Friday 24 April 2009

လူသုံးများတဲ့ Webware ၁၀၀




အင်တာနက်ကို ဘာလို့များ ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ အဖြေက ရှင်းပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေကို အချိန်ပေးရင် ပေးနိုင်သလောက် ရရှိနိုင်လို့ပါပဲ။ ကျွန်တော်တို့လို နည်းပညာ ငတ်တဲ့သူတွေကလည်း အင်တာနက်ပေါ်မှာ တွေ့သမျှ စိတ်ဝင်စားတဲ့ နည်းပညာတွေ၊ software တွေနဲ့ အခြား အခြားသော application တွေကို တတ်စွမ်းသလောက် သင်ယူကြပါတယ်။ အဲဒီလိုပဲ နည်းပညာတွေကို မျှဝေသူတွေကလည်း ကိုယ့်နည်းပညာတစ်ခုကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက် အသုံးပြုသူတွေ ရှေ့မှောက်အရောက် သူ့ထက်ငါ အပြိုင်အဆိုင် နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတာပေါ့။ လူသုံးများလေ ကိုယ့်အတွက် အကျိုးအမြတ်လည်း ရှိလေကိုး။ ဒါကြောင့်မို့လို့ နေရာတစ်နေရာ ရအောင် အသစ်အသစ်သော နည်းပညာတွေကို တီထွင် ဖန်တီးနေကြတာပါ။ ဒါ့အပြင် နည်းပညာပေးတဲ့ application တွေတင် မကတော့ပဲနဲ့ အသုံးပြုသူတွေ လိုအပ်ချက်အလိုက် အခြားသော အကြောင်းအရာပေါင်းစုံ၊ ရသပေါင်းစုံ ပေးနိုင်တဲ့ application တွေပါ ရှေ့တော်မှောက်ကို ရောက်ရှိလို့လာပါပြီ။ ဒီလိုနဲ့ အင်တာနက်ပေါ်မှာ သုံးတဲ့ application (Webware) တွေဟာ ရာထောင်ပေါင်းများစွာ ဖြစ်လာပါတယ်။ ဒီလိုဆိုရင် အများကြီးထဲကနေ အကောင်းဆုံးကို ရွေးချယ်အသုံးပြုရတာ့မှာပေါ့။ ဘယ်လိုရွေးကြမလဲ။ စိတ်မပူပါနဲ့။ CNET website ကနေ ဦးဆောင်ပြီးတော့ နယ်ပယ်အသီးသီးက လူအသုံးများဆုံး web application ၃၀၀ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အသုံးပြုသူတွေ ရွေးချယ်နေကြပါပြီ။ ကျွန်တော်တို့အသုံးပြုတဲ့ google ရဲ့ product တွေကတော့ မပါမဖြစ်ပေါ့ဗျာ။ ဒီလို ရွေးချယ်တာဟာဆို ၂၀၀၇ ခုနှစ်က စခဲ့တာဖြစ်ပြီးတော့ ၂၀၀၉ ခုနှစ်မှာတော့ ရွေးချယ်နိုင်စရာ အသစ်တွေလည်း ပါဝင် လာတာတွေ့ရမှာပါ။ ဒီနှစ်အတွက် ဘယ်လိုမျိုး application တွေ ရွေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

• Audio and music: Music streaming and download, podcasting, audio book services, recommendation systems.
• Browsing: Tools to access online content, including browsers, start pages, RSS readers, widgets, and runtime engines
• Commerce: Retail, auctions, marketplaces, travel, event tickets, and real estate
• Communications: E-mail, chat, voice
• Infrastructure and storage: Web app platforms and tools; online storage and synchronization products
• Location-based services: Mapping, friend finders, business locators, geographic services (new category for 2009)
• Photo and video: Photo storage, sharing, and editing; video storage, playback, streaming, editing, and animation
• Productivity: Tools for work and organization
• Search and reference: Data and ways to find it; search tools and knowledge repositories like wikis
• Social and publishing: Social networking, shared online environments, content management, blogging, and micro-blogging
• Editors' awards: To be announced, but these will include awards for up-and-coming products, design, innovative use of technology, and so on.

ကိုယ်ကြိုက်တဲ့၊ ကိုယ်သုံးတဲ့ application တွေကို မဲပေးနိုင်သလို အခြားကိုယ်မသိသေးတဲ့ မြောက်များစွာသော နာမည်ကြီး application တွေလည်း သိလာနိုင်တဲ့အတွက် သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်လို့ April ၃၀ မတိုင်မီ ၀င်ရောက်ကြည့်ရှုနိုင်ဖို့ အသိပေးလိုက်ပါတယ်။ မမီလိုက်လို့ရှိရင်လည်း ဘယ် application တွေက ပရိသတ်က ပေးတဲ့ နံပါတ် ၁ဖြစ်မလဲဆိုတာ May ၁၉ ရက်နေ့မှာ ကြေငြာပေးမှာမို့ သွားဖြစ်အောင် သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သွားရောက် ရွေးချယ်ဖို့ နေရာကတော့ CNET website မှာပါ။

တော်ကီ

|


Post a Comment