Saturday 31 October 2009

Some tricks for Vista and Windows 7 Users

ဒီတစ်ပတ်တော့ စာမေးပွဲတွေရှိနေတာနဲ့ ပေါ့ပေါ့ပါးပါးလေးတွေပဲ share လိုက်ပါတယ်။ ကျွန်တှောလို Vista သုံးသူတွေအတွက် အသုံးဝင်မယ့် trick လေးတွေအကြောင်း ပြောချင်ပါတယ်။ ပထမဆုံးကတော့ hibernate menu ပါ။ Windows Vista မှာ hibernate က start menu မှာ ပါမလာပါဘူး။ ထည့်ပေးချင်ရင်ကတော့ အောက်ပါ အဆင့်အနည်းငယ်ကို လိုက်လုပ်ကြည့်လိုက်ပါ။

မှတ်ချက်။ ။ Classic Start Menu သုံးထားတယ်ဆိုရင် ရိုးရိုး Start Menu ကို ပြန်ပြောင်းထားပါ။



• Task Bar မှာ right click နှိပ်ပြီး Properties ကို ဝင်ပါ။
• Start Menu tab ကို ရွေးပြီး Start Menu ဆိုတဲ့ radio button ကို နှိပ်ပေးပါ။
• ပြီးရင်တော့ OK ကိုနှိပ်ပြီး ပြန်ထွက်ပါ။

Enable Hibernate in Start Menu




• Start Menu မှာ cmd လို့ ရိုက်ပါ။
• Ctrl + Shift + Enter ကို နှိပ်ပါ။ ( Right Click နဲ့ Run As Administrator ကို ရွေးတာနဲ့ အတူတူပါ)
• powercfg –h on လို့ ရိုက်ပြီး enter နှိပ်ပါ။ (ပြန်ပိတ်ချင်ရင် powefcfg powercfg –h off)



ဒီလိုဆိုရင် Start menu ရဲ့ shut down options မှာ hibernate ဆိုတဲ့ menu ရောက်လာမှာ ဖြစ်ပါတယ်။

Move Shut Down Menu in start menu (copied from Ko Andy’s wesheme blog post)


• Start Menu က Start Search မှာ "Power Options" ဆိုပြီး ရှာပါ။
• Programs မှာ "Power Options" ဆိုတာတွေရပါမယ်။ Click လုပ်ပါတယ်။
• Preferred Plan ရဲ့ Change Plan Settings ကို Click လုပ်ပါတယ်။



• Change advanced power setting ကို ထပ်နှိပ်ပါတယ်။



• Power buttons and lids \ Start menu power button မှာ Shut down ကိုရွေးလိုက်ပါတယ်။



Show Gtalk Current music track in Vista / Windows 7 [link]


ဂျီတော့ဂ်မှာ show current music track ကို တစ်ချို့တစ်လေ သုံးကြပါလိမ့်မယ်။ Windows XP တုန်းက player တစ်ခုခုနဲ့ သီချင်းဖွင့်ပြီး show current music track ရွေးလိုက်တာနဲ့ ပြောင်းသွားပေမယ့် vista နဲ့ ဖွင့်တဲ့အချိန်မှာတော့ ပြောင်းမသွားတာ ကြုံဖူးကြမယ်ထင်တယ်။ ဒီပြသဿသနာကို ဖြေရှင်းဖို့ကတော့ အောက်ပါ အချက်လေးတွေ လိုက်လုပ်ပေးပါ။
• Gtalk ကို uninstall လုပ်ပါ။
• Gtalk setup file မရှိသေးရင် ဒီနေရာ မှာ ဒေါင်းလုပ်လုပ်ပါ။
• ပြန်ပြီး install မလုပ်ခင်မှာ googletalk-setup.exe ဆိုတဲ့ဖိုင်ကို Right-Click နဲ့ run as administrator ကို ရွေးပြီး install လုပ်ပါ။

ဂျီတော့ဂ်ကို ပြန်ဝင်ပြီး သီချင်းဖွင့်ရင်း ပြန်စမ်းကြည့်လို့ရပါပြီ။ ဒီလိုမှ မရသေးရင် Windows Media Player မှာ Tools > Options > Plug-ins (tab) > Background (category) ကနေ Google Talk Music Plugin ရဲ့ checkbox မှာ အမှန်ခြစ် လုပ်ပေးပါ။ အဆင်ပြေလောက်ပါပြီ။

Winamp 5.5 or Higher Versions သုံးတဲ့သူတွေအတွက်

(Note: I haven’t tested this trick yet coz I don’t use winamp palyer – I copied from here. Do at your own risks)
For Winamp there is a diffrent process. It is very simple and it can be done in the following way.
• Go to the root directory of Winamp which is usually in C:\Program Files\Winamp\
• Select Tools > Folder Options >View (Tab) and uncheck the hide extensions for known file types and click Ok.
• Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.
• Rename the above file to “winamp.m3u” and save.

စကားမစပ် Windows 7 upgrade ကို sutdent discount 49.95$ နဲ့ ရလို့  (မရရင် 120 နီးပါးတောင်မှ) မကြာမီ ရက်ပိုင်းအတွင်းမှာ vista ကနေ upgrade လုပ်ပါတော့မယ်။ မဘုတ်ကတော့ ဈေးကြီးလို့ အခုနေအခါတော့ မျှောတှောယောင် အခြေအနေပဲ ရှိပါသေးတယ်။ ဆိုတော့ Windows 7 ရဲ့ ကောင်းကျိုးဆိုးကျိုးတွေအကြောင်း စာမေးပွဲပြီးနောက်မှာ ဆက်ပါမယ်။ အားလုံး အစစ အရာရာ အဆင်ပြေပါစေ။ ကျေးဇူးတင်ပါတယ်။

တှောကီ - follew me at Twitter 

|


Post a Comment