Saturday 25 July 2009

ကိုယ်ဖော့သူ

အလိုက်သင့် ဖော့နေ
ရေစီးကြောင်းမှာ
အသာ
သူမျှော။

ဟော
ကမ်းအကွေ့
ရေစီးကြေင်း ဝေ့အီ
မြစ်ကျိုးအင်းဆီ။

နောက်တစ်နေ့
အဲဒီ မြစ်ကျိုးအင်း ရေသေထက်
ပက်လက်ပေါလော
မျော
ဖောယောင် ပွယောင်း
အလောင်း တစ်လောင်း။

ပြည့်ဖြိုးသီ
စာပေဂျာနယ်

|


Post a Comment