ကိုးတန်း ၊ ဆယ်တန်းလောက်တုန်းက စာအုပ်စင်ကို ပြန်မွှေ ကြည့်လိုက်တော့ ကျွန်တော့်ရင်ထဲ အတိတ်ပန်းရနံ့တွေ ပျံ့နေတယ်။
အကယ်လို့များ
ဘ၀ဆက်ဆက်ဆိုသော
သံသရာကြီးသည်
အကယ်ပင် ရှိလေငြားအံ့
ယင်းသံသရာကြီးကို ကျွန်ုပ် ကြိုဆိုလိုပါ၏ ။
နောင်တမလွန်ဘ၀သည် ဧကန် ရှိနေသည်ဖြစ်အံ့
ယင်းဘ၀သို့ ကျွန်ုပ် ရောက်လို၏ ။
အကယ် တန္တု တစ်ခုခုသော
ဘ၀သစ်တစ်ဆက်တွင်
ကျွန်ုပ်၏ ချစ်သူကို
တွေ့ရမည်ဖြစ်အံ့
ယင်းဘ၀သို့ ကျွန်ုပ် အရောက်သွားမည် ။
|
Post a Comment