Tuesday, 21 July 2009

1000 words

ဒီနေ့ခေတ်မှာ ဘယ်ကိစ္စမှာမဆို ကြော်ငြာဟာ အဓိကပါ။ စားသောက်ကုန် ပစ္စည်း အစ အ၀တ်အထည်အလည်၊ ကလေးကစားစရာအဆုံး နေရာတကာ ကြော်ငြာချည်းပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အသင်းအဖွဲ့အစည်းတွေကလည်း ကိုယ့်အဖွဲ့အတွက် ရန်ပုံငွေရအောင်၊ လူသိများအောင်၊ ကြော်ငြာကြရတာပါပဲ။ တီဗီမှာမှာလည်း ကြော်ငြာလေးကောင်းရင် ဇာတ်ကားက ၀င်ရှုပ်ပြီ။ စာအုပ်တွေ ဂျာနယ်တွေထဲမှာလည်း မနေဘူး။ နောက်ဆုံး အင်တာနက်စာမျက်နှာတွေထိပါကို တွေ့နေရတော့တယ်။ ဒီအထဲမှာမှ အိုင်ဒီယာ ကောင်းကောင်းနဲ့ တင်ပြပြီး လူစိတ်ဝင်စားအောင် ဖန်တီးနိုင်တဲ့ ကြော်ငြာလေးတွေ မျှဝေချင်ပါတယ်။ အိုင်ဒီယာဆိုတာကလဲ လိုသကိုးဗျ။

အလင်းရောင်ရှိလျှင် မီးပိတ်ပါဆိုတာထက် ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ [link]
သွားကောင်းလိုက်ပုံများ 6လဆာများ သုံးထားသလားမသိ [link]

Yoga ကျင့်ကြဦးမလား။ [link]
အပျင်းပြေဆော့ဖို့တော့မဟုတ်ဘူးထင်တယ်။ [link]
နားကျပ်နဲ့ စတိုင်ထုတ်မယ် [link]
ဒါမျိုးနားကျပ်တော့ မ၀ယ်ဗျာ [link
မနက်မိုးလင်းရင် Nestcafe လေးနဲ့မှ [link
ခရီးသွားနေပါတယ်ဆိုမှ ခရီးသွားဖို့ ကြော်ငြာနဲ့လာတွေ့နေရသေးတယ် [link]
ကျွန်တော့်ရဲ့ ဆံပင်ပုံစံသစ် [link]  
Sony ပြောင်းသုံးကြည့် ပေါ့သလားမမေးနဲ့ [link]
အရင်ခံစားကြည့်ပေါ့ ဟိုမှာ ဒီထက်ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ် [link
တစ်ခါထဲပါ ဟုတ်လား။ (ကွမ်းသီးလေသံဖြင့်)ခုတော့ ဘယ်ရတော့မှာလဲ [link]
ဆေးကောင်းလိုက်ပုံများ [link]

 ဒီရက်ပိုင်းတော့ စာသိပ်မဖတ်ဖြစ်သေးတာနဲ့ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ်။ :) တခြားမှာ ရှိသေးတယ်ဆိုရင် မျှဝေပေးကြပါဦး။

တော်ကီ

Sunday, 19 July 2009

Commemoration of 19th July

အာဇာနည်နေ့ ။ အများသူငှာ ဘယ်လိုဘယ်နည်းနဲ့ ဖျောက်ဖျက်လို့ မေ့လျော့သွားမယ့် နေ့ မဟုတ်ပါဘူး။ ဟိုး အရင်တုန်းကလို ဥသြဆွဲတာတွေ မလုပ်တော့ပေမယ့် လူတိုင်း ရင်ထဲမှာ ဒီအဖြစ်ဆိုးအကြောင်းကို တွေးမိတိုင်း တမြေ့မြေ့ သတိရ ခံစားနေကြမှာပါပဲ။ အောက်မေ့ဂုဏ်ပြုပွဲတွေ လုပ်တဲ့ပုံ ကွာခြားလာတာကလွဲလို့ အားလုံး ရင်ထဲမှာ တစ်သားထဲ ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။

အခုတော့ ပုံစံတွေပြောင်းလို့ ကိုယ်တတ်နိုင်တဲ့ ဘလော့ဂ်ပေါ်ကနေပဲ အောက်မေ့တမ်းတတဲ့ အကြောင်းတွေ ကိုယ်စီကိုယ်ငှ ရေးကြတာပဲ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် Bus ကားအားလုံး နိုင်ငံတော်အလံတွေ ကားတိုင်းမှာ ချိတ်ပြီးတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ် လုပ်တာကို မှတ်မိနေသေးတယ်။ နယ်တွေမှာဆိုရင်လည်း ကျွန်တော်ငယ်ငယ်ကအထိ အိမ်တိုင်းနီးပါး အလံတွေ လွှင့်ထူလို့။ အခုနောက်ပိုင်းတော့ မလုပ်တဲ့အိမ်တွေ ပိုများလာသလိုပဲ။ အလိုလိုနေရင်း နီးရာဓါးပဲ ကြောက်နေကြရတာကိုး။ ဒီလို ဒုက္ခဆိုးတွေအောက်ကပဲ အမြန်ဆုံး လွှတ်မြောက်ပါစေလို့ပဲ ၀ိုင်းဆုတောင်းကြရင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့်တကွ လွပ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို ခေါင်းဆောင်တွေကို ဦးညွတ်အလေးပြုလိုက်ပါတယ်။

သီချင်းတွေ တင်ချင်တာ ကော်နက်ရှင်ကြောင့် မတင်ဖြစ်သေးပါဘူး။ မိုးမခ နဲ့ အာဇာနည် ဘလော့ဂ်မှာ သီချင်းတော်တော်များများ နားဆင်နိုင်ကြောင်း အသိပေးလိုက်ပါတယ်။ Template ပြောင်းတာလေးနဲ့ပဲ ကျေနပ်လိုက်ရတယ်။ Fontတွေ ပုံတွေ ကျွန်တော်စက်မှာ အဆင်ပြေပေမယ့် တခြားစက်တွေမှာ အဆင်မပြေတာရှိခဲ့ရင် cbox မှာ ပြောထားပေးပါခင်ဗျာ။

PS: ကြယ် ၉လုံးဟာ အာဇာနည်ခေါင်းဆောင် ၉ ဦးကို ရည်ရွယ်ပါတယ်။ ကို ကောင်းကင်ကို ပြောသလို ကြယ်တွေ ပြိုင်တူ လင်းနိုင်တဲ့နေ့ကို အမြန်ဆုံးရောက်ဖို့ မျှော်လင့်ရင်း ...။

တော်ကီ