Thursday 2 July 2009

ဝက်ပျံ

PigletPiglet

ပြီးခဲ့တဲ့လ ၁၂ရက်နေ့ကပါ။ FM Radio station တစ်ခုကနေ စတန့်ထွင်ပြီး ၀က်ပေါက်ကလေးကို မိုးပျံပူပေါင်း အလုံး ၂၀၀ ကျော် ချည်နှောင်ခဲ့ပါတယ်။ အကြောင်းကတော့ swine flu ကို ရည်ရွယ်ပြီး swine (၀က်) ကလေးကို မိုးပေါ်လွှတ်ဖို့ကြိုးစားပြီး ရန်ပုံငွေ ရှာတာပါ။ ဒါကိုမြင်တဲ့ သူတွေကနေ RSPCA ( Royal Society for the Prevention of Cruelty to Animals) ကို အကြောင်းကြားလိုက်ပါတယ်။ ၀က်ကလေးဟာ အရမ်းပဲ ဒုက္ခခံစားနေရတယ်လို့ တိရိစ္ဆာန်ကာကွယ်ရေး အဖွဲ့ကပြောပေမယ့် Radio station တာဝန်ရှိသူတွေကတော့ ဒါဟာ ရန်ပုံငွေအတွက် အပျော်လုပ်တာဖြစ်ပြီး ၀က်ကလေးကလဲ အဆင်ပြေပါတယ်လို့ တုန့်ပြန်သွားပါတယ်။ ဒီလုပ်ရပ်အတွက် radio station က တာဝန်ရှိသူတွေ အရေးယူခံရဖို့ ရှိနေပေမယ့် ရန်ပုံငွေ ၈၀၀၀ ကျော် ရရှိခဲ့တယ်လို့ Queensland ဆေးရုံကဆိုပါတယ်။

Swine-Flu သတင်းက ရန်ကုန်မှာ ပြန်ကြားလာရလို့ တင်ပေးလိုက်တာပါ။ Swine-flu ကာကွယ်ဖို့နည်းတစ်ချို့ကိုတော့ မပင့်ဂိုလ်းဆီမှာ သွားဖတ်လို့ရပါတယ်။

swine-flu
Credit to Nine news
Photo Credit to Lisa Barry

တော်ကီ

|


Post a Comment