Friday 9 October 2009

Good and Bad



၂၀၀၉ ခုနှစ်ရဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်ကို ဒီနေ့ပဲ ကြေငြာလိုက်ပါပြီ။ ဆုရရှိသွားသူကတော့ အမေရိကန်နိုင်ငံရဲ့ ၄၄ယောက်မြောက် သမဿမတ ဘားရက် အိုဘားမားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ခိုင်မြဲလာအောင် စွမ်းစွမ်းတမံ ကြိုးပမ်းနိုင်မှုနဲ့ လူထုအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကြောင့် ပေးခဲ့တာလို့ နှောဝေအခြေဆိုက် နိုဘဲလ်ဆုရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။ အိုဘားမားဟာ ဆုရရှိဖို့ ရှေ့ပြေးနေတဲ့ ဇင်ဘာဘွေ ဝန်ကြီးချုပ် မှောဂန်၊ ကိုလံဘီယာ အမတ် ကှောဒိုဘာ၊ တရုတ်နိုင်ငံက ဟူဂျီယာ စတဲ့သူတွေကို ကျှောပြီး ရရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အိုဘားမားဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လေးယောက်မြောက်ရရှိခဲ့တဲ့ အမေရိကန် သမဿမတလည်း ဖြစ်လာခဲ့ပါတယ်။ သူ့အရင္ကေတာ့ ၁၉၀၆ ခုနွစ္မွာ သမဿမတ Theodore Roosevelt ၊ ၁၉၁၉ မွာ သမဿမတ Woodrow Wilson နဲ့ ၂၀၀၂ ခုနွစ္မွာ သမဿမတ Jimmy Carter တို့က အသီးသီး ရရှိခဲ့ပါတယ်။ မနှစ်က ဆုရရှိသွားတဲ့ ဖင်လန်သမဿမတဟောင်း Marti Ahtisaari ကတော့ ဆုရွေးချယ်ရေးအဖွဲ့ကနေ အိုဘားမားရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံတဲ့အနေနဲ့ ချီးမြှင့်ပေးခဲ့တာဖြစ်မယ်လို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်ညာနိုင်ငံသူ Wangari Muta Maathai ကတော့ အာဖရိက နိုင်ငံ အတွက်လည်း အရှေ့ဆက်လှမ်းနိုင်မယ့် အင်အားတစ်ခုပါပဲလို့ ဆိုတယ်။



ဝမ်းသာစရာသတင်းပြီးတဲ့နောက်မှာ စိတ်မချမ်းသာစရာ သတင်းတစ်ခုလည်း ဒီနေ့ ထွက်ပှေါလာပါတယ်။ နောက်မိနစ်အနည်းငယ် အတိအကျပြောရမယ်ဆိုရင် (7:31:19 EST)နောက်ထပ် ၅မိနစ်ခန့်လောက်မှာ ကျွန်တှောတို့ရဲ့ ဖိုးလမင်းခင်ဗျာ လက်နက်ကြီးထိမှန်တဲ့ ဒဏ်ကြောင့် အပေါက်ကြီး ၂ပေါက် ထပ်မံဖြစ်ပှေါတော့မယ်လို့ဆိုပါတယ်။ အကြောင်းကတော့ နာဆာ ကနေ Lunar Crater Observing and Sensing Satellite (LCROSS) လို့ခှေါတဲ့ ဂြိုလ်တု လွှတ်တင်ပြီးတော့ ၎င်းယဉ်နဲ့အတူသယ်ဆောင်လာတဲ့ ဒုံးပျံနဲ့ လကမဿဘာရဲ့ တောင်ဘက် ဝင်ရိုးစွန်းနားကို ဖောက်ခွဲတော့မှာမို့ပါ။ နောက်ထပ်ဒုံးပျံတစ်လုံးကိုတော့ နောက် ၄မိနစ်အကြာမှာ ပစ်လွှတ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လရဲ့ တောင်ဘက်ဝင်ရိုးစွန်းဟာ နေရောင်နဲ့ မထိတွေ့ဘဲ အရမ်းကို အေးခဲနေတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဒီရေခဲပြင်ရဲ့ အောက်မှာ ရေတွေရှိနေနိုင်တယ်လို့ ယူဆပြီး ဖောက်ခွဲမှာဖြစ်ပါတယ်။ ဖောက်ခွဲအားကြောင့် အပိုင်းအစတွေဟာ လမျက်နှာပြင်ရဲ့ တစ်မိုင်နီးပါးအထိ ရောက်ရှိလာနိုင်တယ်လို့လဲ သိရပါတယ်။ ဂြိုလ်တုဟာ တစ်ချိန်တည်းမှာပဲ အပိုင်းအစတွေကို စမ်းသပ် ဓါတ်ပုံရိုက်ရင်း ရလာဒ်ကို ကမဿဘာမြေက ရုံးချုပ်ဆီကို ချက်ခြင်း ပို့ပေးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖောက်ခွဲပြီး ၄မိနစ်အတွင်းမှာပဲ ဂြိုလ်တုဟာ ပေါက်ကွဲသွားနိုင်လို့ပါတဲ့။ တှောတှောများများကတော့ NASA ရဲ့ ၇၉သန်းတန် လုပ်ရပ်ဟာ ငွေဖြုန်းတီးမှု သက်သက်ပဲလို့ ဆိုနေကြပါတယ်။ ကျွန်တှောအမြင်မှာတော့ ဒီဟာက စွန့်စားလွန်းရာကျပေမယ့် တစ်ဖက်ကလည်း ရေတွေရှိခဲ့ရင် ဆိုတဲ့ မျှောလင့်ချက်နဲ့ လုပ်ခဲ့တာလို့ပဲ မြင်ပါတယ်။ ဘယ်လိုရလာဒ်ထွက်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့။

Update news ကို တင်ပေးသွားပါမယ်။

Links:
http://edition.cnn.com/2009/WORLD/europe/10/09/nobel.peace.prize/index.html
http://nobelprize.org/nobel_prizes/peace/laureates/index.html
http://donotbombthemoon.wordpress.com/
http://www.washingtonpost.com/wp-dyn/content/article/2009/10/08/AR2009100803408.html?hpid=moreheadlines

|


Post a Comment