အရင်ပို့စ်မှာ copyright ဘာကြောင့် လိုသလဲဆိုတာကို ပြောပြီးသွားပြီ။ ဒီတစ်ခါတော့ copyright ရဲ့ သဘော သဘာဝအကြောင်းကို ဆက်ပါမယ်။
What does copyright protect?
စာပေ (literary work) နှင့်ဆိုင်သော အရာများ
- စာစောင်၊ မဂဿဂဇင်း ဆောင်းပါး၊ သီချင်းစာသား၊ reports၊ ဒိုင်ယာရီ၊ မှတ်တမ်းမှတ်ရာများ၊ စတဲ့ စာပေနဲ့ဆိုင်တဲ့ အရာမှန်သမျှကို literary ခေါင်းစဉ်အောက်မှာ ထားရှိပါတယ်။ ကွန်ပျူတာ programs တွေကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထားပါတယ်။
အနုပညာ (artistic work) နှင့်ဆိုင်သော အရာများ
- ပန်းချီ အမျိုးမျိုး၊ ကာတွန်း၊ ပန်းပု၊ ရုပ်ထု၊ ဗိသုကာပညာရပ်ဆိုင်ရာ အဆောက်ဦပုံများ၊ ဓါတ်ပုံ၊ မြေပုံနှင့် ဆိုင်သောပုံများ
ပြဇာတ် (dramatic work) နှင့်ဆိုင်သော အရာများ
- ဘဲလေးအက၊ ပြဇာတ်၊ ဇာတ်ထုပ်
သီချင်း (musical work) နှင့်ဆိုင်သော အရာများ
- အသံသွင်းထားသော သီချင်း နှင့် တေးဂီတ
ရုပ်ရှင် ရိုက်ကူးရေး (cinematograph work) နှင့်ဆိုသော အရာများ
- ဖလင်တွင်ပါရှိသော အရုပ် အသံများ၊ (စာသားနှင့် အသံတို့ကို အထက်တွင်ဖှောပြထားသော ဆိုင်ရာခေါင်းစဉ် အောက်တွင် ထည့်သွင်းထားပါသည်)
အသံသွင်း (sound redordings) ခြင်းနှင့်ဆိုင်သော အရာများ
- တေးဂီတ သို့မဟုတ် တေးသရုပ်ဖှော ဇာတ်လမ်း ဆိုင်ရာများ
ရုပ်သံလွှင့် (broadcasts) ခြင်းနှင့် ဆိုင်သော အရာများ
- တီဗီ ၊ ရေဒီယို မှ အသံလွှင့်မှုများသည် အထက်တွင်ပါရှိသော အသံ၊ ရုပ်ရှင် များတွင် မပါဝင်ဘဲ သီးခြား ခေါင်းစဉ်အောက်တွင် ရှိပါသည်။
ပုံနှိပ်ထုတ်ဝေသော (published editions) အရာများ
- ပုံနှိပ်ထုတ်ဝေသူများတွင်လည်း စာပေ၊ အနုပညာ ခေါင်းစဉ်များအောက်တွင် မရှိပဲ သီခြားတည်ရှိပါသည်။
ထိုသို့ဆိုလျှင် အထက်ပါ (အသံ၊ စာပေ၊ ရုပ်ရှင် စသဖြင့်) ခေါင်းစဉ်များနှင့်ဆိုင်သော မူရင်း၊ကိုယ်ပိုင် ( original) ဖြစ်သည့် မည်သည့်အရာကို မဆို copyright က ကာကွယ်ပေးနိုင်ပါလိမ့်မည်။ မူရင်း၊ ကိုယ်ပိုင်ဆိုသည်မှာ အခြားမည်သည့် နေရာကမျှ တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကူးယူထားခြင်း မရှိသော အရာကို ဆိုလိုပါတယ်။
ဒီနေရာမှာ တစ်ခု သတိပြုစရာရှိလာပါတယ်။ ဘာလဲဆိုတော့ ပစဿစည်း တစ်ခုဟာ copyright တစ်မျိုးထက်ပိုပြီး ရှိနိုင်တယ်ဆိုတာပါပဲ။ ဥပမာ။ ။ သီချင်း စီဒီတစ်ခုမှာဆိုရင် စာသားက လိုင်စင်တစ်မျိုး၊ အသံက လိုင်စင်တစ်မျိုး ပါရှိနိုင်ပါတယ်။ အဲသလိုပဲ ဗီဒီယို စီဒီ၊ ဒီဗီဒီတွေမှာလည်း ရုပ်သံ၊ စာသားတွေတင်မကပဲ သီချင်းတွေ၊ ပြသခွင့်စတဲ့ သီခြားလိုင်စင်တွေ ရှိနိုင်ပါတယ်။
What is copyright notice?
The copyright notice consists of the symbol ©, followed by the name of the copyright owner and the year of first publication: for example, “© Gus O’Donnell 1968”. For sound recordings, the letter “P” (for phonogram) in a circle or in brackets is used instead of the “C” in a circle.
Blogger.com ရဲ့ footer မှာ တစ်ချက်ကြည့်လိုက်ရအောင်။ Copyright © 1999-2009 ဆိုပြီး ရေးထားတာ တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် All rights reserved. လို့လဲ တစ်ချို့ဆိုဒ်နေရာတွေမှာ တွေ့ဖူးပါလိမ့်မယ်။ သဘောကတော့ အဲဒီဆိုဒ်မှာ ရှိတဲ့ ပုံတွေ၊ စာတွေကို ယူသုံးချင်ရင် သတိထားရမယ့်၊ လိုက်နာရမယ့် အချက်တွေ ရှိတယ်ဆိုတာကို သတိပေးတာပါ။ ကိုမောင်လှရဲ့ ဓါတ်ပုံဆိုဒ်ကိုလည်း သွားကြည့်ရအောင်။ Mg Hla © 2009 ဆိုပြီး ပုံတွေပှေါမှာ ရေးထားတာကို တွေ့ရပါလိမ့်မယ်။
ဒီလောက်ဆိုရင် copyright notice ဟာ ဘာလဲဆိုတာကို အကြမ်းဖျင်း သဘောက်ပေါက်နိုင်ပါပြီ။ Copyright notice မှာပါဝင်တာတွေကို ဆက်ကြည့်ရအောင်။ © ဆိုတဲ့ သကေဿငတ၊ ဖန်တီးထားတဲ့ ပစဿစည်းကို စတင်အသုံးပြုတဲ့ ခုနှစ်၊ သက်ဆိုင်ရာအမည် စတာတွေ ပါတာတွေ့ရပါတယ်။ သကေဿငတကတော့ အထူးပြောစရာမရှိပါဘူး။ သကဿကရာဇ်ကိုတော့ စတင်အသုံးပြုချိန်မှစပြီး မူလ product ကိုနောက်ထပ် အသစ်ထည့်သွင်း/ပြင်ဆင်ခဲ့လို့ရှိရင် ခုနှစ်အဟောင်းကို မပြင်ဘဲနဲ့ အနောက်ကနေ ခုနှစ်အသစ် ထည့်သွင်းဖှောပြတာကို တွေ့ရပါတယ်။ အပှေါမှာရေးထားသလို ၁၉၉၉-၂၀၀၉ ဆိုတာမျိုးပါ။ နာမည်နေရာမှာလည်း ကိုယ့်အလုပ်ဟာ ကုမဿပဏီ အနေနဲ့ လုပ်တာမျိုးဆိုရင် ကုမဿပဏီအမည်၊ အဖွဲ့အစည်းအမည် စသဖြင့် အသုံးပြုပြီး ကိုယ့်တစ်ယောက်ထဲပဲ တစ်သီးပုဂဿဂလ ဆိုရင်တော့ ကိုယ့်အမည်ကိုပဲ ထည့်သွင်းလေ့ရှိပါတယ်။
ဒီ copyright notice ကို ထည့်သွင်းဖှောပြတာဟာ copyright ပိုင်ရှင်ကို ဆက်သွယ်ရန် အလို့ငှာ ထည့်သွင်းတာဖြစ်ပါတယ်။ ဆိုလိုတာက ဓါတ်ပုံတစ်ပုံမှာ copyright notice ထည့်မထားရင် ဒီပုံဟာ copyright free လို့ သတ်မှတ်လို့ မရပါဘူး။ ဓါတ်ပုံရယ်လို့ ဖြစ်လာကတည်းက ဓါတ်ပုံရိုက်သူဟာ copyright ပိုင်ရှင်ပဲ ဖြစ်ပါတယ်။
copyright ပိုင်ရှင် ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲ?
ကိုယ့် product ကို copyright-protected လုပ်ဖို့ နိုင်ငံတှောတှောများများအတွက်တော့ ဘာမှ မလိုအပ်လှပါဘူး။ အလုပ်တစ်ခုကို တစ်ဦးတစ်စုံက ဖန်တီးလိုက်တာနဲ့ copyright ဆိုတာ ရှိလာပြီးဖြစ်ပါတယ်။ ဥပမာ။ ။ ဓါတ်ပုံဆရာတစ်ယောက်က ကင်မရာရိုက်တဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ အဲဒီပုံရဲ့ copyright ပိုင်ရှင် ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအချက်က နိုင်ငံကွာခြားမှုပှေါမှာလည်း မူတည်ပါတယ်။ Australia နိုင်ငံမှာဆိုရင်တော့ copyright ပိုင်ရှင် ဖြစ်လာဖို့အတွက် register လုပ်စရာလိုမှာ မဟုတ်ပေမယ့် US လိုနိုင်ငံမျိုးမှာ register လုပ်သင့်တယ် (မလုပ်ရင်လည်း ရတယ်) ဆိုပါတယ်။ ဒီနေရာမှာ copyright ရဲ့ သဘောတရားက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုပ်ထုံးအစဉ်အလာ ကွာခြားပေမယ့်လည်း သဘောတရားက တူညီတယ်လို့ ယူဆပြီး Australia ရဲ့ copyright act ကို မူတည်ပြီး တင်ပြသွားပါမယ်။
Copyright ရဲ့ သက်တမ်း
Copyright ရှိနေပြီးသား product တစ်ခုဟာ ပုံမှန်အားဖြင့် ပိုင်ရှင်၊ ထုတ်လုပ်သူရဲ့ သက်တမ်းကို အနှစ် ၅၀ ပေါင်းတာနဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် စတင်ထုတ်ဝေတဲ့ခုနှစ်ကနေ ပိုင်ရှင် သေဆုံးပြီးနောက် အနှစ် ၅၀ အထိရှိပါတယ်။ ဒါပေမယ့် နိုင်ငံအပှေါလိုက်ပြီး ကွာခြားနိုင်ပါတယ်။ Australia မှာကတော့ ၁ ဇန်နဝါရီ ၂၀၀၅ မှာ အမေရိကန်နဲ့ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်တဲ့အတွက် အဲဒီရက်နောက်ပိုင်းမှာ ဖြစ်ပှေါလာတဲ့ copyright သက်တမ်းတွေဟာ အနှစ် ၅၀ မဟုတ်တော့ပဲ အနှစ် ၇၀ ဖြစ်လာခဲ့ပါတယ်။
ကိုယ့် Copyright ဟာ တခြားနိုင်ငံတွေမှာရော အသုံးဝင်ပါ့မလား။
များသောအားဖြင့်တော့ နိုင်ငံတှောတှောများများမှာ အကြုံးဝင်တယ်လို့ ဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နိုင်ငံအများစုဟာ WTO, WIPO, Berne Convention, WPPT, WCT စတဲ့ သဘောတူညီချက်၊ copyright ဆိုင်ရာ ကာကွယ်ချက် နဲ့ သက်ဆိုင်ရာ အခွင့်အရေး ကာကွယ်မှုတွေကို လက်ခံ သဘောတူထားတဲ့ နိုင်ငံတွေဖြစ်လို့ပါပဲ။ ကျွန်တှောတို့ ရွှေတွေနဲ့ တခြားသောနိုင်ငံ တှောတှောများများ သဘောတူညီချက်တွေကို လက်မှတ် ထိုးမထားတဲ့အတွက် ပြင်ပနိုင်ငံက copyright တွေကို ပြည်တွင်းမှာ အကျုံးမဝင်ပါဘူး။ (မကောင်းတဲ့အချက်တော့ မပြောတတ်ဘူး။ ကောင်းတာကတော့ software စီဒီတွေ တစ်ချပ် ၅၀၀၊ ဒီဗီဒီဆိုရင် ၁၅၀၀ သုံးလို့ ကောင်းမှကောင်း - စကားပိန်)
External Links & References
http://www.wipo.int/members/en/contact.jsp?country_id=116
http://nla.gov.au/nla.cat-vn4499160
http://www.burmalibrary.org/show.php?cat=1777&lo=&sl=1
http://www.myanmarpatent.com/copyright.htm
http://www.benedict.com/info/Law/Notice.aspx#Ter
http://www.copyrightaid.co.uk/copyright_information/berne_convention_signatories
ဆက်ပါဦးမယ်။
တှောကီ
|
Post a Comment