လူတိုင်းမှာ အနှစ်သက်ဆုံးကဗျာတစ်ပုဒ်တော့ အနည်းဆုံးရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကဗျာဆိုတာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ အရာတစ်ခုဖြစ်ပြီး လူ့နှလုံးသားကို အရည်ဖျော်ပစ်နိုင်စွမ်းရှိလို့ပါပဲ။ အဲသလိုပဲ ပုဂံစစ်ချီတေး၊ စစ်တိုက်တေးတွေမှာ စပ်ခဲ့တဲ့ ကဗျာတွေဆိုရင်လည်း စိတ်ဓါတ်မြှင့်တင်ရေးအနေနဲ့ စပ်ဆိုခဲ့ကြပါတယ်။ အဓိကပြောချင်တာကတော့ ကဗျာဆိုတာ ဖတ်တဲ့သူတွေရဲ့ စိတ်ဓါတ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ ကဗျာဆရာကလည်း စာဖတ်တဲ့သူ၊ ပတ်ဝန်ကျင်ကလူတွေကို မမေ့သင့်တဲ့အချက်၊ သိသင့်တဲ့ အချက်တွေကို သတိပေးတဲ့သဘောနဲ့ ကဗျာတွေကို စပ်ခဲ့ကြတယ်။ အဲဒီကဗျာတွေအများကြီးထဲကမှာ ကျွန်တော်အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ ကဗျာတစ်ပုဒ်ကို ပြောပြေချင်ပါတယ်။ ကဗျာဆရာကတော့ ခေတ်စမ်းစာပေကို စတင်ခဲ့တဲ့ ဆရာ ဇော်ဂျီပါပဲ။ သင်သေသွားသော် တဲ့။
When You Are Dead and Gone
In this human existence, in this human world,
T'is natural that one ages, falls ill and dies.
Nevertheless, when you are dead and gone,
Your birthplace, your land,
should have remained improved.
Your national language and literature
should have remained enhanced.
The temple where you pray and share your merit.
The torch of knowledge and the light of truth
should have remained a - glitter
Poet Zaw Gyi
Translated to English by U Thet Tun
မြန်မာလိုကတော့ ကျွန်တော်ဆီမှာ မရှိပါဘူး။ စာဖတ်သူဆီမှာ ရှိခဲ့မယ်ဆိုရင် မျှဝေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဆရာဇော်ဂျီပြောတဲ့အတိုင်း အဝေးတစ်နေရာမှာ ရောက်နေရင်ဖြစ်ဖြစ်၊ မွေးရပ်မြေနဲ့ ခွဲနေရတဲ့သူတွေ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ကို အခြေအနေမြင့်အောင် မြှင့်တင်ပေးခဲ့တဲ့နေရာတွေ (ဥပမာ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလိုမျိုး) မှာ တစ်ခုခု ပြန်ပြီး အကျိုးပြုပေးနိုင်ရင် ကောင်းမယ်။ ကျွန်တော်ကတော့ ခုထိ ဘာမှ လုပ်မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ပေါ့လေ အနည်းဆုံး စိတ်ကူးထဲမှာတော့ ထည့်ထားပါတယ်။ တစ်နေ့မှာတော့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးပေါ့။ အစ်ကို အစ်မတွေရော ဘယ်လိုသဘောရပါသလဲ။
ဆက်ဖတ်ရန်: သင်သေသွားသော် (၂)
|
Post a Comment