Friday 22 May 2009

Wolframalpha

အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ ခုရက်ပိုင်းမှ စတင်လိုက်တဲ့ Wolframalpha ကို အကြီးအကျယ် သဘောကျနေတယ်ဗျာ။ မသိသေးဘူးဆိုရင် အဲဒါက ဘာတွေလုပ်ပေးသလဲဆိုတာ ကြည့်ကြည့်ရအောင်။

A few things to try:
• enter any date (e.g. a birth date) june 23, 1988
• enter any town (e.g. a home town) new york
• enter any two stocks IBM Apple
• enter any calculation $250 + 15%
• enter any math formula x^2 sin(x)
• enter any two first names andrew, barbara
• enter any food 1 apple + 2 oranges
• enter any measurement 45 mph
• enter any chemical formula H2SO4
• enter any musical notes C Eb G C

နေ့စွဲတစ်ခုကို ရိုက်ထည့်ကြည့်ပါ။ ကိုယ့်မွေးနေ့ဖြစ်ဖြစ်ပေါ့။ အဲဒီနေ့ရဲ့ အသေးစိတ်ကို ခင်ဗျားရဲ့ တည်နေရာအလိုက် ပြောပေးလိမ့်မယ်။ နေထွက်ချိန်၊ နေ၀င်ချိန်ကအစ ထင်ရှားတဲ့ နှစ်ပတ်လည်ပွဲအလယ် အခုလက်ရှိရက်နဲ့ ဘယ်နှစ်ရက်ကွာတယ်ဆိုတာအဆုံး ပြောပေးလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ရှေ့ဖြစ်ကိုပါ ပြောပေးဦးမှာပါ။
မြို့နာမည်တစ်ခု၊ နိုင်ငံနာမည်တစ်ခုရိုက်လိုက်ရင်လည်း Encyclopaedia တစ်ခုလို အားကိုးရတဲ့အပြင် လက်ရှိရောက်နေတဲ့ နိုင်ငံနဲ့ ကိုယ်ရှာတဲ့ နိုင်ငံရဲ့ ငွေလဲနှုန်းကိုပဲ နှိုင်းယှဉ်ပေးဦးမှာပါ။ ဒါအပြင် လက်ရှိ မိုးလေ၀သကိုလည်း သိနိုင်ပါတယ်။
လူနာမည်ကိုရိုက်လိုက်ရင်လည်း အဲဒီလူရဲ့ မွေးသက္ကရာဇ်၊ မွေးတဲ့နေရာ၊ time line ကိုလည်းဖော်ပြပေးမှာပါ။ သေသွားတဲ့လူနာမည်ကို ရိုက်လိုက်ရင်တော့ ဘယ်နေရာမှာ သေသွားတယ် ဘယ်တုန်းက သေသွားတယ်ဆိုတာကိုပါ မြင်ရပါလိမ့်မယ်။ ကျွန်တော်ရှာကြည့်တဲ့လူကတော့ အတော်ကို ကြိုးစားတာတွေ့ရတယ်။ အသက်က ၇၆ ကျော်ပြီ။ ထိုင်ရာမထ အလုပ်လုပ်ချင်တုန်း။ အလုပ်ကို အတော်ချစ်တယ်ဆိုတာ သိရတယ်။
ကုမ္ပဏီ နာမည်၂ခုထည့်ရှာရင်တော့ (Microsoft Apple) နှိုင်းယှဉ်ချက်တွေကို တွေ့ရမှာပါ။ ဒါတင်ပဲလား။ မဟုတ်သေးပါဘူး။ အပေါင်းအနှုတ် အတွက်အချက်တွေ လုပ်လို့ရတယ်။ Chemistry formula တွေ၊ Science ထူးခြားချက်တွေ၊ ကမ္ဘာ၊နေ နဲ့ လတို့ လက်ရှိရောက်နေတဲ့ အနေအထားတွေကို ကြည့်လို့ရပါသေးတယ်။ ဒါ့အပြင် ဂစ်တာနုတ်တွေကိုလည်း အသံနဲ့တကွ ပြောထားတာမို့ လေ့လာချင်သူတွေအတွက်တော့ အထူးအသုံးဝင်မှာပါ။
ထူးခြားတာတစ်ခုကတော့ အသီး၂မျိုးကို ရိုက်ထည့်လိုက်ရင်ကတော့ ( 1 apple + 2 oranges) ပါဝင်တဲ့ calories တွေ၊ vitamin ပမာဏတွေကို ဖော်ပြေပေးမှာပါ။ အစားအသောက်ကို တိုင်းစားတတ်တဲ့သူတွေ အတွက်ကတော့ ကိုယ်စားတဲ့ ပမာဏကို အချိန်မကုန်စေပဲ သိနိုင်မှာပါ။ Firefox Addon ကိုထည့်ထားတယ်ဆိုရင်ကတော့ Google သုံးတဲ့အခါ search result နှစ်ခုကို နှိုင်းယှဉ်လို့ရပါသေးတယ်။ ဒါပေမယ့် Google က website ကို အဓိကထားရှာတာဖြစ်ပြီး Wolfram|Alpha ကတော့ Computational Knowledge ကို ရှာပေးမှာ ဖြစ်ပါတယ်။ အခြားသော စိတ်ဝင်စားစရာတွေလည်း ပြောမကုန်အောင် ရှိတာမို့ ကိုယ်တိုင်သွားရောက်နိုင်ဖို့ရာအတွက် လမ်းညွှန်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကိုယ့်စက်အတွက် toolbar တွေ၊ Gadget တွေကိုလည်း download လုပ်နိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါတယ်။ ပျော်ရွှင်စွာ လေ့လာနိုင်ကြပါစေ။
တော်ကီ

PS: Google မှာလည်း ရာသီဥတုတွေ၊ အတွက်အချက်တွေ၊ ငွေလွှဲနှုန်းတွေ သိနိုင်ပါတယ်။

ဥပမာ။ Singapore weather လို့ ရိုက်လိုက်ရင်စင်ကာပူနိုင်ငံရဲ့ မိုးလေ၀သ ကြိုတင်ခန့်မှန်းချက်တွေ ပေါ်လာမှာပါ။

1 USD in SGD ဆိုရင်ကတော့ အမေရိကန် ၁ဒေါ်လာတန်ဖိုးနဲ့ ညီတဲ့ စင်ကာပူငွေကို သိနိုင်မှာပါ။
အတွက်အချက်ကတော့ လွယ်လွယ်ကူကူပဲ တွက်လို့ရတာမို့ မပြောတော့ပါဘူး။ အသုံးဝင်တာလေးတစ်ခု ပြောချင်ပါတယ်။ သက်ဆိုင်သူတစ်ယောက် မြန်မာပြည်ပြန်တာ လေယာဉ်ဘယ်အချိန်ထွက်တာလဲ ရန်ကုန်ကိုရော ဘေးကင်းရန်ကင်းရောက်ရဲ့လား။ အဲသလိုပဲ ရန်ကုန်ကနေလာမယ်ဆိုလည်း လေယာဉ် ဘယ်အချိန်ဆိုက်မလဲ လေယာဉ် ထွက်သွားပြီလားဆိုတာ ထိုင်ရာမထ သိနိုင်ဖို့ တစ်ခုပဲ လိုပါတယ်။ လေယာဉ်အမှတ် (flight no) ဖြစ်ပါတယ်။ Google Search မှာ MI 511 ဆိုပြီး ရှာလိုက်ရင် ဒီနေ့ ၂၂ရက်မှာ ရန်ကုန်ကနေ စင်ကာပူကို မနက် ၁၀:၁၀ မိနစ်မှာထွက်မှာဖြစ်ပြီးတော့ ဆိုက်ရောက်ခန့်မှန်းချိန်ကတော့ စင်ကာပူ စံတော်ချိန် ညနေ ၂:၄၅ ဆိုတာတွေ့ရမှာပါ။ Delay ဖြစ်သလား၊ ထွက်သွားပြီလား ဆိုတာကိုလည်း သိနိုင်ပါတယ်။ မသွားခင်မှာ ကြိုမယ့်သူ၊ အိမ်ကလူတွေကို flight no ပြောထားလိုက်ရင် စိတ်ပူစရာ နည်းနည်း သက်သာသွားပါလိမ့်မယ်။ အဆင်ပြေပါစေ။

|


Post a Comment