
နောက်ထပ် မုန်တိုင်းတစ်ခု မြန်မာပြည်ကို ဦးတည်နေတယ် ဆိုပါလား။ BIJLI အမည်ရှိ မုန်တိုင်းငယ်တစ်ခုဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့တောင်နားမှာ ဖြစ်ပေါ်နေပါတယ်။ နောက် ၇၂ နာရီအတွင်းမှာတော့ မြန်မာပြည်နယ်နမိတ်ထဲကို ရောက်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုမုန်တိုင်းကတော့ ပြီးခဲ့တဲ့ နာဂစ် မုန်တိုင်း (Catagory 4) အဆင့်လောက်ထိ မပြင်းထန်နိုင်ပါဘူးလို့ ခန့်မှန်းထားတယ်။ အခုချိန်မှာတော့ လေတိုက်နှုန်းက တစ်နာရီကို ၄၅-၅၀ ကီလိုမီတာ အတွင်းမှာရှိနေပါတယ်။ နောက်ဆက်တွဲ ထူးခြားသတင်းတွေ တင်ပေးပါဦးမယ်။ ရန်ကုန်က ဒေါက်တာထွန်းလွင်ကတော့ ဘယ်တွေဘယ်လို ကြေငြာထားလဲတော့ မသိရသေးပါဘူး။ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ရာ အသိပေးအပ်ပါတယ်။
Source:
TSR-Indian
Business Line
http://vnbaolut.com/myanmar.html
US Navy (JTWC)
RSMC - New Delhi
နောက်ဆက်တွဲ ၁
BIJLI ဆိုတာ Urdu ဘာသာစကား (spoken in Pakistan and some Indian ppl) လျှပ်စီး (lightning) လို့ခေါ်တယ်လို့ သိရပါတယ်။၁၇၊ ၁၈ နှစ်သစ်ကူးရက်တွေမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အလယ်ပိုင်းဒေသတွေထိအောင် ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အလယ်ပိုင်းဒေသတွေမှာတော့ မိုးအုံ့နေပြီး မုန်တိုင်းလက္ခဏာရှိနေတယ်လို့ ပြောပါတယ်။
နောက်ဆက်တွဲ ၂

Source: Navy/NRL Tropical Cyclone Page
နောက်ဆက်တွဲ ၃

|
Post a Comment