဖို့သာ လိုပါတယ်။ ဘိုဆန်ဖို့၊ ဟန်လုပ်တဲ့ အသံကြီးတွေနဲ့ ပြောဖို့မလိုပါ။ မြန်မာတွေဟာ အိန္ဒိယ၊ ဂျပန်၊ မလေး စသူတို့နဲ့ မတူ၊ ထူြးားတာက အင်္ဂလိပ်အသံ (တခြားဘာသာစကားရဲ့ အသံတွေပါ။ ဥပမာ ဂျပန်၊ ကုလား) ပီပီသသ ထွက်နိုင်တယ်။ ဒီအရည်အချင်းကို မြန်မာမှာသာ တွေ့ရတယ်။
စာဖတ်ရာမှာ စာရေးဆရာကြီးများဖြစ်တဲ့ Charles Dickens, Nathaniel Hawthorn, Ernest Hemingway, O.Henry စသူတို့ရဲ့ စာတွေကို ဖတ်ပါ။ တတ်နိုင်ရင် မူရင်ဖတ်ပါ။ ခက်မယ်ထင်ရင် လွယ်ကူအောင် ပြန်ရေးသားထားတဲ့ Simplified Edition များဖတ်လို့ ရပါတယ်။ ဒီစာပေတွေကို အော်စကာဆု၊ တိုနီဆု၊ ဂရမ္မီဆု ရုပ်ရှင်နှင့် ပြဇာတ် မင်းသား မင်းသမီးတို့ ဖတ်ထားတဲ့ အသံထွက် စာအုပ် (audio books) တွေလဲ ရှိပါတယ်။ ဆရာကြီးတွေရဲ့ အရေးအသားဟာ မှန်တယ်၊ ရှင်းတယ်၊ ထိရောက်တယ်၊ လှတယ်။
မိမိပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတွေနဲ့ ၀န်းရံထားအောင် ဖန်တီးပါ။ အင်္ဂလိပ်သီချင်း၊ အသံထွက်ဇာတ်လမ်း၊ ဟောပြောချက် သတင်းကြေငြာချက်၊ အပြန်အလှန် စကားပြောကြခြင်း၊ စာဖတ်ခြင်း စသည်တို့ ကက်ဆက်နဲ့ CD တွေမှာ ရှိပါတယ်။ မပြတ်နားဆင်ပါ။ မိမိ နားအကျင့်ပါလာလိမ့်မယ်။ အသံထွက်ဖတ်ရင် ပါးစပ်အကျင့်လဲ ပါလာလိမ့်မယ်။ စကားပြောရဲလာလိမ့်မယ်။
အင်္ဂလိပ်စာနှင့် စကားတတ်ကျွမ်းရေး ဦးတည်ပြီး သင်တန်းဖွင့်ဖူးတယ်။ လုပ်ငန်းခွင်က ဘွဲ့ရပြီးသား လူငယ်တွေများတယ်။ သူတို့ရဲ့ လုပ်ငန်းခွင်မှာ ဧည့်ခံပွဲ၊ ကုမ္ပဏီမှ ထုတ်ကုန်များအကြောင်း၊ ရှင်းလင်းပွဲ စသည်တို့မှ နိုင်ငံခြားသားတွေနဲ့ ပြောဆို ဆက်ဆံ ရတယ်။ ပစ္စည်းတစ်ခု အကြောင်းကို စင်မြင့်ပေါ်တက် ရှင်းပြရာမှာ မိမိ ကျင်မှတ်ထားတဲ့အတိုင်း ရွတ်ပြနိုင်ရင် အထောက်အကူ တော်တော်ရလို့ ချောမေပြေပြစ်နိုင်တယ်။ ဒါပေမယ့် ပရိသတ်က မေးခွန်းပြန်မေးရင်တော့ စိတ်ကို ညစ်သွားတော့တာပဲ။ တစ်ဖက်က မေးတာကို လုံးစေ့ပတ်စေ့ နားမလည်၊ ကိုယ်ပြန်ဖြေတာကလဲ တလွဲ၊ စကားကို ချောမောအောင်၊ မှန်ကန်အောင်လဲ ကြိုါ်စားနေရရင်တော့ သေချင်စော်ကို နံသွားတော့တာပဲ။
အဲဒီကိစ္စကြောင့် ကျွန်တော့်သင်တန်းကို လာတက်ကြသတဲ့။
ကျွန်တော်က ပုံပြင်၊ ဇာတ်လမ်းကလေးများ၊ သတင်း အတိုအထွာလေးများ၊ စိတ်ဝင်စားဖွယ်ရာများ အသံမှန်မှန် ကြိုးစားဖတ်ပြတယ်။ သင်တန်းသားများကိုလည်း ဖတ်ခိုင်းတယ်။ လေ့ကျင့်ပေးတယ်။ အဲဒီအခါ -
``ကျွန်တော်တို့ (ကျွန်မတို့) က စကားပြောတတ်ချင်တာ´´ လို့ ပြောကြတယ်။ သူတို့ စာမဖတ်ချင်ကြဘူး။ ဖတ်လဲ မဖတ်ကြဘူး။ ဖတ်ခိုင်းရင်လဲ မှန်အောင်၊ ပုံစံကျကျ သဘာဝကျကျ မဖတ်နိုင်ကြဘူး။ ဒီတော့ `၀မ်းစာ´မှ မရှာပဲ။ ဘယ်နှယ့်လုပ်လို့ ၀မ်းထဲက အံထွက်လာစရာ အင်္ဂလိပ်စာ ရှိမှာတုန်း။ ဒါကို သဘောမပေါက်ကြဘူး။ တစ်သက်လုံး အလွတ်ကျက်လာကြတယ်။ ငှက်ပျောသီး အခွံနွာကြွေးသလို အဆင့်သင့်မှ စာသင်ယူတတ်ခံကြလာတော့ ဘာသာစကား တစ်ခုကို အချိန်ကြာကြာ မပြတ်တမ်း လေ့ကျင့်ဆည်းပူးမှ တတ်နိုင်မယ်ဆိုတာ သဘောမပေါက်ကြဘူး။
တပည့် ဆရာဝန်ကလေးတစ်ယောက်ရှိတယ်။ ဆေးပညာတော်တယ်။ အင်္ဂလိပ်ဘာသာလဲ မည့်ပါဘူး။ အပြောအဆို အရေးအသားမှာ အမှားတော့ မကင်းဘူးပေါ့။ သူက အင်္ဂလန်မှာ ဘွဲ့လွန်သင်ဖို့ ကြိုးစားနေလို့ IELTS လက်မှတ် ဖြေရမယ်။ ကျွန်တော့်ဆီမှာ လာကျင့်တယ်။ [အမြင့်ဆုံး (၁၀)မှတ်] မှာ (၇) မှတ်နဲ့ အောင်မြင်တယ်။ ဒီစာမေးပွဲ မဖြေခင် ၆လ၊ ၇လလောက် နေ့တိုင်း အသံထွက်ကျင့်တယ်။ နားယဉ်အောင် ကက်ဆက်နားထောင်တယ်။ အခုဆို အင်္ဂလန်မှာ (၂)နှစ်ကျော်ပါပြီ။ ကျွန်တော့်ဆီ e-mail မပြတ်ပို့တယ်။ စာအရေးအသား အတော် တက်လာတယ်။ အသုံးအနှုန်းတွေ သဘာဝကျကျ သုံးနိုင်လာတယ်။ အထိအတွေ့ များလာတာကြောင့် တိုးတက်မှု များလာတယ်လို့ ဆိုနိုင်တယ်။
ဒီလို အပြင်းအထန်ကျင့်မှ ဒီလောက်ပဲရတာ။ ကျူရှင်တက်၊ ကျူရှင်ဆင်းပြီး စာအုပ်ဘေးချပြီး မေ့လိုက်တဲ့ စာသင်သားများ ဘယ်နှယ့်နေပါမလဲဆိုတာ ပြောစရာမလိုပါဘူး။
ဒီတော့ အချုပ်ဆိုရရင် အင်္ဂလိပ်စာကို အခုသင်၊ အခုပြောလို့ မရနိုင်ပါဘူး။ မပြတ်တန်း ကြိုးစားနေရမှာပါ။ မပြီးစတန်း မဆုံးစတန်းလဲ လေ့လနေရမှာပါ။ မငြီးစတန်းလဲ ဖတ်နေရမှာပါ။
``တစ်နေ့ကို စကားတစ်လုံးသင်ပြရင် တစ်လကို စာလုံးသုံးဆယ်၊ တစ်နှစ်ကုန်ရင် တော်တော်များများ သင်ပါလားမောင်ရယ်၊ အင်္ဂလိပ်စာကိုကွယ် ဒစ်ရှင်နာရီ (dictionary) ၀ယ်ကြည့်လျှင် သိနိုင်ပါမယ်´´
ဆိုတဲ့ ဆရာကြီး ရွှေတိုင်ညွှန့်ရဲ့ “What ဆိုတာ ဘာလဲ” သီချင်းကလေးလိုပေါ့။ တစ်နေ့နည်နည်းနဲ့ မပြတ်ဖတ်မှတ် လေ့လာသွားရင် တစ်နှစ်ဆို တော်တော်ရနေပါပြီ။
ဒီပညာ ရွှေအိုးကြီးဟာ တစ်နေ့တခြား ပြည့်လို့ လာမှာ ပါ။ ဒီရွှေအိုးကြီးဟာ သုံးလို့လဲ မကုန်ပါဘူးကွယ်။

သား (တက်တိုး)
၇-၁၂-၂၀၀၃