Tuesday 14 April 2009

သင်္ကြန်ဆုတောင်း

ကြီးမြတ်သော မဟာသင်္ကြန်အခါသမယတွင် အများသူငါလို ရေသဘင်ပွဲ နွဲမပျော်ရရှာသူများ အဝေးတစ်နေရာမှာ တစ်ယောက်တည်း ရှိနေသော်ငြားလည်း အကြောင်းကြောင်းကြောင့် ပျော်ရွှင်နိုင်ပါစေကြောင်း နှစ်သစ်မပြောင်းခင် တောင်းဆုခြွေအပ်ပါသည်။ တောင်းဆုပြည့်ပြီးသကာလ နောင်နှစ် နောင်နှစ်များတွင်လည်း ဤအဖြစ်မျိုး ကွင်းဝေးနိုင်စေပြီး လာမည့် သင်္ကြန်ပွဲများစွာကိုလည်း နှစ်ကိုယ်တူ ယှဉ်နွဲပျော်ရွှင်နိုင်ပါစေဟုလည်း ထပ်လောင်း ဆုမွန်ကောင်း တောင်းအပ်လိုက်ရပါသည် လေးစားချစ်ခင်ရပါသော အဲ ကိုယ့်ဘာသာကိုယ် နာမ်စားတစ်ခုခုထည့်လိုက်တော့ဗျာ ဆက်မရေးတတ်တော့ဘူး။ အဲဒီအထဲက အဖြစ်က ကျွန်တော်ကိုယ်တိုင်ဖြစ်နေလို့ပဲ။ အာရုံရမှ post card ပုံစံလေး လုပ်ကြည့်ဦးမယ်။

ပျော်ရွှင်ဖွယ်နှစ်သစ်ကို စိတ်သစ်လူသစ်ဖြင့် ပြဿနာအဟောင်းအသစ်များကို ဆက်လက်ဖြေရှင်းနိုင်ဖို့ ခွန်အားအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေဗျာ။

တော်ကီ

မှတ်ချက်။ ။ ခရီးလွန်နေပါသဖြင့် သင်္ကြန်ဆုတောင်းကို အကျနေ့မှ တင်နိုင်ပါသည်။

|


Post a Comment