Monday, 6 July 2009

A drop in a blogsphere ocean (2)

တစ်နှစ်ကူးလို့သွားပြန်ပါပြီ။ မနှစ်က ဒီလိုအချိန်မှာ အမေ့အိမ်နဲ့ ဝေးနေခဲ့သလို ဒီနှစ်လည်း အမေ့အိမ်နဲ့ ဝေးနေဆဲပါပဲ။ ဒီနှစ်တော့ ပိုဝေးသွားတာကလွဲရင် သိပ်မပြောင်းလဲသလိုပဲ။ သိသိသာသာပြောင်းတာကတော့ အချိန်ပေးပြီး ပိုလည်နိုင်လို့ ဘလော့မိတ်ဆွေတွေ ပိုတိုးလာတာတစ်ခုပဲ။ အရင်တုန်းက နှစ်တိုင်းလိုလို မွေးနေ့ရောက်ရင် အမေ့အိမ်ကို ပြန်နေကြ။ မနှစ်ကစပြီး မပြန်ဖြစ်တာ ဒီနှစ်မွေးနေ့တော့ ပိုပြီးတော့ ဝေးပြီ။

မနှစ်ကလိုပဲ ဘလော့မွေးနေ့နဲ့ လူမွေးနေ့ ပေါင်းလုပ်လိုက်တယ်။ မနှစ်ကရေးတော့ မှတ်မှတ်ရရ comment တစ်ခုရတယ်။ ကိုtayzar44 ဆီကပါ။ ဒါပေမယ့် comment setting အပြောင်းအလဲကြောင့် ပျက်သွားခဲ့ရတယ်။ အရင်တုန်းက မွေးနေ့တွေတိုင်း သူငယ်ချင်းတွေကို သီချင်း CD လုပ်ပေးနေကျအတိုင်း ဒီနှစ်လည်း သီချင်း ၁၀ ပုဒ် စုထားတယ်။ ပုံ ၁၀ ပုံ တိုးလာတယ်။ လုပ်ချင်တာကတော့ ကိုပီကေတုန်းကလို ရေးထားတဲ့ စာတွေစုပြီး pdf လေးနဲ့ လက်ဆောင်ပေးချင်တယ်။ ဒါပေမယ့် ထုတ်စရာ စာကမရှိ :) ။ ပုံတောင်မှ forward mail ကနေရလို့ ပြန်တင်ပေးလိုက်တာပါ။ သီချင်းလေးတွေတော့ ကြိုက်မယ်ထင်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦး။ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။ လာရောက် လည်ပတ်တဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ၊ အစ်မတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ လိုအင်ဆန္ဒ ပြည့်ဝပါစေ။

မွေးနေ့ကလည်း ဒီနှစ်မှ ၀ါဆိုလပြည့်နဲ့တိုက်နေတော့ ဟိုမှာသာဆိုရင် ဆိုတဲ့စိတ်က ဖိဆီးနေတယ်ဗျာ။ အစီအစဉ်ကတော့ ဘယ်သူ့ကိုမှလည်း အရင်နှစ်တွေလို ဘာမှ မကျွေးဖြစ်ဘူး။ နေ့ချင်းပြန် ခရီးထွက်ဖြစ်မယ်။ ဓါတ်ပုံလျှောက်ရိုက်မယ်။ ဒါလောက်ပါပဲ။ Thanks you all.

Talkii - a drop in a blogosphere ocean.

Ice-cramIce-cramဖာလူဒါပဲပြုတ်နံပြားကြေးအိုးလက်ဖက်အကြောက်စုံဆီချက်ခေါက်ဆွဲကောက်ညင်းပေါင်းရွှေရင်အေး

Thursday, 2 July 2009

ဝက်ပျံ

PigletPiglet

ပြီးခဲ့တဲ့လ ၁၂ရက်နေ့ကပါ။ FM Radio station တစ်ခုကနေ စတန့်ထွင်ပြီး ၀က်ပေါက်ကလေးကို မိုးပျံပူပေါင်း အလုံး ၂၀၀ ကျော် ချည်နှောင်ခဲ့ပါတယ်။ အကြောင်းကတော့ swine flu ကို ရည်ရွယ်ပြီး swine (၀က်) ကလေးကို မိုးပေါ်လွှတ်ဖို့ကြိုးစားပြီး ရန်ပုံငွေ ရှာတာပါ။ ဒါကိုမြင်တဲ့ သူတွေကနေ RSPCA ( Royal Society for the Prevention of Cruelty to Animals) ကို အကြောင်းကြားလိုက်ပါတယ်။ ၀က်ကလေးဟာ အရမ်းပဲ ဒုက္ခခံစားနေရတယ်လို့ တိရိစ္ဆာန်ကာကွယ်ရေး အဖွဲ့ကပြောပေမယ့် Radio station တာဝန်ရှိသူတွေကတော့ ဒါဟာ ရန်ပုံငွေအတွက် အပျော်လုပ်တာဖြစ်ပြီး ၀က်ကလေးကလဲ အဆင်ပြေပါတယ်လို့ တုန့်ပြန်သွားပါတယ်။ ဒီလုပ်ရပ်အတွက် radio station က တာဝန်ရှိသူတွေ အရေးယူခံရဖို့ ရှိနေပေမယ့် ရန်ပုံငွေ ၈၀၀၀ ကျော် ရရှိခဲ့တယ်လို့ Queensland ဆေးရုံကဆိုပါတယ်။

Swine-Flu သတင်းက ရန်ကုန်မှာ ပြန်ကြားလာရလို့ တင်ပေးလိုက်တာပါ။ Swine-flu ကာကွယ်ဖို့နည်းတစ်ချို့ကိုတော့ မပင့်ဂိုလ်းဆီမှာ သွားဖတ်လို့ရပါတယ်။

swine-flu
Credit to Nine news
Photo Credit to Lisa Barry

တော်ကီ