Friday, 29 May 2009

ခိုးကူးစာ

ခိုးကူးခွေမဟုတ်ပါဘူး။ ခိုးကူးစာပါ။ လွန်ခဲ့တဲ့ရက်က ၀င်လာတဲ့ email ကြောင့် အတွေးတွေ ဖြစ်လာတယ်။ ဘလော့ဂ်လောကမှာ ခေတ်စားလာတဲ့ ခိုးကူး ပြဿနာတွေကြောင့် စာရေးသူတွေလည်း နစ်နာလာရတယ်။ အခုတော့ ဘလောဂ်ပေါ်မှာ ကူးရုံတင်မဟုတ်တော့ဘူး စာမျက်နှာတွေပေါ်ပါကို ရောက်ကုန်ကြပြီ။ ဘလော့ဂ်မှာတင်တယ်ဆိုရင်တောင် မူရင်းရေးသားသူကို လေးစားတဲ့အနေနဲ့ အနည်းဆုံး credit လေးတော့ ထည့်ပေးသင့်တယ်လို့ ထင်ပါတယ်။ ကိုNLS ပြောသလို content ကို ထိခိုက်စေရင်လည်း အညွန်းလောက်ကိုပဲကူးပြီး ဆက်ဖက်ချင်ရင် ဒီလိပ်စာကို သွားပါဆိုတာမျိုး လုပ်ပေးသင့်တယ်လို့ထင်တယ်။ စာမျက်နှာပေါ်တင်မယ်ဆိုရင်တော့ စာရေးသူအမည်လည်း ထည့်ပေးရမယ်။ ထိုက်တန်တဲ့ စာမူခလည်း ချီးမြှင့်သင့်တယ်။ ကျွန်တော်ထင်တယ်။ ဒါတွေက မဂ္ဂဇင်းတွေ၊ စာပေလောကတွေမှာ ရှိပြီးသား စည်းမျဉ်းတွေဖြစ်မယ်။ ကျွန်တော်လည်း နားလည်ပါဘူး။ ဒါပေမယ့် တွေးကြည့်ရင် လူတကာ နားလည်နိုင်တဲ့ စည်းမျဉ်းတွေပါ။ ဒါကိုမှ မလိုက်နာပဲ ခိုးကြောင်ခိုးဝှက်လုပ်ပြီး မသိလောက်ပါဘူးလေ ဆိုပြီးထည့်လို့ကတော့ ကိုယ့် ကိုယ်ကျင့်တရားမရှိတာကို ပြလိုက်သလိုပါပဲ။ ဘလော့ဂ်တွေမှာဆိုရင်တော့ ပိုဆိုးပြီ။ နာမည်မရှိတော့ ကိုယ်လုပ်ချင်သလို လုပ်ရနေတော့တာ။ ဘယ်တော့မှ ပြေလည်မယ့် ပြဿနာမဟုတ်ဘူး။ သူတစ်ပါးလုပ်အားကို ကိုယ်ချင်းစာတတ်မှ နားလည်နိုင်မယ်။

မဂ္ဂဇင်းတွေဆီကနေ ဘလော့ဂ်တွေပေါ်ကူးတာကျတော့ရော?

ကျွန်တော်အမြင်ပြောရရင် ဒီကိစ္စကတော့ ရှင်းပါတယ်။ မဂ္ဂဇင်းဆိုတာမျိုးက ဖတ်တဲ့သူတွေက တန်ကြေးတစ်ခုခု ပေးပြီး ဖတ်ရတယ်။ အဲဒီအတွက်က မဂ္ဂဇင်းတိုက်က အကျိုးအမြတ်ရသွားပြီ။ ဘလော့ဂ်ကတော့ အားလုံးသိတဲ့အတိုင်း ဘလော့ဂ်ပိုင်ရှင်က ငွေကြေးအကျိုးအမြတ်တစ်ခုမှ မရဘူး။ သူရတာဆိုလို့ ဘလော့ဂ်အသိုင်းအ၀ိုင်း မိတ်ဆွေတွေပဲရှိတယ်။ နောက်ပြီးတော့ ဘလောဂ်မှာ ကူးပြီးတင်တယ်ဆိုတာကလည်း အပေါ်မှာပြောသလို မဂ္ဂဇင်းဖတ်ဖို့ အခွင့်မသာတဲ့သူတွေအတွက် ကိုယ်ဖတ်မိတာလေးကို သူများတွေလည်း ဖတ်မိပါစေတော့ ဆိုတဲ့ စေတနာနဲ့ အစအဆုံး ရိုက်ပြီးတော့ ပြန်တင်ကြတာပါ။ ကျွန်တော်ထင်တယ်။ မဂ္ဂဇင်းတစ်အုပ်လုံးကို ရိုက်ပြီး တင်တဲ့သူ မရှိလောက်ပါဘူး။ ဒါကြောင့်မို့လို့ မင်းတို့ကူးပြီးတင်လို့ ငါတို့မဂ္ဂဇင်း မရောင်းရတာလို့တော့ ပြောမယ်မထင်ပါဘူး။ ကျွန်တော်ဆိုလည်း ဘလော့ဂ် လုပ်ခါစက ကျွန်တော့်အတွေးတွေကို ပြောင်းလဲပေးခဲ့တဲ့ ကံချွန်ရဲ့ စာတွေနဲ့ စခဲ့တာပါ။ နောက် မင်းလူရဲ့ ကဗျာတွေ၊ ကျော်ဝင်းရဲ့ ဘာသာပြန်တွေ၊ တက်တိုးရေးတာတွေ၊ သီချင်းတွေကို မသိသေးတဲ့သူတွေ၊ မကြားဖူးသေးတဲ့သူတွေအတွက် အများကြီး တင်ခဲ့တာပဲ။ ပိုင်ရှင်တွေဆီက ခွင့်ပြုချက်ကို မယူခဲ့ပါဘူး။ ကြုံကြိုက်လို့ရှိရင်တော့ အထက်ကလို ပြောချင်ပါတယ်။ စေတနာနဲ့ ကူးတာမို့လို့ ခွင့်ပြုပေးပါဆိုပြီးတော့ပေါ့။ ခင်ဗျားတို့လဲ ဘယ်လိုစိတ်ကူးလဲ။ ကျွန်တော်ကတော့ ကျွန်တော်ရေးတာတွေကို ကူးခံရမှာ မကြောက်ဘူး။ ကူးခံရလောက်တဲ့ အရည်အချင်းလဲ မရှိဘူးလေ။ Marlboro ဆေးလိပ်ကုမ္ပဏီပိုင်ရှင် ပြောတာဖတ်ဖူးတယ်။ သူ့ဆေးလိပ်နာမည်ယူပြီး အတုခိုးထုတ်လို့ စိတ်မဆိုးဘူးလားမေးတော့ “တုပခြင်းခံရတဲ့အတွက် ဂုဏ်ယူပါတယ်” တဲ့။ ဟုတ်သားပဲ။ အပင်မြင့်မှ လေတိုက်ခံရတာဆိုတော့ ...။ ကိုညီလင်းဆက် ပြောတာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

ဒီတော့ ဒါတွေကို ဘယ်လို ဖြေရှင်းသင့်သလဲ။ ကိုယ်က အခြားသူတစ်ယောက် ရေးထားတဲ့ စာတစ်ပုဒ်ကို တွေ့တယ်ဆိုရင် တစ်ပိုဒ် တစ်ပါဒမျှ ကူးယူပြီး ဘယ်လိုကြောင့် ဘာကြောင့် ကြိုက်တယ်၊ အခြားသူတွေလည်း ဖတ်သင့်တယ် ဆိုပြီး ညွှန်းဆိုရင်ဖြင့် ကိုယ့်အထဲမှာလည်း မူရင်းစာကို Index လုပ်ပြီးသား ဖြစ်သလို မူရင်းစာရေးသူကိုလည်း Credit အပြည့်အဝပေးရာ ရောက်ပါတယ်။ ပြီးတော့ အားလုံးကို ကူးယူမဖော်ပြတဲ့အတွက် အင်တာနက်ပေါ်မှာ Content Duplicate ဖြစ်ခြင်းကို ကာကွယ်နိုင် ပါတယ်။ တခါတလေ အမှတ်တရ အနေနဲ့ ကူးပြီး ဖော်ပြချင်ရင်တောင် နဲနဲလောက် ပြောင်းလဲပြီးမှ ဖော်ပြသင့်ပါတယ်။Copy Paste နဲ့ စာတစ်ပုဒ်လုံး ကူးပြီး တခြားနေရာမှာ ထပ်တင်တာမျိုးဟာ ချီးကျူးတယ် ထင်ရသလိုလိုနဲ့ တကယ်တမ်းမှာ ဒုက္ခပေးခြင်း တစ်မျိုးပါပဲ။

ဒါကတော့ ကျွန်တော်ဆီကို ရောက်လာတဲ့ email ပါ။ ခေါင်းစဉ်ကတော့ ပြည်တွင်း မဂ္ဂဇင်းတစ်ခုအား သွားရောက် ကန့်ကွက်ခဲ့ခြင်းတဲ့။

အွန်လိုင်းမှ စာရေးသူအပေါင်းတို့ ခင်ဗျာ..

ပြီးခဲ့သော ဧပြီလထုတ် ပြည်တွင်းမဂ္ဂဇင်းတစ်ခုတွင် အွန်လိုင်းမှ စာရေးသူ မနိုင်းနိုင်းစနေ ၏ စာမူဖြစ်သော ယောက်ျားနဲ့မိန်းမ စာမူ ကို မူလစာရေးသူ အား အသိပေးခြင်း မရှိ၊ စာရေးသူကလောင် အမည် ထည့်သွင်း ပေးခြင်းမရှိပဲ ထည့်သွင်း သုံးစွဲခဲ့ပါတယ်။ ထုတ်ဝေရေး ဘက်မှ ထိုကဲ့သို့သော အွန်လိုင်းမှ စာမူများကို ကာယကံရှင်အား အသိပေးခြင်း မရှိပဲ ပုံနှိပ်ဖော်ပြနေသည်မှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။ ယခုကိစ္စတွင်လည်း မူလစာမူရှင်၏ နစ်နာမှုကို ဖြစ်ပေါ်စေသဖြင့် အွန်လိုင်းစာရေးသူ များ၏ မူပိုင်ခွင့်ကို ကာကွယ်ပေးရန် ဆိုသော ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်း ထားသော မြန်မာအွန်လိုင်း စာရေးသူများ အသင်း (Myanmar Online Writers Association) မှ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ထိုမဂ္ဂဇင်းတိုက်သို့ သွားရောက် အသိပေး ခဲ့ပါတယ်။

အွန်လိုင်းမှ စာရေးသူ အပေါင်းတို့ခင်ဗျာ…

ထိုကဲ့သို့ အွန်လိုင်းမှ စာမူများ ပြည်တွင်း မဂ္ဂဇင်း ဂျာနယ်များတွင် မူလစာရေးသူ အား အသိပေးခြင်း မရှိပဲ ပုံနှိပ်သုံးစွဲ ခြင်း၏ မူရင်း ပြဿနာမှာ အွန်လိုင်းစာဖတ်သူ တချို့မှ အချင်းချင်း Forward Mail များ ပို့သည့်အခါ မူရင်း စာရေးသူ (သို့မဟုတ်) မူရင်း ၀က်ဘ်ဆိုက် လိပ်စာကို ဖော်ပြပေးခြင်းမရှိ ကျင့်ဝတ် ပိုင်းဆိုင်ရာ စောင့်ထိန်း လေးစားမှု မရှိခြင်း များကြောင့် ဖြစ်ရကြောင်း တွေ့ရှိရပါတယ်။

အွန်လိုင်းမှ စာရေးသူ အပေါင်းတို့ခင်ဗျာ…

အွန်လိုင်းတွင် ဖြစ်စေ၊ ပြင်ပတွင် ဖြစ်စေ စာမူတစ်ပုဒ် ရေးသား ဖို့အတွက် ကြိုးစား အားထုတ်ရခြင်းသည် မလွယ်ကူကြောင်း စာရေးသူများ အသိဖြစ်ပါတယ်။ ကျွန်တော်တို့ အွန်လိုင်းမှ ရေးနေသူများဟာ မိမိရေးသားသော စာမူအတွက် စာမူခ ရနေသူများ မဟုတ်ကြပါ။ ထို့အပြင် အွန်လိုင်းမှ ရေးသားသော သူများကိုလဲ အပြင် စာနယ်ဇင်း တချို့မှ အထင်မြင်လွဲမှား နေတတ်ကြပါတယ်။ ကျွန်တော်တို့ မိမိ၏ ကိုယ်ပိုင်ဆိုက်များ ပေါ်တွင်ရေးသား နေခြင်းများဟာ ကိုယ်ပိုင် ၀ါသနာ အရရေးသား နေကြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စာရေးသားခြင်းသည် မည်သည့်အကျိုး အမြတ်ကိုမှမျှော်ကိုး ရေးသားနေခြင်း မဟုတ်ပဲ မိမိစရိတ်ဖြင့် မိမိ ရေးသား နေခြင်း ဖြစ်ပြီး ၀ါသနာ အရလည်းကောင်း၊ အသိပညာ ဖြန့်ဝေပေးစေချင်သည့် ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ပြည်တွင်း စာပေလောကသို့ ၀င်ရောက်နိုင်ရန် အခက်အခဲများ ရှိနေခြင်း၊ (ဥပမာ- စာရေးသူသည် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေခြင်း) များကြောင့် အွန်လိုင်းပေါ်တွင် ရေးသား နေကြခြင်း ဖြစ်ပါတယ်။

သို့ပါ၍ အထက်ပါကိစ္စကဲ့သို့သော အလားတူ အွန်လိုင်းမှ စာမူများ အခွင့်မရှိပဲ စာမျက်နှာများပေါ်တွင် ပုံနှိပ် ဖော်ပြထားသည်ကို တွေ့ရှိပါက mowa.admins[at]gmail.com သို့ဆက်သွယ်၍ အကြောင်းကြား ပေးကြပါရန်နှင့် အွန်လိုင်း သုံးစွဲသူများ အနေနှင့်လည်း Forward Mail များ ပေးပို့သည့်အခါ မူရင်း ကလောင်ရှင်၏ အမည်နှင့် လိပ်စာကို ထည့်သွင်း ပေးပို့ ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ထို့အတူ အွန်လိုင်းစာရေးသူများ အနေနှင့်လည်း ထိုကဲ့သို့သော အသိပေးခြင်းမရှိပဲ စာမူများ ကူးယူ သုံးစွဲခြင်းများကို ကန့်ကွက်ပေးကြပါရန် နှိုးဆော် အသိပေး အပ်ပါတယ်။
မြန်မာအွန်လိုင်းစာရေးသူများအသင်း (Myanmar Online Writers Association)
myanmaronlinewriters.ning.com

ဒါနဲ့အတူ တစ်ဆက်တည်း ပြောချင်တာကတော့ ဘလော့ဂ်ရေးတဲ့သူတွေ Creative Commons ကို ထည့်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။ စာဖတ်တဲ့သူတွေလည်း အဲဒီ လိုင်စင်ရဲ့ သဘောကို နားလည်နိုင်ဖို့ လေ့လာသင့်ကြောင်း အကြံပြုပါတယ်။

တော်ကီ

Let’s prepare to Wave

Google Wave

Google ကြီးကတော့ လုပ်လာပြန်ပါပြီ။ Google Wave တဲ့။ Google Map ကို ဖန်တီးလိုက်တဲ့ ဆစ်ဒနီ ဂူဂဲလ်ရုံးအခြေစိုက် ညီအစ်ကို ၂ဦးကနေ နောက်ထပ် တီထွင်မှုတစ်ခုပါ။ Google Wave ဟာ Ajax programming language ကို အခြေခံထားပြီးတော့ web communication တွေဖြစ်တဲ့ email message, instant message, rich-text document တွေကို တစ်နေရာထဲမှာ ပေါင်းစပ်ဖို့ပါပဲ။ တနည်းပြောရရင် စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ အခြား products တွေကို တစ်နေရာထဲမှာပဲ ၂ဦးတည်းဖြစ်စေ၊ group လိုက်ဖြစ်စေ ပြောနိုင် ဆွေးနွေးနိုင်မှာပါ။ လက်ရှိကတော့ စမ်းသပ်နေဆဲဖြစ်ပြီး ဒီနှစ် နှောင်းပိုင်းမှာ ထွက်ရှိဖို့ ကြိုးစားနေပါတယ်။ အခြား developers တွေကိုလဲ ပါဝင်ဖို့ ဖိတ်ခေါ်နေပါတယ်။ ဂူဂဲလ်ဟာ အခုနောက်ပိုင်းမှာ web လောကရဲ့ နေရာ တော်တော်များများကို နေရာယူလာတာ တွေ့ရပါလိမ့်မယ်။ ဥပမာ YouTube မှာ၊ 4shared မှာ နဲ့ အခြားနေရာတော်တော်များများမှာ Google account တစ်ခုရှိရုံနဲ့ အဆင်ပြေပြေလုပ်လို့ရတယ်။ Comment တစ်ခုမှာတောင် ဖတ်လိုက်ရတယ်။ Google ဟာ အင်တာနက်ကမ္ဘာရဲ့ Wal-Mart ဖြစ်ဖို့ ကြိုးစားနေတယ်တဲ့။ ဟုတ်ပါတယ်။ Google အကောင့် တစ်ခုရှိရင် တော်တော်များများ အဆင်ပြေနေတာကိုး။ ဘာပဲပြောပြော Google ဟာ သူ့ရဲ့ application တွေကို free လည်းပေးသုံးတယ်၊ အကောင်းဆုံးဖြစ်အောင်လည်း လုပ်ထားတဲ့အတွက် ဒီ Wave ဟာလည်း ကျွန်တော်တို့ကို အင်တာနက်ပင်လယ်ထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း စီးမျောစေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ အဲဒီတော့ အသုံးပြုလို့ရမယ့်ရက်ကို သိရှိနိုင်ဖို့ Google Wave မှာ sign-up လိုက်ထားရအောင်ဗျာ။ နောက်မှ သတိရတယ်။ ကိုးနတ်ရှင် စိတ်ဆိုးနေရင်တော့ မလွယ်လောက်ဘူးလို့။ အော် သူများ free ပေးတာတောင်မှ လွတ်လွတ်လပ်လပ် သုံးမရတာ ရင်နာတယ်။

How it works

A Wave is purported to improve on e-mail and instant messaging in several ways:

  • The structure of the threaded, email-like conversations is more versatile - adding real-time, collaborative editing and in-line discussion.
  • Participants in a 'Wave' can opt for a setting in which others can see what they are typing in real-time, allowing for faster collaboration.
  • A message can be edited collaboratively as a dynamic document, with changes logged in a wiki-like fashion and reviewed via a "playback" feature.
  • Google Gears can be used to create a real-time experience for sharing attachments such as photos within a Wave. Google intends to develop capabilities to attach video and audio files with similarly low latency.
  • Easy to publish to external sources - by adding a blog site as a participant in the Wave conversation, an external blog can automatically publish any content created in the Wave (presumably via RSS) in real-time. Comments on the blog site can also appear in the Wave client in real-time.

What is a wave?

A wave is equal parts conversation and document. People can communicate and work together with richly formatted text, photos, videos, maps, and more.

A wave is shared. Any participant can reply anywhere in the message, edit the content and add participants at any point in the process. Then playback lets anyone rewind the wave to see who said what and when.

A wave is live. With live transmission as you type, participants on a wave can have faster conversations, see edits and interact with extensions in real-time.

Credit to:

1. http://www.itnews.com.au/News/104332,google-waves-goodbye-to-e-mail.aspx

2. http://mashable.com/2009/05/28/google-wave/

3. http://www.mysteryzillion.org/forums/showthread.php?t=4247 (you need MZ account to access)



တော်ကီ