Wednesday 29 July 2009

Free calls to SG and other 7 countries


မဂဿငလာပါ။ အင်တာနက်ကနေ နိုင်ငံတကာကို ဖုန်းခေါ်ဆိုလို့ရမယ့် နေရာတစ်ခုကို ညွှန်းဆိုချင်ပါတယ်။ နိုင်ငံတကာလို့ဆိုရာမှာ ယူအက်စ်၊ ကနေဒါ၊ တရုတ်၊ စင်ကာပူနဲ့၊ ဟောင်ကောင် နိုင်ငံတွေက အိမ်ဖုန်း၊ လက်ကိုင်ဖုန်း ၂မျိုးလုံးကို ခေါ်ဆိုနိုင်ပြီးတော့ ယူကေ၊ ထိုင်ဝမ်နဲ့ အော်ဇီနိုင်ငံတွေက အိမ်ဖုန်းတွေကို ခေါ်လို့ရမှာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဖို့ လိုအပ်ချက်
၁။ မြန်နှုန်းအသင့်အတင့်ရှိတဲ့ အင်တာနက်
၂။ Software and account from Mediaring (both are FOC)
၃။ ခေါ်ဆိုရမယ့် ဖုန်းနံပါတ်ပေါ့ဗျာ :)

အကောင့်တစ်ခုအရင်ဆုံးလုပ်မယ်။ ပြီးရင် လိုအပ်တဲ့ software ကိုဒေါင်းမယ်။ ပြီးရင်တော့ login ၀င်ပြီး ခေါ်ဆိုလို့ရပါပြီ။ ဖုန်းခလား ၃၀ ရက် ၉လပိုင်း ၂၀၀၉ အထိ ဖရီးပေးထားမှာပါ။ (Promotion တွေလည်း ထပ်တိုးပေးတတ်ပါတယ်) အကောင့်အသစ်လုပ်ပြီး အမြန်ဆုံး ကြိုးစားကြည့်ပါဦး။ အသေးစိတ်ကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

PS: VoIP ကို (ကျွန်တော်သိသလောက်) လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီးတော့ အသုံးပြုမှုများပြားလာခဲ့ပါတယ်။ အဓိကအကြောင်းကတော့ ဖုန်းခေါ်စရိတ် သက်သာစေဖို့အတွက် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ အခွင့်သင့်ရင် VoIP အကြောင်း ရေးမယ် စိတ်ကူးမိတယ်။ တခြား ဒီလို VoIP services တွေကတော့ အားလုံးသိပြီးဖြစ်တဲ့ gtalk, skype, pfingo နဲ့ အခြား နေရာများစွာရှိပါတယ်။ မြန်မာလိုဆိုရင် Bamartalk ဆိုတဲ့ service တစ်ခု ရှိတယ်။ ဈေးနှုန်းကတော့ မြန်မာပြည်ကြိုးဖုန်းကိုခေါ်ချင်ရင် 18c/min တဲ့။ သုံးတော့ မသုံးဖူးဘူး။ Valentine's day တွေမှာတော့ ဖရီးပေးတယ်လို့ ရေးထားပါတယ်။ အဆင်ပြေပြေ ဆက်သွယ်နိုင်ကြပါစေ။ :)

တော်ကီ

Saturday 25 July 2009

ကိုယ်ဖော့သူ

အလိုက်သင့် ဖော့နေ
ရေစီးကြောင်းမှာ
အသာ
သူမျှော။

ဟော
ကမ်းအကွေ့
ရေစီးကြေင်း ဝေ့အီ
မြစ်ကျိုးအင်းဆီ။

နောက်တစ်နေ့
အဲဒီ မြစ်ကျိုးအင်း ရေသေထက်
ပက်လက်ပေါလော
မျော
ဖောယောင် ပွယောင်း
အလောင်း တစ်လောင်း။

ပြည့်ဖြိုးသီ
စာပေဂျာနယ်

Thursday 23 July 2009

ကလေးအတွေး


ရုံးပိတ်ရက်မှာ အနားယူမယ်စိတ်ကူးနေတုန်း ၆ နှစ်အရွယ် သမီးလေးက သံပုရာရည်ဆိုင်ကလေး ဖွင့်ချင်တယ်ပြောလာပါတယ်။ အလုပ်နားရက်မို့လို့ သံပုရာရည် ကူမရောင်းချင်တာနဲ့ သံပုရာရည် ဖျော်ချင်ရင် ပိုက်ဆံ ဘယ်လောက်ကုန်မယ့်အကြောင်း၊ ခွက်စတဲ့ တခြား တိုလီမုတ်စ ပစ္စည်းတွေ လိုမည်ဖြစ်တဲ့အကြောင်း ပြောပြီး သမီးကို နားချလိုက်တယ်။ ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ သမီးကတော့ လုပ်ချင်တယ်ပဲ နားပူနာဆာ ပြောပြီး ကျွန်တော်ကို အနိုင်ယူသွားပါတယ်။

ဒါနဲ့ သူကို အလျော့ပေးပြီး သမီးရဲ့ ပထမဆုံး လုပ်ငန်းလေးစဖို့ ပြင်ရပါတော့တယ်။ နောက်ပြီးတော့ သမီးလေးကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့အတွက် ပိုက်ဆံရေတွက်နည်း၊ စီးပွါးရေး အခြေခံနည်းလေးတွေ သင်ပေးဖို့ အခွင့်ကောင်းပဲ မဟုတ်လား။

ကျွန်တော်တို့ နှစ်ယောက် တစ်ထိုင်ထဲမှာပဲ အလုပ်အတွက် လိုအပ်မယ် အစီအစဉ်တွေ ဆွဲလိုက်ကြတယ်။ မကြာပါဘူး။ သမီးလေးက ကျွန်တော် သင်ဖို့ကြိုးစားပြီး ရေးထားတဲ့ ပိုက်ဆံယူပုံတွေ၊ ကုန်ကျတဲ့အရင်းအနှီးနဲ့ ပြန်ရမယ့် ငွေ စာရင်း ကိုကြည့်ရင်းပြောတယ်။


ဖေဖေကလည်း သမီးတို့ အိမ်နီးနားချင်းတွေက အရမ်းသဘောကောင်းတာ။ သူတို့ကို ဖျော်ရည်အလကား တိုက်ရမှာပေါ့ ။


သမီးလေးက ကျွန်တော်တွေးမထားတဲ့ဘက်ကနေ လွှတ်ခနဲ ပြောလိုက်တယ်။ ဒီတစ်ခါလဲ လိုက်လျောလိုက်ရတာပါပဲ။ ကျွန်တော်ရေးထားတဲ့ အစီအစဉ်လေးကတော့ မလိုတော့ဘူး။ သံပုရာရည်ဆိုင်လေးရဲ့ ရည်ရွယ်ချက်က ချက်ခြင်းပြန်ပြောင်းသွားတယ်။ သမီးလေးက စာရေးပြီး ဆိုင်းဘုတ် လေးလုပ်လိုက်တယ်။ ကျွန်တော်ဇနီးကတော့ သမီးအတွက် ဖျော်ရည်ဖျော်တဲ့နေရာမှာ ကူပေးနေတာပေါ့။
ဆိုင်လေးထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ သမီးလေးက ဆင်ဝင်နားက အိုးထဲမှာ စိုက်ထားတဲ့ ပူစီနံအခက်လေးတွေ ချိုးလာတယ်။ နောက် ပြောသေးတယ်။

ပူစီနံအခက်လေးတွေ အပိုလက်ဆောင်အနေနဲ့ သံပုရာရည်ထဲ ထည့်လို့ရမလား ဖေဖေ တဲ့။

ထုံးစံအတိုင်းပါပဲ။ သူ့အလိုအတိုင်းပေါ့။ သမီး အိုင်ဒီယာလေးတွေနဲ့ ပြင်ဆင်လိုက်တာ တနင်္ဂနွေမနက်မှာတော့ ဆိုင်ကလေးဖွင့်ဖို့ အသင့်ဖြစ်သွားပြီ။
ဆိုင်ဖွင့်ပြီး မကြာခင်မှာပဲ ဆိုင်အကြောင်းကို ကြားထားတဲ့ အိမ်နီးနားချင်းတစ်ယောက် ပထမဆုံး ပြား၅၀ ကိုင်ပြီး ရောက်လာပါတယ်။ သံပုရာရည် တစ်ခွက်တဲ့။ ပြား ၅၀ ဆိုတာ မူလ ရောင်းမယ်ဆိုတဲ့ ဈေးထက် တစ်ဝက်တိတိ များနေတယ်လေ။
အလကားတိုက်တာပါ ဆိုပြီး သမီးက ပြန်ပြောတယ်။
ရပါတယ်သမီးရယ် ... အန်တီက သမီးအတွက် ပေးတာ ဆိုပြီး ပြား၅၀ ထားသွားတယ်။
ပိုက်ဆံလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရာကနေ စားပွဲပေါ်က ခွက်လေးထဲကို ထည့်ထားလိုက်တယ်။ (တခြားသူတွေလည်း မြင်နိုင်တာပေါ့)။
မကြာပါဘူး။ နောက်ထပ် အားပေးမယ့် အိမ်နီးနားချင်းတွေ ထပ်ရောက်လာတယ်။ ကိုယ်စီကလည်း အနည်းဆုံး ပြား၅၀ဆီ ပေးသွားကြတယ်။ ကားတွေ ဖြတ်သွားရင်လည်း သမီးက အကြီးအကျယ် ခုန်ပေါက်ပြီးတော့ “သံပုရာရည် အလကားတိုက်နေတယ်နော်” လို့ ကားတွေရပ်မလားအထင်နဲ့ ပြောရှာတယ်။ ဒါပေမယ့် ကားအများစုကတော့ ဆက်မောင်းသွားကြတယ်။ နောက်ဆုံးမှာတော့ ကားတစ်စီးရပ်ပြီး သံပုရာရည် တစ်ခွက်အတွက် ပိုက်ဆံ ၃ ကျပ်တောင် ပေးပြီး အားပေးသွားတယ်။ ကျွန်တော် အစီအစဉ်အတိုင်း ၂၅ ပြားနှုန်းတွက်ရင် ၁၁၀၀ ရာခိုင်နှုန်းကျော်တောင် ရနေပြီ။ နေလည်းစောင်းရော သမီးရဲ့ အလကားတိုက်တဲ့ သံပုရာရည်ဆိုင်ကလေးကနေ ၈ ကျပ်ဖိုးတောင် ရောင်းရတော့ သမီးက အော်ဟစ် ခုန်ပေါက်နေတော့တာပေါ့။ အားလုံးပြီးတဲ့နောက်မှာတော့ ကျွန်တော်ရဲ့ ပထမအစီအစဉ်ဟာ သမီးနဲ့ အံမကိုက်တာကို သိလိုက်ရသလို ကျွန်တော်အတွက် ဈေးကွက်နဲ့ပတ်သတ်ပြီး သိလိုက်ရတာတွေ အများကြီးပါပဲ။

သံပုရာရည်ဆိုင်ကလေးကနေ ကျွန်တော်သိလိုက်တဲ့ အချက် ၉ချက်ကတော့ ဒီမှာပါပဲ။

၁။ တစ်ချို့အရာတွေကို အလကားလုပ်ပေးလို့ ရတာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒီအတွက် ဝယ်သူတွေဆီကနေ တန်ဖိုးထားတတ်မှု ပြန်ရလိမ့်မယ်။
ခင်ဗျား လူတစ်ယောက်ကို ကူညီတဲ့အခါ အဲဒီကူညီမှုကနေ အပြန်အလှန်နားလည်မှုနဲ့ဆိုတာကို ဖန်တီးပေးပါလိမ့်မယ်။ Web designer တစ်ယောက်အနေနဲ့ ကိုယ့်ဘလော့ဂ်မှာ တန်ဖိုးရှိမယ့် အကြံဉာဏ်ကောင်းတွေကို မျှဝေပေးပါ။ ဆွေးနွေးဝိုင်း (forum) တွေမှာလည်း ဒီဇိုင်နာမဖြစ်သေးတဲ့ တက်သစ်စ လူငယ်လေးတွေကို အကူအညီပေးလိုက်ပါ။ အိုင်ဒီယာတွေရှိရင်လည်း twitter မှာပဲဖြစ်ဖြစ် မျှဝေပေးလို့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက်ရာမှာမက သင့်ရဲ့ အဖိုးတန် အလုပ်အပ်မယ့်သူတွေနဲ့ ဆက်ဆံရေးလည်း တိုးတတ်လာပါလိမ့်မယ်။

၂။ အဖိုးတန် အလုပ်ရှင်တွေကို လည်း မျှဝေပေးဖို့ မမေ့ပါနဲ့။
အခပေး version ကို လွယ်လွယ်ကူကူ ပြောင်းလဲလို့ရမယ့် Free template တွေကို မျှဝေပေးပါ။ သင့်ရဲ့ ဖန်တီးနိုင်မှု စွမ်းအားကို ပြသတဲ့အနေနဲ့ ကြော်ငြာပုံကလေးတွေ၊ logo နဲ့ graphic ပုံလေးတွေ မျှဝေပေးပါ။ ကောင်းကောင်းလေး ဖန်တီးဖို့တော့ လိုပါလိမ့်မယ်။ အခြေခံပေးထားတဲ့ ပုံကလေးတွေကို သဘောကျရင် အသုံးပြုသူတွေက အခပေးပြီး upgrade လုပ်ဖို့ ၀န်မလေးပါဘူး။

၃။ “အထူး အပိုလက်ဆောင်” ဖြစ်နေပါစေ။
သံပုရာရည် ချည်းပဲ မပေးလိုက်ပါနဲ့။ ပူစီနံခက်ကလေးရော ထည့်ပေးလိုက်ပါ။ လုပ်ငန်းနဲ့ ပါတ်သတ်ပြီး တစ်ခုခု လုပ်တော့မယ်ဆိုရင် အပိုဆောင်းပြီး လုပ်ပေးလိုက်ပါ။ အသုံးပြုသူက ဒါကို သတိထားမိပါလိမ့်မယ်။ သင့်ဆီကို နောက်တစ်ကြိမ်လာပြီး အားပေးယုံမက တခြားသူတွေကိုပါ တဆင့် ကြော်ငြာပေးလိမ့်ပါဦးမယ်။

၎။ သင့်ပတ်ဝန်းကျင်ကို ပြောဖို့ မကြောက်ရွံ့ပါနဲ့။
ကျွန်တော်သမီး ပထမဆုံး လုပ်တဲ့အချက်က ဆိုင်ဖွင့်ဖွင့်ပြီးချင်း ဘေးအိမ်က မိသားစုကို သွားပြောတော့တာပဲ။ သူ့အတွက် သံပုရာရည်ရပြီးတဲ့နောက်မှာ သူကနေတဆင့် တခြား အိမ်နီးနာချင်း ၂ယောက်ကို ထပ်ပြီး အကြောင်းကြားလိုက်ပါတယ်။ အဲဒီ ၂ယောက်ကလည်း မုန့်ဖိုးကိုယ်စီပေးသွားကြပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ လုပ်ငန်းအကြောင်းကို သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဘက်တွေကို ပြောဖို့ ကြောက်ရွံ့မနေပါနဲ့။ သူတို့ကနေတဆင့် ဖောက်သည်အသစ်တွေ တိုးမလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

၅။ လူအာရုံစိုက်ဖို့ မြင်သာထင်သာအောင် လုပ်ပါ။
ဆိုင်းဘုတ်ကလေးနဲ့ကတော့ မလုံလောက်ပါဘူး။ ကျွန်တော်သမီးက ဖြတ်သွားဖြတ်လာ ကားတွေကြားအောင် သံပုရာရည် အလကားတိုက်နေတယ်နော် လို့ ခုန်ပေါက်ပြီး အော်တဲ့အချက်ရှိပါတယ်။ ဒီနည်းက နည်းနည်းပိုတယ်ထင်ရပေမယ့် နောက်ဆုံးမှာ အလုပ်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ခင်ဗျာရော... ခင်ဗျားလုပ်ငန်းအကြောင်းကို ဘယ်လို အော် နေလဲ။

၆။ ဇွဲရှိပါ။
ကားတော်တော်များများက မရပ်ဘဲ ဆက်မောင်းသွားကြပေမယ့် သမီးကတော့ လက်မလျော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ့ ဝင်ငွေကို ၂ဆဖြစ်စေတဲ့ ကားတစ်စီး ရပ်ခဲ့တယ်လေ။

၇။ လက်ဦးမှု ရယူပါ (ကြိုတင် မျှော်လင့်ထားပါ)
ပထမဆုံး ဖောက်သည်က သမီးရဲ့ ဆိုင်ကလေးအကြောင်းကို ဖွင့်ဖွင့်ချင်း သိနှင့်နေပြီလေ။ သင့်ရဲ့ website ကို ရိုးရိုးပဲ မလွှင့်တင်လိုက်ပါနဲ့။ website တည်ဆောက်နေဆဲ ကာလမှာကတည်းက တခြားသူတွေကို ဒီအကြောင်း ပေးသိထားပါ။ ဥပမာ home page ပုံကလေးတင်ထားမယ်။ website အသင့်ဖြစ်တာနဲ့ အကြောင်းကြားနိုင်အောင် လုပ်ထားမယ်။ ဒီလိုဆိုရင် website တင်တင်ပြီးချင်းမှာပဲ လာရောက် လည်ပတ်သူတွေ ရှိနေမှာပါ။

၈။ အပေါင်းအသင်ကောင်းကို ရှာပါ။
အပေါင်းအသင်းဆိုတာ နေရာတကာမှာ အရေးပါ ပါတယ်။ ကျွန်တော်ရဲ့ သားငယ်ကလေးကတော့ သမီးအတွက်အပေါင်းအသင်းကောင်းမဟုတ်သေးပါဘူး။ သူက သံပုရာရည်သောက်ဖို့တစ်ခုပဲ စိတ်ဝင်စားတယ်လေ။ ဒါပေမယ့် သမီးရဲ့ သူငယ်ချင်းတွေကတော့ ကြော်ငြာအားကို ၂ဆဖြစ်စေဖို့ သမီးနဲ့အတူ ခုန်ပေါက်အော်ဟစ်နေတော့တာပေါ့။

၉။ သင့်အောင်မြင်မှုကို ကြော်ငြာပါ။
စားပွဲပေါ်က ပိုက်ဆံထည့်တဲ ခွက်ကလေး တဖြည်းဖြည်း ပြည့်လာတဲ့အခါ တခြားသူတွေကလည်း ပိုပြီး ပိုက်ဆံထည့်ဖို့ အားဖြစ်စေပါတယ်။ သင့်ရဲ့ အောင်မြင်မှုကို ကြော်ငြာဖို့ မကြောက်ဝံ့ပါနဲ့။ သင့် website မှာ ဒေါင်းလုပ် လုပ်သူအရေအတွက်၊ မှတ်ချက်ပေးသူ အရေအတွက်၊ အမြဲတမ်းဖတ်သူ အရေအတွက်တွေကို သင့်တော်တဲ့ နေရာမှာ ထားပါ။ ဂဏန်းတွေ တက်လာဖို့တော့ ကြိုးစားရမှာပေါ့။ (တစ်ယောက် ဘာသာပြန်ထားတာ တွေ့ဘူးတယ်။ မြန်မာ website တွေမှာ ကောင်တာတွေထည့်ကြတယ်တဲ့ ကောင်တာ နည်းနည်းပဲရှိတော့ website သိက္ခာကို ထိခိုက်လို့ မထည့်သင့်ဘူးပေါ့။ တကယ်တော့ အားလုံးက ၀ ကနေစတယ်ဆိုတာ သူမေ့နေလို့ထင်တယ်။)

ဒီဟာကို ဘာသာပြန်ဖို့ ကြိုးစားရာမှာ တောင်းပန်စရာရှိပါတယ်။

ပထမတစ်ခုကတော့ marketing ဆိုတာ ကျွန်တော် လုံးဝ နားမလည်တဲ့ အပိုင်းပါ။ အဲဒီတော့ မူရင်းအပေါ်မှာ နားလည်သလောက် ပြန်ထားတာမို့ ဘဝင်မကျတာရှိရင် ထောက်ပြပေးပါ။ ဆန္ဒရှိရင် မူရင်းနဲ့ တိုက်ဆိုင် ဖတ်ကြည့်ပေးပါ။ နောက်တစ်ခုကတော့ တစ်ချို့နေရာတွေမှာ သင့်တော်မယ့်ထင်ပြီး သွယ်ဝိုက်ပြန်ထားတာတွေ ရှိပါတယ်။ ဒီဟာကို ဖတ်နေရင်း အရင်တုန်းက ဖတ်ဖူးတဲ့ Fish! ဆိုတာကို သတိရမိတယ်။ အဲဒီစာအုပ်ထဲမှာလည်း motivation ကောင်းကောင်းလုပ်ဖို့ နည်းတွေ ရေးထားပါတယ်။ ဥပမာ Making their day စသဖြင့်ပေါ့။ ၀ယ်ယူသူ/အသုံးပြုသူ တွေကို ကိုယ်နဲ့ ဆက်ဆံတဲ့အခိုက်မှာ ကိုယ့်ဂွင်ထဲ ရောက်တဲ့အခိုက်မှာ နိုင်သလောက် ဖြတ်အုပ်/ဖြတ်တီး မလုပ်ဘဲနဲ့ တစ်ဖက်သူအတွက် စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ရင် အောင်မြင်နိုင်တယ်။ တနည်းအားဖြင့် customer ကျေနပ်သွားရင် သူတို့ရဲ့ နေ့ကို ကိုယ်လုပ်ပေးနိုင်တယ်ဆိုပြီး ကိုယ့်လုပ်ငန်း အောင်မြင်တယ်လို့ တိုင်းတာနိုင်ပါတဲ့။ ဘလော့ဂ်တစ်ခုမှာတောင် ဖတ်ဘူးပါတယ်။ Customer is the God တဲ့။ သူကတော့ customer ဘက်က မကျေနပ်တာတွေ ပေါက်ကွဲပြီး ရေးထားတာပါ။

ဒီပို့စ်ထဲမှာ web designer တစ်ယောက်က ရေးထားတာဖြစ်လို့ Marketing tools နဲ့ ပါတ်သတ်ပြီး website ဥပမာတွေပဲ ရှိပါတယ်။ ဒါပေမယ့် basic business principals ကတော့ သဘောတရား တူတူပဲ ဖြစ်မယ်ထင်ပါတယ်။

နောက်စဉ်းစားမိတာကတော့ ကလေးတွေကို အခွင့်အရေးပေးပုံပါ။ ကိုယ့်ဆီမှာကတော့ ကလေးဘ၀ကတည်းက လောင်းကစား၊ ပိုက်ဆံ၊ မတရားအလုပ်ခိုင်းစေမှု တွေနဲ့ ကြုံတွေ့ရတာများပါတယ်။ တခြားနိုင်ငံမှာလည်း ရှိတာဘဲဆိုတာကိုတော့ ခဏထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စဉ်းစားစရာလေး တစ်ခု ရသွားမယ်ဆို ရေးရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။ အချိန်ပေးပြီး ဖတ်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒီနေရာက ပို့စ်ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။


တော်ကီ

Tuesday 21 July 2009

1000 words

ဒီနေ့ခေတ်မှာ ဘယ်ကိစ္စမှာမဆို ကြော်ငြာဟာ အဓိကပါ။ စားသောက်ကုန် ပစ္စည်း အစ အ၀တ်အထည်အလည်၊ ကလေးကစားစရာအဆုံး နေရာတကာ ကြော်ငြာချည်းပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အသင်းအဖွဲ့အစည်းတွေကလည်း ကိုယ့်အဖွဲ့အတွက် ရန်ပုံငွေရအောင်၊ လူသိများအောင်၊ ကြော်ငြာကြရတာပါပဲ။ တီဗီမှာမှာလည်း ကြော်ငြာလေးကောင်းရင် ဇာတ်ကားက ၀င်ရှုပ်ပြီ။ စာအုပ်တွေ ဂျာနယ်တွေထဲမှာလည်း မနေဘူး။ နောက်ဆုံး အင်တာနက်စာမျက်နှာတွေထိပါကို တွေ့နေရတော့တယ်။ ဒီအထဲမှာမှ အိုင်ဒီယာ ကောင်းကောင်းနဲ့ တင်ပြပြီး လူစိတ်ဝင်စားအောင် ဖန်တီးနိုင်တဲ့ ကြော်ငြာလေးတွေ မျှဝေချင်ပါတယ်။ အိုင်ဒီယာဆိုတာကလဲ လိုသကိုးဗျ။

အလင်းရောင်ရှိလျှင် မီးပိတ်ပါဆိုတာထက် ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ [link]
သွားကောင်းလိုက်ပုံများ 6လဆာများ သုံးထားသလားမသိ [link]

Yoga ကျင့်ကြဦးမလား။ [link]
အပျင်းပြေဆော့ဖို့တော့မဟုတ်ဘူးထင်တယ်။ [link]
နားကျပ်နဲ့ စတိုင်ထုတ်မယ် [link]
ဒါမျိုးနားကျပ်တော့ မ၀ယ်ဗျာ [link
မနက်မိုးလင်းရင် Nestcafe လေးနဲ့မှ [link
ခရီးသွားနေပါတယ်ဆိုမှ ခရီးသွားဖို့ ကြော်ငြာနဲ့လာတွေ့နေရသေးတယ် [link]
ကျွန်တော့်ရဲ့ ဆံပင်ပုံစံသစ် [link]  
Sony ပြောင်းသုံးကြည့် ပေါ့သလားမမေးနဲ့ [link]
အရင်ခံစားကြည့်ပေါ့ ဟိုမှာ ဒီထက်ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ် [link
တစ်ခါထဲပါ ဟုတ်လား။ (ကွမ်းသီးလေသံဖြင့်)ခုတော့ ဘယ်ရတော့မှာလဲ [link]
ဆေးကောင်းလိုက်ပုံများ [link]

 ဒီရက်ပိုင်းတော့ စာသိပ်မဖတ်ဖြစ်သေးတာနဲ့ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ်။ :) တခြားမှာ ရှိသေးတယ်ဆိုရင် မျှဝေပေးကြပါဦး။

တော်ကီ

Sunday 19 July 2009

Commemoration of 19th July

အာဇာနည်နေ့ ။ အများသူငှာ ဘယ်လိုဘယ်နည်းနဲ့ ဖျောက်ဖျက်လို့ မေ့လျော့သွားမယ့် နေ့ မဟုတ်ပါဘူး။ ဟိုး အရင်တုန်းကလို ဥသြဆွဲတာတွေ မလုပ်တော့ပေမယ့် လူတိုင်း ရင်ထဲမှာ ဒီအဖြစ်ဆိုးအကြောင်းကို တွေးမိတိုင်း တမြေ့မြေ့ သတိရ ခံစားနေကြမှာပါပဲ။ အောက်မေ့ဂုဏ်ပြုပွဲတွေ လုပ်တဲ့ပုံ ကွာခြားလာတာကလွဲလို့ အားလုံး ရင်ထဲမှာ တစ်သားထဲ ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။

အခုတော့ ပုံစံတွေပြောင်းလို့ ကိုယ်တတ်နိုင်တဲ့ ဘလော့ဂ်ပေါ်ကနေပဲ အောက်မေ့တမ်းတတဲ့ အကြောင်းတွေ ကိုယ်စီကိုယ်ငှ ရေးကြတာပဲ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် Bus ကားအားလုံး နိုင်ငံတော်အလံတွေ ကားတိုင်းမှာ ချိတ်ပြီးတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ် လုပ်တာကို မှတ်မိနေသေးတယ်။ နယ်တွေမှာဆိုရင်လည်း ကျွန်တော်ငယ်ငယ်ကအထိ အိမ်တိုင်းနီးပါး အလံတွေ လွှင့်ထူလို့။ အခုနောက်ပိုင်းတော့ မလုပ်တဲ့အိမ်တွေ ပိုများလာသလိုပဲ။ အလိုလိုနေရင်း နီးရာဓါးပဲ ကြောက်နေကြရတာကိုး။ ဒီလို ဒုက္ခဆိုးတွေအောက်ကပဲ အမြန်ဆုံး လွှတ်မြောက်ပါစေလို့ပဲ ၀ိုင်းဆုတောင်းကြရင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့်တကွ လွပ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို ခေါင်းဆောင်တွေကို ဦးညွတ်အလေးပြုလိုက်ပါတယ်။

သီချင်းတွေ တင်ချင်တာ ကော်နက်ရှင်ကြောင့် မတင်ဖြစ်သေးပါဘူး။ မိုးမခ နဲ့ အာဇာနည် ဘလော့ဂ်မှာ သီချင်းတော်တော်များများ နားဆင်နိုင်ကြောင်း အသိပေးလိုက်ပါတယ်။ Template ပြောင်းတာလေးနဲ့ပဲ ကျေနပ်လိုက်ရတယ်။ Fontတွေ ပုံတွေ ကျွန်တော်စက်မှာ အဆင်ပြေပေမယ့် တခြားစက်တွေမှာ အဆင်မပြေတာရှိခဲ့ရင် cbox မှာ ပြောထားပေးပါခင်ဗျာ။

PS: ကြယ် ၉လုံးဟာ အာဇာနည်ခေါင်းဆောင် ၉ ဦးကို ရည်ရွယ်ပါတယ်။ ကို ကောင်းကင်ကို ပြောသလို ကြယ်တွေ ပြိုင်တူ လင်းနိုင်တဲ့နေ့ကို အမြန်ဆုံးရောက်ဖို့ မျှော်လင့်ရင်း ...။

တော်ကီ

Tuesday 14 July 2009

Who wants to listen MJ's songs again?

Michael
မိုက်ကယ်ဂျက်ဆင်ပရိသတ်တွေအတွက် သီချင်းတွေ ဒေါင်းလုပ် လုပ်ပေးပါ့မယ်။ Quality ကတော့ အနည်းဆုံး 256 kbps ပါ။ ဖိုင်ဆိုဒ်ပေါ်မူတည်ပြီး ၅ ပုဒ်ကနေ ၁၀ပုဒ်လောက်အထိ ဒေါင်းပေးပါမယ်။ ဒီလအတွက် limit က အဲသလောက်ပဲရှိလို့ပါ။ ထပ်လိုချင်သေးရင် နောက်လတွေမှာ ထပ်လုပ်ပေးပါ့မယ်။ ကွန်မန့်မှာ လိုချင်တဲ့သီချင်းနာမည် အော်ထားပေးပါ။ တိုးတိုးတိတ်တိတ်ပဲနော်။ :) ဆုံးသွားတာမကြာသေးတော့ ကော်ပီရိုက်ရှိသေးတယ်။

Tuesday 7 July 2009

Write-Protected 7 July

ရေးချင်ပေမယ့်လည်း ဒီအကြောင်းကို သေသေချာချာမသိ။ ကြားဖူးရုံတမယ်ပဲရှိခဲ့တယ်။ ဒီလိုနဲ့ ဖတ်ရင်း ဖတ်ရင်း နေရာစုံရောက်သွားတယ်။ ကဗျာတွေရှိတယ်။ စာတွေရှိတယ်။ ဓါတ်ပုံတွေရှိတယ်။ နောက်လူတွေသိနိုင်ဖို့ ရေးပေးတဲ့သူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ တကယ်တော့ သမိုင်းဆိုတာ write-protected လုပ်ထားသလို ပြင်လို့မရ၊ ဖျက်လို့မရပဲ မဟုတ်ပါလား။
ဖတ်စရာနေရာတွေ
၇ ဇူလိုင် အကြောင်းကို ပြောမယ်ဆိုရင် ပထမဆုံး အဲဒီခေတ်နိုင်ငံရေး အခြေအနေနှင့် ကျောင်းသားထု အခြေအနေများကို မိတ်ဆက် ပြမှသာလျှင် ပြည့်စုံပေလိမ့်မယ် [link]
တခါက မှတ်မှတ်ရရ ကိုယ်တို့အိမ်ရဲ့ ၀ရန်တာလေးမှာ အမေက ကုလားထိုင်လေးနဲ့ စာအုပ်ဖတ်နေတယ်။ ကိုယ်တို့တအိမ်လုံး အားလုံး တိုးတိုးတိတ်တိတ်ဖြစ်နေတာ ကလေးဖြစ်တဲ့ ကိုယ်တောင် ရိပ်မိနေတယ်။ ကိုယ်တို့အိမ်ရှေ့မှာ စစ်သား၀၀ကြီးတယောက်။ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာ။ [link]
"အေးချမ်းပြီး ချုပ်ခြယ်မှုကင်းတဲ့ "လွတ်လပ်တဲ့ ဘလော့ဂါ ရပ်ဝန်း" ကို ပိုင်ဆိုင်ချင်ကြတဲ့ ကိုလူထွေးတို့ ဘလော့ဂါ မောင်နှမတတွေ seven july လှုပ်ရှားမှု နှစ်ပတ်လည်ကို မမေ့မလျော့တဲ့ သတိနဲ့ အမှတ်တရ ရှိနေကြဖို့ ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်... " [link]
မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။ [link]
ဒီနေရာဟာ ကျမတို့ကျောင်းသားတွေအတွက် အရေးကြီးတဲ့ ဘ၀တစ်ခုပါ။
အဲဒီဘ၀တခုကို ကျမတို့ ဆုံးရှုံးခဲ့ရတာ.. ခုထိတိုင် ပြန်မရနိုင်သေး။ [link]
စိန်ပန်းပြာတွေကို လေးဆယ့်ခွန်နှစ်ကြိမ်မြောက် တမ်းတတဲ့ညမှာ
မင့်ကိုလည်း လွမ်းလိုက်ရပါရဲ့ “နှင်း”ရေ့... [link]
“ ညီမလေးက..ဒီ ခွပ်ဒေါင်း ရင်ထိုးလေးကို ဘာလို့ ထိုးထားတာလဲ..” [link]
၇ ဂျူလှိုင်ဟာ မြန်မာပြည်သူပြည်သားတွေ ၀မ်းနည်းကြေကွဲရတဲ့ တက္ကသိုလ်မြေ သွေးစွန်းခဲ့တဲ့ မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွင်း ဖျက်စီးခံခဲ့ရတဲ့နေ့ သမိုင်း အကျည်းတန်တဲ့ နေ့တနေ့ ဖြစ်တယ်။ [link]
သူမနဲ့ စတင်သိရှိခဲ့တာက ကျမရဲ့ သူငယ်ချင်းတယောက်နဲ့ ပတ်သက်ဆက်နွယ်ခဲ့သည်။ သူငယ်ချင်းကလဲ တော်တော့်ကို ခင်မင်ရတဲ့ လူ။ နောက် နိုင်ငံရေး လုပ်တာချင်းလဲ တူ၊ နိုင်ငံရေးမျိုးရိုးကလဲ ဖြစ်သူမို့ သူတန်ဖိုးထားမိတ်ဆက်ပေးတဲ့ သူမကို မြင်တာနဲ့ ခင်မင်ခဲ့ရသည်။ [link]
ကျွန်တော် မဖတ်ရသေးတဲ့ အခြားသော နေရာတွေမှာ ရှိနိုင်ပါသေးတယ်။ သီချင်းကလည်း အသိမ်းလွန်နေလို့ ရှာမတွေ့ဘူးဖြစ်နေတယ်။ မျှဝေပေးကြပါဦး။ link ယူထားတာကို ခွင့်ပြုမယ်ထင်ပါတယ်။ :)
တော်ကီ

Monday 6 July 2009

A drop in a blogsphere ocean (2)

တစ်နှစ်ကူးလို့သွားပြန်ပါပြီ။ မနှစ်က ဒီလိုအချိန်မှာ အမေ့အိမ်နဲ့ ဝေးနေခဲ့သလို ဒီနှစ်လည်း အမေ့အိမ်နဲ့ ဝေးနေဆဲပါပဲ။ ဒီနှစ်တော့ ပိုဝေးသွားတာကလွဲရင် သိပ်မပြောင်းလဲသလိုပဲ။ သိသိသာသာပြောင်းတာကတော့ အချိန်ပေးပြီး ပိုလည်နိုင်လို့ ဘလော့မိတ်ဆွေတွေ ပိုတိုးလာတာတစ်ခုပဲ။ အရင်တုန်းက နှစ်တိုင်းလိုလို မွေးနေ့ရောက်ရင် အမေ့အိမ်ကို ပြန်နေကြ။ မနှစ်ကစပြီး မပြန်ဖြစ်တာ ဒီနှစ်မွေးနေ့တော့ ပိုပြီးတော့ ဝေးပြီ။

မနှစ်ကလိုပဲ ဘလော့မွေးနေ့နဲ့ လူမွေးနေ့ ပေါင်းလုပ်လိုက်တယ်။ မနှစ်ကရေးတော့ မှတ်မှတ်ရရ comment တစ်ခုရတယ်။ ကိုtayzar44 ဆီကပါ။ ဒါပေမယ့် comment setting အပြောင်းအလဲကြောင့် ပျက်သွားခဲ့ရတယ်။ အရင်တုန်းက မွေးနေ့တွေတိုင်း သူငယ်ချင်းတွေကို သီချင်း CD လုပ်ပေးနေကျအတိုင်း ဒီနှစ်လည်း သီချင်း ၁၀ ပုဒ် စုထားတယ်။ ပုံ ၁၀ ပုံ တိုးလာတယ်။ လုပ်ချင်တာကတော့ ကိုပီကေတုန်းကလို ရေးထားတဲ့ စာတွေစုပြီး pdf လေးနဲ့ လက်ဆောင်ပေးချင်တယ်။ ဒါပေမယ့် ထုတ်စရာ စာကမရှိ :) ။ ပုံတောင်မှ forward mail ကနေရလို့ ပြန်တင်ပေးလိုက်တာပါ။ သီချင်းလေးတွေတော့ ကြိုက်မယ်ထင်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦး။ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။ လာရောက် လည်ပတ်တဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ၊ အစ်မတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ လိုအင်ဆန္ဒ ပြည့်ဝပါစေ။

မွေးနေ့ကလည်း ဒီနှစ်မှ ၀ါဆိုလပြည့်နဲ့တိုက်နေတော့ ဟိုမှာသာဆိုရင် ဆိုတဲ့စိတ်က ဖိဆီးနေတယ်ဗျာ။ အစီအစဉ်ကတော့ ဘယ်သူ့ကိုမှလည်း အရင်နှစ်တွေလို ဘာမှ မကျွေးဖြစ်ဘူး။ နေ့ချင်းပြန် ခရီးထွက်ဖြစ်မယ်။ ဓါတ်ပုံလျှောက်ရိုက်မယ်။ ဒါလောက်ပါပဲ။ Thanks you all.

Talkii - a drop in a blogosphere ocean.

Ice-cramIce-cramဖာလူဒါပဲပြုတ်နံပြားကြေးအိုးလက်ဖက်အကြောက်စုံဆီချက်ခေါက်ဆွဲကောက်ညင်းပေါင်းရွှေရင်အေး

Thursday 2 July 2009

ဝက်ပျံ

PigletPiglet

ပြီးခဲ့တဲ့လ ၁၂ရက်နေ့ကပါ။ FM Radio station တစ်ခုကနေ စတန့်ထွင်ပြီး ၀က်ပေါက်ကလေးကို မိုးပျံပူပေါင်း အလုံး ၂၀၀ ကျော် ချည်နှောင်ခဲ့ပါတယ်။ အကြောင်းကတော့ swine flu ကို ရည်ရွယ်ပြီး swine (၀က်) ကလေးကို မိုးပေါ်လွှတ်ဖို့ကြိုးစားပြီး ရန်ပုံငွေ ရှာတာပါ။ ဒါကိုမြင်တဲ့ သူတွေကနေ RSPCA ( Royal Society for the Prevention of Cruelty to Animals) ကို အကြောင်းကြားလိုက်ပါတယ်။ ၀က်ကလေးဟာ အရမ်းပဲ ဒုက္ခခံစားနေရတယ်လို့ တိရိစ္ဆာန်ကာကွယ်ရေး အဖွဲ့ကပြောပေမယ့် Radio station တာဝန်ရှိသူတွေကတော့ ဒါဟာ ရန်ပုံငွေအတွက် အပျော်လုပ်တာဖြစ်ပြီး ၀က်ကလေးကလဲ အဆင်ပြေပါတယ်လို့ တုန့်ပြန်သွားပါတယ်။ ဒီလုပ်ရပ်အတွက် radio station က တာဝန်ရှိသူတွေ အရေးယူခံရဖို့ ရှိနေပေမယ့် ရန်ပုံငွေ ၈၀၀၀ ကျော် ရရှိခဲ့တယ်လို့ Queensland ဆေးရုံကဆိုပါတယ်။

Swine-Flu သတင်းက ရန်ကုန်မှာ ပြန်ကြားလာရလို့ တင်ပေးလိုက်တာပါ။ Swine-flu ကာကွယ်ဖို့နည်းတစ်ချို့ကိုတော့ မပင့်ဂိုလ်းဆီမှာ သွားဖတ်လို့ရပါတယ်။

swine-flu
Credit to Nine news
Photo Credit to Lisa Barry

တော်ကီ